တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် အင်းတော်မြို့နှင့် အဆိုပါဒေသတစ်ဝိုက်အား အလုံးစုံပြန်လည်သိမ်းပိုက်ထိန်းချုပ်
တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် အင်းတော်မြို့နှင့် အဆိုပါဒေသတစ်ဝိုက်အား အလုံးစုံပြန်လည်သိမ်းပိုက်ထိန်းချုပ်
Ministry of Information/ Naypyitaw / April 30, 2026
နေပြည်တော် ဧပြီ ၃၀
တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသော အင်းတော်မြို့နှင့် အဆိုပါဒေသတစ်ဝိုက်အား ယနေ့တွင် အလုံးစုံပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။
NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့၊ ရွာများ၌ အုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန်အတွက် ဌာနဆိုင်ရာအဆောက်အအုံများ၊ ဆေးရုံ၊ ဆေးခန်းများ၊ စက်ရုံ၊ အလုပ်ရုံများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ဒေသခံပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများတွင် ယာယီခံစစ်များ ပြုလုပ်၍ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ခြင်းများကြောင့် ဒေသခံပြည်သူများသည် ဘေးဒုက္ခကြီးစွာဖြင့် ၎င်းတို့၏ တိုက်တာအိုးအိမ်အဆောက်အအုံများ၊ ဥစ္စာပစ္စည်းများကို စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ထို့ကြောင့် တပ်မတော်စစ်ကြောင်းများအနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် မြို့၊ ရွာများအား ပြန်လည်ရရှိရေးအတွက် လိုအပ်သည့် စုဖွဲ့မှုများကို စနစ်တကျဆောင်ရွက်ပြီး တုံးတိုက်တိုက် ကျားကိုက်ကိုက်စိတ်ဓာတ်များဖြင့် ပစ်ခတ်မှုနှင့် စစ်ကစားမှုကို ဟန်ချက်ညီညီပေါင်းစပ်ပြီး ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများ ယာယီစိုးမိုးထားသော မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်းလမ်းကြောင်းနှင့် တကောင်းမြို့တို့အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့်သတင်းများအား ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
ဆက်လက်၍ တပ်မတော်စစ်ကြောင်းအနေဖြင့် အောင်မြင်မှုများ ဆက်တိုက်ရရှိလာမှုများနှင့်အတူ တိုက်စစ်အဟုန်များ မြှင့်တင်ပြီး အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသော လက်ကျန်မြို့၊ ရွာများအား ပြန်လည်ရရှိရေးအတွက် ပစ်ခတ်မှုနှင့် စစ်ကစားမှုကို ဟန်ချက်ညီညီပေါင်းစပ်တိုက်ခိုက်ခဲ့ရာ တကောင်းမြို့နှင့် ထီးချိုင့်မြို့သို့ ဆက်သွယ်ထားသော လမ်းကြောင်းအား မတ်လ ၂၅ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး တပ်မတော်စစ်ကြောင်းများသည် ထီးချိုင့်မြို့မှ ကသာမြို့သို့ အဆင့်ဆင့်ချီတက်ရှင်းလင်းခဲ့ကြသည်။
ထို့နောက် တပ်မတော်စစ်ကြောင်းများသည် အကြမ်းဖက်သမားများ ယာယီစိုးမိုးထားသော အင်းတော်မြို့အား ပြန်လည်ရရှိရေးအတွက် ကသာမြို့၌ လိုအပ်သည့် စုဖွဲ့ပြင်ဆင်မှုများ ဆောင်ရွက်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရမည့် တပ်မတော်သားများဖြစ်သည်နှင့်အညီ စစ်ကြောင်းများခွဲကာ ပစ်ခတ်မှုနှင့်စစ်ကစားမှုကို ဟန်ချက်ညီညီပေါင်းစပ်ပြီး ပြန်လည်တိုက်ခိုက်ခဲ့ရာ ပင်းမလွတ်ရွာအား ၂၀၂၆ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင်လည်းကောင်း၊ နဘားလမ်းဆုံနှင့် နဘားရွာအား ဧပြီလ ၂၉ ရက်နေ့တွင်လည်းကောင်း၊ ကန်းနီရွာ၊ နားရခေါင်ရွာ၊ ကြာအင်းရွာ၊ ကျွန်းတောရွာနှင့် ကူဆိပ်ရွာတို့အား ဧပြီ ၃၀ ရက် ယနေ့နံနက်ပိုင်းတွင်လည်းကောင်း၊ အင်းတော်မြို့အား ယနေ့ညနေပိုင်းတွင်လည်းကောင်း အသီးသီးပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီး ယနေ့တွင် အင်းတော်မြို့နှင့် ပတ်ဝန်းကျင်ဒေသတစ်ဝိုက်အား အလုံးစုံ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။
