တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ရတနာစံကျောင်းတော်ကြီးရှိ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားအား သွားရောက်ဖူးမြော်ကြည်ညို၊ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေး
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ရတနာစံကျောင်းတော်ကြီးရှိ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားအား သွားရောက်ဖူးမြော်ကြည်ညို၊ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / May 18, 2026
နေပြည်တော် မေ ၁၈
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ဇနီး ဒေါ်နီလာ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ရတနာစံကျောင်းတော်ကြီးရှိ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားအား သွားရောက်ဖူးမြော်ကြည်ညိုပြီး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဖောင်တော်ဦး ဘုရားရုပ်ပွားတော်မြတ်ငါးဆူကို ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းများ ကပ်လှူပူဇော် ဖူးမြော်ကြည်ညိုကန်တော့ပြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ လှူဒါန်းရာ ဘုရားဂေါပကအဖွဲ့ဝင်များက လက်ခံရယူပြီး ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အင်းလေးဖောင်တော်ဦးရင်ပြင်တော်ရှိ စိန်နှင့်မြကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဝိဇယအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား ရှင်းလင်းဆောင်၌ တာဝန်ရှိသူများက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များအပေါ် လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု၊ ငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုနှင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ငလျင်ဒဏ်ကြောင့် ဘုရားရင်ပြင်တော်ရှိ နေပူခံကျောက်ပြားများ ကွဲအက်ပျက်စီးခြင်း၊ မုခ်ဦးများ၊ လှေကားများ၊ ကရဝိတ်ဖောင်တော်ထားရှိရာအဆောင်နှင့် အခြားသာသနိကအဆောက်အအုံများ ပြိုကျပျက်စီးနေခြင်းများကို မူလလက်ရာမပျက်ပြန်လည်ပြုပြင်ထားရှိမှုများ ကိုလိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ကိန်းဝပ်သတင်းသုံးတော်မူရာ ရင်ပြင်တော်ရှိ သာသနိကအဆောက်အအုံအချို့သည် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရာ အဆိုပါပျက်စီးခဲ့မှုများအား နယ်မြေခံပြည်နယ်အင်ဂျင်နီယာများနှင့်အဖွဲ့များ၊ မြန်မာ နိုင်ငံအင်ဂျင်နီယာအသင်းမှ ပညာရှင်များဖြင့် ဆွေးနွေးတိုင်ပင်၍ မူလလက်ယာမပျက် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ဆောင်ရွက်ပြီးစီးမှုအနေဖြင့် ရင်ပြင်တော်ရှိ နေပူခံကျောက်ပြားများခင်းခြင်း ၁၀၀ ရာခိုင်နှုန်း၊ ဖောင်တော်ဦးဘုရား မူလကျောင်းဆောင် အောက်ခြေသံကူကွန်ကရစ် ထပ်ပိုးခြင်း ၁၀၀ ရာခိုင်နှုန်း၊ မူလစံကျောင်းတော် အရှေ့ဘက်၊ အနောက်ဘက်မုခ်ဦးစောင်းတန်း ရာခိုင်နှုန်း၊ မူလစံကျောင်းတောင်ဘက် မုခ်လှေကားနှင့် မြောက်ဘက်အာရုံခံတန်းစောင်း ၁၀၀ ရာခိုင်နှုန်း၊ ကရဝိတ်အဆောင် ၁၀၀ ရာခိုင်နှုန်း၊ မြောက်ဘက်မုခ်ရှိ လှေကားအနေဖြင့် အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်များ ဒေသစာရီကြွချီအပူဇော်ခံရန်အတွက် ပင်မစံကျောင်းတော်မှ ပင့်ဆောင်ရာတွင် အနည်းငယ်မတ်စောက်သည့်အတွက် လှေကားအသစ်ပြန်လည်တည်ဆောက်မှု ၈၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်းသိရှိရပြီး ဘုရားဖူးပြည်သူများ အန္တရာယ်ကင်းရှင်းစွာဖြင့် စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိကြောင်း သတင်းရရှိသည်။
Newspaper
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 16, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း
Naypyitaw Development Committee / Posted on May 18, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း
Naypyitaw Development Committee / Posted on May 18, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း
ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT) အစီအစဉ် အသိပေး နှိုးဆော်ခြင်း
Ministry of Information / Posted on May 14, 2026
ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အစီအစဉ် အသိပေးနှိုးဆော်ခြင်း
