တစ်ကမ္ဘာလုံးမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေ၊ အပြောင်းအလဲတွေကနေ မြန်မာနိုင်ငံ ကြုံတွေ့နေရတဲ့ပြဿနာတွေကို ဆွေးနွေးအဖြေရှာကြမှာဖြစ်ပါတယ် - Mr. Atul Aneja (Strategics Analysis)


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 22, 2025
image_latest


Mr. Zhang Wei

နိုင်ငံတကာဆက်ဆံရေး ဂုဏ်ထူးဆောင်ပါမောက္ခ၊ တရုတ်နိုင်ငံ Think Tank အဖွဲ့၏ ဘုတ်အဖွဲ့ဝင်

ဒီနေ့အခမ်းအနားက တရုတ်၊ အိန္ဒိယ၊ ရုရှား၊ မြန်မာတို့ အတူတကွပူးပေါင်းဆောင်ရွက်ကြတဲ့အခမ်းအနားဖြစ်တဲ့အတွက် အလွန်အရေးပါပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေရှိမှသာ ပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်းတွေ မြင့်မားလာမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံးစိန်ခေါ်မှုကတော့ ဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိလာအောင် လုပ်ဆောင်ဖို့ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကို အမြဲတမ်းအလေးထားဆောင်ရွက်ဖို့ လိုပါတယ်လို့ ပြောကြားလိုပါတယ်။

Mr. Atul Aneja (Strategics Analysis)

နိုင်ငံခြားရေးရာအထူးပြု ဝါရင့်သတင်းစာဆရာ၊ ဝေဖန်သုံးသပ်သူနှင့် အကြံပေးပုဂ္ဂိုလ်ဟိန္ဒူသတင်းစာ၏ မဟာဗျူဟာရေးရာအယ်ဒီတာ

ဒီဖိုရမ်က မြန်မာနိုင်ငံအတွက် အလွန်အရေးပါတဲ့ ဖိုရမ်တစ်ခုပါ။ ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေနဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်မယ့် အတွေးအခေါ်ကောင်းတွေ လိုအပ်နေချိန်မို့ပါ။ ဒါက ပထမဆုံးအကြိမ်ကျင်းပတဲ့ ဖိုရမ်ဖြစ်မယ်လို့ ထင်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေ၊ အပြောင်းအလဲတွေကနေ မြန်မာနိုင်ငံကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဆွေးနွေးအဖြေရှာကြမှာဖြစ်ပါတယ်။ အပေါင်းလက္ခဏာဆောင်တဲ့ ရလဒ်တွေထွက်ပေါ်လာမယ်လို့ မျှော်လင့်ပါတယ်။

ဆက်လက်ပြီး ဆွေးနွေးမယ့်အကြောင်းအရာတွေ၊ ထွက်ပေါ်လာမယ့်ရလဒ်တွေက မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့တွေအတွက်ရော၊ နိုင်ငံအတွက်ပါ အကျိုးသက်ရောက်မှုတွေ ရှိလာမှာပါ။ မြန်မာနိုင်ငံက ပထဝီနိုင်ငံရေးအရ မဟာဗျူဟာကျတဲ့နေရာမှာ ရှိပါတယ်။ မြန်မာနိုင်ငံက အာရှမှာ အင်အားကြီးနိုင်ငံ တွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယတို့နဲ့ ဆက်စပ်တည်ရှိနေလို့ အလွန်ကောင်းမွန်တဲ့အနေအထားတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက အလွန်ရှည်လျားတဲ့ ကမ်းရိုးတန်းကိုလည်း ပိုင်ဆိုင်ထားပြီး အိန္ဒိယသမုဒ္ဒရာ၊ အထူးသဖြင့် ဘင်္ဂလားပင်လယ်အော်တို့နဲ့ဆက်စပ်နေလို့ ပထဝီနိုင်ငံရေးအရ အလွန်အရေးကြီးတဲ့နေရာမှာရှိနေပါတယ်။ ဒီအခြေအနေတွေကို အကျိုးရှိရှိ အသုံးချသင့်ပါတယ်။