တပ်မတော်စစ်ကြောင်းများက အင်းတော်မြို့နှင့် အဆိုပါဒေသတစ်ဝိုက်အား ပြန်လည်သိမ်းပိုက်ရရှိရေး မိမိတို့၏အသက်ကို ပဓာနမထားဘဲ ရင်ကိုမြေကတုတ်လုပ်ကာ ရွပ်ရွပ်ချွံချွံတိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်ဆင်ရေးကာလ ၇ ရက်အတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး/ ငယ် ထိတွေ့မှုစုစုပေါင်း ၁၇ ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၃၃ လောင်း၊ လက်နက်မျိုးစုံ ၁၈ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်သားအချို့ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရသည်။
အကြမ်းဖက်ပူးပေါင်းအဖွဲ့များအနေဖြင့် အင်းတော်မြို့နှင့် ၎င်းဒေသတစ်ဝိုက်အား ခေတ္တစိုးမိုးထားစဉ် မြို့/ရွာများအတွင်းရှိ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊ ဆေးရုံများနှင့် လူနေအိမ်များတွင် ဘန်ကာများ ဆောက်လုပ်ပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ယာယီနေရပ်စွန့်ခွာနေရသည့် ဒေသခံပြည်သူများ၏ အိုးအိမ်များကို ခံစစ်တံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့ကြသဖြင့် ဒေသခံပြည်သူများအနေဖြင့် ၎င်းတို့၏ တိုက်တာအိုးအိမ်၊ စည်းစိမ်များကို စွန့်လွှတ်၍ တိုက်ပွဲဖြစ်ပွားမှု ကင်းလွတ်ရာ နေရာများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး ကျောင်းနေအရွယ်ကလေးလူငယ်များသည်လည်း ပညာသင်ကြားခွင့်များ ဆုံးရှုံးခဲ့ကြ ရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် အကြမ်းဖက်ပူးပေါင်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် လူနေတိုက်တာအိုးအိမ်များ၊ လမ်းတံတားများ၊ ဌာနဆိုင်ရာအဆောက်အအုံများကို ပြင်ဆင်ခြင်း၊ အများပြည်သူအသုံးပြုလျက်ရှိသည့်လမ်းများနှင့် အဆောက်အအုံများအကြား အကြမ်းဖက် ပူးပေါင်းအဖွဲ့များထောင်ထားသည့် မိုင်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းစဉ်များကို အမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး စာသင်ကျောင်းများအား အမြန်ဆုံးပြန်လည်ပြုပြင်ပြီးစီးပါက ကျောင်းနေအရွယ် ကလေးလူငယ်များအားလုံး စာသင်ကြားနိုင်ရေး ဦးစားပေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် NUG၊ CRPH တို့၏ သွေးထိုးမြှောက်ပင့်မှုများကို နားယောင်ပြီး ယခုကဲ့သို့ အကြမ်းဖက်လုပ်ငန်းများ လုပ် ဆောင်ခြင်းများသည် အဆိုပါဒေသအတွင်း နေထိုင်လျက်ရှိသော ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုများတွင် များစွာနောက်ကျစေသဖြင့် နိုင်ငံတော်နှင့် ဒေသအတွက် အမှန်တကယ်အကျိုးပြုလိုပါက နီးစပ်ရာလုံခြုံရေးစခန်းများနှင့် ချိတ်ဆက်၍ အလင်းဝင်ရောက်သင့်ပါကြောင်း မြဝတီအဖွဲ့သားများက တိုက်တွန်းအပ်ပါသည်။
Newspaper
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
Myanmar National Human Rights Commission Statement No. (5/2026)
Myanmar National Human Rights Commission / Posted on April 30, 2026
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် ( ၅ /၂၀၂၆)
Myanmar National Human Rights Commission / Posted on April 30, 2026
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အစားထိုး ဖြည့်စွက်ကြောင်းကြေညာခြင်း
Ministry of Information / Posted on April 29, 2026
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အစားထိုး ဖြည့်စွက်ကြောင်းကြေညာခြင်း
