တတိယအကြိမ်ကရင်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေးပထမနေ့ကျင်းပ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌတို့အားရွေးကောက်တင်မြှောက်
တတိယအကြိမ်ကရင်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေးပထမနေ့ကျင်းပ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌတို့အားရွေးကောက်တင်မြှောက်
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / March 20, 2026
ဘားအံ မတ် ၂၀
တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို မတ်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသူ ၂၃ ဦးအနက် ပျက်ကွက်သူမရှိ ရာနှုန်းပြည့်တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ဘားအံမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးစောမြင့်ဦး အား သဘာပတိအဖြစ် တင်မြှောက်ကြပြီး သဘာပတိက လွှတ်တော်ရှေ့မှောက်တွင် ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာပေါ်တွင်လက်မှတ်ရေးထို ကာ သဘာပတိက နှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် အစည်းအဝေးအထမြောက်ကြောင်းနှင့်စတင်ကျင်းပကြောင်း သဘာပတိက ကြေညာပြီး သဘာပတိ ရှေ့မှောက်တွင် လွှတ်တော်ကိုယ်စားလှယ်များက ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြကာ သဘာပတိကအစည်းအဝေးကိုကြီးကြပ်၍ လွှတ်တော်ဥက္ကဋ္ဌအဖြစ် သံတောင်ကြီးမြို့နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးစန်းကိုအားလည်းကောင်း၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် မြဝတီမြို့နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဦးအေးမင်းထွေးအားလည်းကောင်း အမည်စာရင်းသွင်းထောက်ခံ၍ တင်မြှောက်ခဲ့ကြသည်။
ယင်းနောက် လွှတ်တော်ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌ တို့က သဘာပတိရှေ့မှောက်တွင် ကတိသစ္စာပြုကြပြီး ကတိသစ္စာ ပြုလွှာပေါ်တွင်လက်မှတ်ရေးထိုး၍ သဘာပတိက ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအား လွှတ်တော်အစည်းအဝေးဆိုင်ရာ လုပ်ငန်းတာဝန်များကိုလွှဲပြောင်းပေးအပ်ကာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကိုက နှုတ်ခွန်းဆက်အမှာစကားပြော ကြားခဲ့ပါသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ March 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
Ministry of Ethnic Affairs / Posted on January 28, 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း
Ministry of Ethnic Affairs / Posted on January 07, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း