Mr. Sihasak Phuangketkeow

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်း

ဗဟုဝင်ရိုးကမ္ဘာမှာ စိန်ခေါ်မှုတွေအများကြီးရှိပါ တယ်။ အကြီးမားဆုံး စိန်ခေါ်မှုကတော့ ကမ္ဘာကြီးမှာ ပြောင်းလဲမှုတွေရှိသလို ယှဉ်ပြိုင်မှုတွေလည်း ရှိနေပါတယ်။ ဒီနေ့ကမ္ဘာကြီးမှာ ပထဝီနိုင်ငံရေးစိန်ခေါ်မှု၊ ပထဝီစီးပွားရေးစိန်ခေါ်မှု၊ ပထဝီနည်းပညာစိန်ခေါ်မှုတွေ ရှိနေပါတယ်။ ဒါတွေကို စုပေါင်းအဖြေရှာဖို့ လိုပါတယ်။ အတူတကွလုပ်ဆောင်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံမှာလည်း စိန်ခေါ်မှုတွေရှိပါတယ်။ ထိုင်းနိုင်ငံ ပြည်တွင်းမှာဆိုရင်လည်း စိန်ခေါ်မှုတွေ ရှိပါတယ်။ နိုင်ငံတိုင်းမှာလည်း စိန်‌ခေါ်မှုတွေရှိပါတယ်။ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စိန်ခေါ်မှုတွေကို စုပေါင်းဖြေရှင်းသင့်ပါတယ်။ မကြာမီအချိန်အတွင်းမှာ အခွင့်အလမ်းကောင်းတွေ ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Prof. Mr. Lorenzo Pacini

နိုင်ငံရေးကျွမ်းကျင်သူ ပါမောက္ခ

ကျွန်တော့်အမြင်ကိုပြောရရင် မြန်မာနိုင်ငံကို နိုင်ငံတကာဆက်ဆံရေးမှာ အခွင့်အလမ်းသစ်တွေ ဖန်တီးပေးနိုင်ဖို့က အရေးအကြီးဆုံးလို့ ထင်ပါတယ်။ ဗဟုဝင်ရိုးကမ္ဘာကို ပုံဖော်တဲ့အခါမှာ နိုင်ငံတကာဆက်ဆံရေးက တကယ်ကိုအရေးပါပြီး အနောက်ကမ္ဘာကလည်း အာရှနဲ့ဆက်ဆံဖို့ကို ပိုမိုပြီး ကြိုးစား လာတယ်လို့ ကျွန်တော်မြင်တယ်။ ဒါက ပထမအချက်ပါ။ ဒုတိယအချက်အနေနဲ့က မြန်မာနိုင်ငံအနေနဲ့ ဗဟုဝင်ရိုးကမ္ဘာအခင်းအကျင်းကို ချဉ်းကပ်ရာမှာ ပိုမိုထဲထဲဝင်ဝင် လေ့လာဖို့လိုသလို အဲဒီမှာ ကြီးမားတဲ့ အခွင့်အလမ်းတွေ ရှိနေတာကလည်း အသေအချာပါပဲ။

ကျွန်တော်က ဥရောပတိုက်သား အီတလီက လာခဲ့တာပါ။ ကျွန်တော်တို့နိုင်ငံဆိုရင် အခုအချိန်အထိ ဗဟုဝင်ရိုးကမ္ဘာအခင်းအကျင်းကို ထိတွေ့တာ၊ ချဉ်းကပ်ဖို့ လုပ်ဆောင်တာမျိုး မရှိသေးပါဘူး။ မြန်မာနိုင်ငံကတော့ ကမ္ဘာ့အပြောင်းအလဲနောက်ကို လိုက်ပါပြီး အနာဂတ်ကို ပုံဖော်နိုင်တဲ့ အခွင့်အရေးရရှိနေပါပြီ။ ဒါကတကယ်ကို ဂုဏ်ယူစရာပါပဲ။ ကမ္ဘာ့အပြောင်းအလဲကနေ မြန်မာနိုင်ငံအတွက် အကောင်းဆုံးသော အရာတွေ ပိုင်ဆိုင်ပါစေ။

ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်)

ဥက္ကဋ္ဌ၊ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့

ဒီနေ့ကျင်းပတဲ့ ၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲကို ကျွန်တော်တို့ကျင်းပရတဲ့ ရည်ရွယ်ချက်က လာမယ့် ၂၀၂၅ ခုနှစ်အလွန်မှာ ပြောင်းလဲလာမယ့် မြန်မာ့နိုင်ငံရေးစနစ်နဲ့အတူ အဲဒီအချိန်မှာရှိနေမယ့် အုပ်ချုပ်မှုပုံစံနဲ့ အဲဒီအချိန် ကမ္ဘာကြီးမှာ ပြောင်းလဲနေတဲ့ ဗဟုဝင်ရိုးကမ္ဘာအခင်းအကျင်းကြားမှာ ကျွန်တော်တို့ ဘယ်လို အံဝင်ခွင်ကျဖြစ်အောင် လုပ်ဆောင်ကြမလဲဆိုတာကို ကြိုပြီးသိရှိနိုင်အောင် ကျင်းပခြင်းဖြစ်ပါတယ်။

အဲဒီအခြေအနေမှာ ဘယ်အရာတွေက စိန်ခေါ်မှုတွေဖြစ်မလဲ၊ ဘယ်အရာတွေက အခွင့်အလမ်းတွေ ဖြစ်မလဲဆိုတာကို ပုံဖော်ကြည့်တဲ့အခမ်းအနားပဲဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသားတွေကိုချစ်တဲ့ ပြည်ပနိုင်ငံအသီးသီးက နိုင်ငံရေးကျွမ်းကျင်သူပညာရှင်တွေကို ဖိတ်ကြားဆွေးနွေးရခြင်းဖြစ်ပါတယ်။ ဒါက နိုင်ငံအတွက် အစီအစဉ်တစ်ခုကနေ လိုအပ်တာတွေ ယူသုံးဖို့အတွက် ပက်ကေ့ချ်တစ်ခုပေးတဲ့ သဘောပဲဖြစ်ပါတယ်။

ပြောရရင် ၂၀၂၅ ခုနှစ် အလွန်ကာလဆိုတာ ဒီကနေ့အခမ်းအနားမှာတင် နိုင်ငံတော်အကြီးအကဲက အတိအလင်း တရားဝင်ထပ်လောင်းပြောကြားသွားတာရှိတယ်။ အဲဒါက အစိုးရသစ်တစ်ရပ်ကို ရွေးကောက်ပွဲကျင်းပပြီး ကျွန်‌တော်တို့ အပြောင်းအလဲကို ကြုံကြဖို့ရှိတယ်။ အဲဒီအခြေအနေမှာ စိန်ခေါ်မှု တွေက အသစ်တွေဆိုတာထက် လက်ရှိစိန်ခေါ်မှုတွေ ဆက်ပါလာဖို့လည်း ရှိနိုင်တယ်။ ဥပမာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေလို ရှေ့ဆက်သွားရမယ့် လုပ်ငန်းတွေလိုမျိုးနဲ့ ဆန်ရှင်လို ကိစ္စရပ်တွေပေါ့။ ဒါကတော့ ရှိနေနိုင်ဦးမလား၊ ဘယ်လိုဖြေလျှော့မလဲ၊ ဒီလိုစိန်ခေါ်မှုတွေ ဆက်ရှိနေနိုင်ပါတယ်။

