ဇေယျာသီရိမြို့နယ်၌ ရှမ်းရွာကျေးရွာ၌ ရက်(၁၀၀)စီမံချက်ဖြင့် စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပပြုလုပ်

Ministry of Cooperatives and Rural Development/ Naypyitaw / May 22, 2026
image_latest

ဇေယျာသီရိမြို့နယ်၌ ရှမ်းရွာကျေးရွာ၌ ရက်(၁၀၀)စီမံချက်ဖြင့် စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပပြုလုပ်

*********************************************
နေပြည်တော် မေ ၂၂
           သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း(RBF)၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာကော်မတီများထံ စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲကို မေ ၂၁ရက် နံနက်ပိုင်းက ကျောက်ချက်ကျေးရွာအုပ်စု၊ ရှမ်းရွာကျေးရွာ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
     ရှေးဦးစွာ ဇေယျာသီရိမြို့နယ် ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်က အမှာစကားပြောကြားကာ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူ‌ထောင်ခြင်းလုပ်ငန်းစီမံကိန်း(RBF)၊ မြစိမ်း ရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များ၊ မူဝါဒများနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
       ဆက်လက်၍ ဇေယျာသီရိမြို့နယ် ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်နှင့် တာဝန်ရှိသူများက ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်းဆောင်ရွက်မည့် ရှမ်းရွာကျေးရွာမှ ကော်မတီဝင်များထံ ရန်ပုံငွေကျပ်သိန်း ၃၀၀ ကိုလည်းကောင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်မည့် အောင်သာ‌ကျေးရွာမှ ကော်မတီဝင်များထံ ရန်ပုံ‌ငွေကျပ်သိန်း ၃၀၀ကိုလည်း‌ကောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဆောင်ရွက်မည့် ရွာသစ်ကြီး ကျေးရွာမှ ကော်မတီဝင်များထံ ရန်ပုံငွေကျပ် ၁၅၀ သိန်းကို လည်းကောင်း အသီးသီးလွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
      
နော်လူး

Newspaper

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။

Publisher: မြန်မာ့အလင်း/ May 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။

Publisher: မြန်မာ့အလင်း/ May 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။

Publisher: မြန်မာ့အလင်း/ May 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)

Ministry of Ethnic Affairs / Posted on May 19, 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း

Ministry of Ethnic Affairs / Posted on February 28, 2026

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း

Video