နောက်တစ်ခုက အမေရိကန်မှာ ထရမ့်က သမ္မတဖြစ်လာတယ်။ ကျွန်တော်တို့ကတော့ ထရမ့်ပစ်ဇင်လို့ ခေါ်ကြတယ်။ ထရမ့်ပစ်ဇင်က အားလုံးသိတဲ့အတိုင်း အပြောင်းအလဲတွေ သိပ်များလွန်းတော့ ကမ္ဘာ့အခင်းအကျင်းဖြစ်တဲ့ ဗဟုဝင်ရိုးကမ္ဘာဖြစ်စဉ်ကို ပိုမိုမြန်ဆန်လာစေမယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့က ၂၀၂၅ ခုနှစ် အလွန်မှာ ကမ္ဘာက အခင်းအကျင်းသစ်၊ မြန်မာနိုင်ငံကလည်း နိုင်ငံရေးအခင်းအကျင်းသစ်ဆိုတော့ ကျွန်တော်တို့ကြုံရမယ့် စိန်ခေါ်မှုက အသစ်တွေကို ကြုံရမယ့်စိန်ခေါ်မှုပဲ ဖြစ်ပါလိမ့်မယ်။

ဒေါ်ခိုင်ခိုင်နွယ်

အတွင်းရေးမှူးချုပ် (ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်)

ဗဟုဝင်ရိုးကမ္ဘာမှာ မြန်မာနိုင်ငံကြုံတွေ့လာရမယ့် စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေကို ဖိုရမ်အတွင်း ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ဗဟုဝင်ရိုးကမ္ဘာလို့ ပြောတဲ့အခါမှာ ကျွန်မတို့က ပထဝီနိုင်ငံရေးတို့၊ ပထဝီစီးပွားရေးတို့ကို ဆွေးနွေးကြတာဖြစ်ပါတယ်။ ကျွန်မအပိုင်းကတော့ စီးပွားရေးနဲ့ဆိုင်ပါတယ်။ ပထဝီ စီးပွားရေးအရ မြန်မာနိုင်ငံအနေနဲ့ ၂၀၂၅ ခုနှစ်အလွန်မှာ ဘာတွေကြုံတွေ့လာနိုင်မလဲဆိုတာကို သုံးသပ်ဆွေးနွေးခဲ့ပါတယ်။ သုံးသပ်တဲ့အခါမှာ ကမ္ဘာကြီးမှာ အပြောင်းအလဲတွေ အများကြီးဖြစ်ပေါ်နေပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ် ပြောသွားတာလည်း ရှိပါတယ်။ ကမ္ဘာကြီးမှာ ဘယ်လိုပြောင်းလဲနေသလဲ၊ Global မှာရော၊ နောက်ပြီး ဒေသတွင်းအာဆီယံနဲ့ အာရှဒေသ တွေမှာ ဘယ်လိုအပြောင်းအလဲတွေ ရှိနေသလဲ။ အဲဒီလိုပြောင်းလဲနေတဲ့ ပြောင်းလဲမှုတွေအရ မြန်မာနိုင်ငံက ဘာတွေလုပ်သင့်သလဲ။ ကျွန်မတို့ကလည်း ကမ္ဘာထဲမှာ ပါနေတာကိုး။ ဂလိုဘယ်တစ်ခု၊ ဒေသတွင်းတစ်ခုနဲ့ ပြည်တွင်းတစ်ခုဆိုပြီး ကျွန်မက သုံးပိုင်းဆွေးနွေးခဲ့ပါတယ်။

ဖိုရမ်မှာ တော်တော်များများ ဆွေးနွေးသူတွေကတော့ ပထဝီနိုင်ငံရေးကို ဆွေးနွေးကြတာ။ ပထဝီနိုင်ငံရေးကျတော့ ကျွန်မတို့နိုင်ငံရဲ့ အနေအထားက ပတ်ဝန်းကျင်အိမ်နီးချင်းနိုင်ငံတွေ လူဦးရေအနေအထားအရ ကျွန်မတို့နိုင်ငံက တော်တော်ကို လူကြိုက်များတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ပထဝီ နိုင်ငံရေးနဲ့ ပထဝီစီးပွားရေးက တစ်ခုနဲ့ တစ်ခု အချိတ်အဆက်ရှိနေပါတယ်။ ပထဝီစီးပွားရေးကြောင့်လည်း ပထဝီနိုင်ငံရေးက ဖြစ်လာတာပါ။ စီးပွားရေးကို မူတည်ပြီး နိုင်ငံရေးအပြောင်းအလဲဖြစ်လာတာပါ။ ဒါပေမယ့် တစ်ဖက်မှာလည်း ပထဝီနိုင်ငံရေး အပြောင်းအလဲက ပထဝီစီးပွားရေးအပေါ်မှာ တန်ပြန် အကျိုးသက်ရောက်မှုရှိပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာကြီးရဲ့ ပြောင်းလဲမှု၊ ဒေသတွင်း နိုင်ငံတွေရဲ့ပြောင်းလဲမှုတွေမှာ အင်အားပြိုင်ကြတဲ့အပိုင်းတွေရှိပြီး မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုသက်ရောက်မှုတွေရလာမလဲ၊ ကျွန်မတို့ အနေနဲ့ ဘာတွေပြင်ဆင်သင့်သလဲဆိုတဲ့အပေါ်မူတည်ပြီး ကျွန်မကတော့ ကောင်းတဲ့သုံးသပ်ချက်တွေရရှိတယ်လို့ မြင်ပါတယ်။ စီးပွားရေးအရတော့ ကျွန်မတို့ ဒီလိုအခွင့်အရေးရတာ အလွန်ကျေးဇူးတင်ပါတယ်။ ပုံမှန်အတိုင်းဆိုရင်တော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံတစ်ခုခုအပေါ်မှာ ကိုယ်နိုင်လိုက်ချင်တယ်ဆိုရင် အကောက်ခွန်တိုးလိုက်တာတို့၊ ကုန်စည်တွေ ရပ်လိုက်တာတို့၊ စီးပွားရေးပိတ်ဆို့တာတို့ လုပ်တာက ပုံမှန်လိုဖြစ်နေပါတယ်။ ပုံမှန်ဖြစ်နေကြတဲ့ စစ်ရေးအရပေါ့။ ဒါပေမယ့် ဒီဘက်နောက်ပိုင်းမှာ ပုံမှန်မဟုတ်တဲ့ သက်ရောက်မှုတွေရှိလာပါတယ်။ ဥပမာအားဖြင့် ရာသီဥတုပြောင်းလဲမှုလိုဟာမျိုးတွေက ကျွန်မတို့နိုင်ငံအပေါ်မှာ အများကြီးသက်ရောက်မှု ရှိပါတယ်။

ဦးသန့်ကျော်

မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ဥက္ကဋ္ဌ

၂၀၂၅ ခုနှစ်အတွင်းမှာ နိုင်ငံရဲ့ ထူးထူးခြားခြား ကျင်းပတဲ့ ဆွေးနွေးပွဲတစ်ခုဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲဟာ မြန်မာနိုင်ငံအနေနဲ့ ၂၀၂၅ ခုနှစ်အလွန်မှာ ဖြစ်လာနိုင်တဲ့ ရှေ့အနာဂတ်အခြေအနေတွေကို ဆွေးနွေးတာဖြစ်တဲ့အတွက် တက်ရောက်ခွင့်ရလို့ လွန်စွာအကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားသွားတဲ့အပေါ် နားထောင်ရသမျှ ကျွန်တော်တို့နိုင်ငံရဲ့ မျက်မှောက်အခြေအနေ လိုအပ်ချက်တွေကို မြင်ရ၊ တွေ့ရ၊ သိရှိခွင့်ရတယ်။ ကျွန်တော်တို့ နားထောင်ခဲ့ရသမျှမှာတော့ ဒီနှစ်ကုန်မှာ ရွေးကောက်ပွဲကို ကျင်းပဖို့ဆိုတဲ့အချက်ကို သတိပြုမိတယ်။ ကျွန်တော်တို့နိုင်ငံမှာ လက်ရှိအစိုးရက ကတိပြုထားတဲ့ နိုင်ငံရေးဆုံးဖြတ်ချက်ကို သေသေချာချာ တွေ့မြင်လိုက်ရတယ်လို့ မြင်ပါတယ်။ ဒါကြောင့် ရှေ့အနာဂတ်မှာ ကျွန်တော်တို့နိုင်ငံအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရရှိတဲ့ အစိုးရဆီကို လက်ရှိအစိုးရက အကောင်းဆုံးလမ်းခင်းပေးသွားမယ်လို့ ဒီနေ့သုံးသပ်မိပါတယ်။ ဒီဆွေးနွေးပွဲမှာ ကျွန်တော်တို့လို သုတေသနပြုတဲ့သူတွေအတွက် နိုင်ငံတကာနဲ့ပတ်သက်ပြီးတော့ရော၊ မိမိနိုင်ငံရေးနဲ့ပတ်သက်ပြီး လေ့လာနေတဲ့အဖွဲ့အနေနဲ့ရော ရှေ့ခြေလှမ်းတွေကို မြင်နေရလို့ အထူးပဲကျေနပ်မိပါတယ်။

ဒေါက်တာသက်သက်ခိုင်

ဥက္ကဋ္ဌ၊ ပြည်သူ့ရှေ့ဆောင်ပါတီ

ကျွန်မတို့ နိုင်ငံသားတွေအနေနဲ့ ကိုယ့်ရဲ့ပြည်တွင်းရေးကိုပဲ ကြည့်နေလို့မရပါဘူး။ ကမ္ဘာ့အခင်းအကျင်းကိုလည်း သိရှိထားဖို့လိုပါတယ်။ အဲဒီအတွက် ပြည်သူလူထုကို မျက်စိဖွင့်ပေးတဲ့အခမ်းအနားလို့ ဒီဖိုရမ်ကို ယူဆပါတယ်။ လာရောက်ဆွေးနွေးကြတဲ့ နိုင်ငံတကာကကျွမ်းကျင်သူတွေကနေ သူတို့ရဲ့ ပရိသတ်တွေ၊ သူတို့မိတ်ဆွေတွေကနေ အဲဒီကတစ်ဆင့် ကျွန်မတို့မြန်မာနိုင်ငံရဲ့ အခြေအနေမှန်ကိုလည်း ဖြန့်ဝေပြီးသားဖြစ်သွားမှာမို့ ကောင်းကျိုးတွေ အများကြီးရနိုင်ပါတယ်။ ဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံတော်ဝန်ကြီးချုပ်ပြောသွားတဲ့အထဲ မှတ်မှတ်ရရဖြစ်တာကတော့ နိုင်ငံရေးနဲ့ပတ်သက်ပြီး ပြည်သူလူထု လိုလားတောင့်တနေတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံတာ၊ တိုင်းရင်းသားအစုအဖွဲ့တွေ တောင်းဆိုထားတဲ့ ဖက်ဒရယ်အရေးမှာလည်း ဖြစ်သင့်ဖြစ်ထိုက်တာတွေ လက်ခံမယ်လို့ ပြောသွားတာရှိတယ်။ သို့ပေမယ့် အစိုးရဘက်ကချည်း ဆောင်ရွက်လို့ရတာမဟုတ်ပါဘူး။ ပြည်သူဘက်ကလည်း ဆောင်ရွက်ပေးစရာတွေရှိတယ်။ အမျိုးသားစည်းလုံးညီညွတ်ရေးကို ပူးပေါင်းဆောင်ရွက်ဖို့ ပြည်သူအားလုံးမှာ တာဝန်ရှိတယ်။ အဲဒီလိုပူးပေါင်းပေးမှသာ ရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင်ကျင်းပနိုင်ပြီး ကောင်းမွန်တဲ့အစိုးရကို ရနိုင်မယ်။

အခု ဗဟုဝင်ရိုးကမ္ဘာအခင်းအကျင်းက ကျွန်မတို့အတွက် အသုံးချတတ်ရင် အခွင့်အရေးဆိုပေမယ့် အသုံးမချတတ်ရင် စိန်ခေါ်မှုဖြစ်လာနိုင်ပါတယ်။ ကျွန်မတို့ဖြစ်တည်မှုက ရှေ့မှာနိုင်ငံ့အကြီးအကဲတွေ ပြောခဲ့သလို လူဦးရေလေးဘီလီယံလောက်က ကျွန်မတို့ ပတ်ဝန်းကျင်မှာရှိနေတယ်။ အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အာဆီယံ အဲဒါတွေအကုန်ပေါင်းလိုက်ရင် လေးဘီလီယံလောက်ရှိတယ်ဆိုတော့ ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက်ကျော်နီးပါး ကျွန်မတို့နိုင်ငံအနီးမှာပဲရှိတယ်။ စီးပွားရေးလို့ ပြောမယ်ဆိုရင် ဈေးကွက် အကြီးကြီးတွေ ရှိနေတယ်။ သုံးစွဲမယ့်သူတွေ၊ စားသုံးမယ့်သူတွေ အများကြီးရှိနေတယ်။ ဒါတွေကို အသုံးချနိုင်ရင် ကျွန်မတို့အတွက် အခွင့်အလမ်းဖြစ်ပြီး ဒါကိုအသုံးမချနိုင်ဘူး၊ မယှဉ်ပြိုင်နိုင်ဘူးဆိုရင် စိန်ခေါ်မှုတွေပေါ့။

အဲဒါကတော့ ဒေသတွင်းအခြေအနေကို ပြောတာပါ။ အားသာချက်တွေကတော့ မြန်မာနိုင်ငံအနေနဲ့ ရာသီဥတုမျှတတယ်၊ စိုက်ပျိုးမြေ ပေါများတယ်၊ ရေသယံဇာတ၊ သစ်တောသယံဇာတနဲ့ လူသားအရင်းအမြစ်ပေါကြွယ်ဝတယ်။ ဒါပေမယ့် ကျွန်မတို့ အားလုံးက ညီညွတ်ဖို့၊ ကြိုးစားဖို့နဲ့ အလုပ်လုပ်ဖို့ လိုအပ်ပါတယ်။ ကိုယ့်တိုင်းပြည်ကို ချစ်တဲ့စိတ်နဲ့ နိုင်ငံတကာက တိုးတက်တာတွေကိုကြည့်ပြီး ကိုယ့် နိုင်ငံတိုးတက်အောင် တိုးတက်ချင်တဲ့စိတ်၊ မျိုးချစ်စိတ်ရှိဖို့ လိုပါတယ်။ အဓိကကတော့ ညီညွတ်ဖို့နဲ့ ကိုလိုနီပေးတဲ့ အမွေဆိုးလို့ပြောရမယ့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေ မပြီးဆုံးတဲ့ဖြစ်စဉ်ပါ။ မြန်မာပြည်လွတ်လပ်ရေးရပြီး အခုအချိန်အထိပါပဲ။ ဒါကြောင့် အားလုံးသေသေချာချာ သုံးသပ်ကြည့်ကြပါ၊ ပြည်သူအားလုံးရဲ့အကျိုးကို ရှေးရှုဖို့လိုအပ်ပြီး ဒါကိုလည်း ပြည်သူကသိရှိနားလည်ပြီး လုံခြုံအေးချမ်းတဲ့ ငြိမ်းချမ်းရေးဘက်ကိုသွားဖို့ အရေးကြီးပါတယ်။

အေဝမ်းစိုး၊ ဂျေတီ၊ ခင်ရတနာ

သတင်းစာများ

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 09, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 08, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 07, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား‌ရောင်းချပေးမည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on May 03, 2025

မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား‌ရောင်းချပေးမည်။

မြေဩဇာရည်ညွှန်းဈေးနှုန်းများ သိရှိနိုင်ပါရန် ကြေညာခြင်း

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန / Posted on May 05, 2025

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023