တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) မအူပင်မြို့နယ်သို့ ရောက်ရှိ လေးအိမ်စုကျေးရွာ၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စတင်ဆောင်ရွက်
တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) မအူပင်မြို့နယ်သို့ ရောက်ရှိ လေးအိမ်စုကျေးရွာ၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စတင်ဆောင်ရွက်
Ministry of Information/ Naypyitaw / November 19, 2025
နေပြည်တော် နိုဝင်ဘာ ၁၈
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် လေးအိမ်စုကျေးရွာသို့ ရောက်ရှိကြရာ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါ နယ်လှည့်ဆေးကုသရေးအဖွဲ့သည် မအူပင်မြို့နယ် လေးအိမ်စုကျေးရွာ စတုဘုမ္မိက-မဟာသတိပဋ္ဌာန်ကျောင်းတိုက်၌ အခြေပြု၍ လေးအိမ်စုကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၅၂၄ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၆၄ ဦး၊ ခွဲစိတ်ရောဂါ ၃၆ ဦး၊ သားဖွားမီးယပ်ရောဂါ ၅၂ ဦး၊ ကလေး ရောဂါ ၄၄ ဦး၊ အရိုးရောဂါ ၃၈ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၇၀၊ မျက်စိရောဂါ ၈၂ ဦး၊ သွားနှင့် ခံတွင်းရောဂါ ၃၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးပြီး ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ခုနစ်ဦး၊ ဓာတ်မှန်ရိုက်လူနာ ရှစ်ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၂၄ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာလေးဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၈ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲကြားသိ ခဲ့ရပါသည်-
၁။ အရင်တုန်းကတော့ ရောဂါတော်တော်ရှင်းရှင်းပဲ။ နောက်ကျန်ခဲ့တဲ့ နှစ်နှစ်လောက်ကျတော့ တစ်နှစ်လုံးလုံးက မူးနေတာ။ ငုတ်တုတ်ပဲအိပ်ရတယ်။ တုံးလုံးလှဲအိပ်လို့မရဘူး။ နောက် ဒီက ဆရာဝန်တွေနဲ့ ပြကြည့်ပြီး သူတို့ ကုသပေးတော့ ရောဂါသက်သာပြီး အိပ်လို့ရသွားတယ်။ ခေါင်းမူး တဲ့ဝေဒနာကတော့ တစ်ခါတစ်ရံမှာ ပြန်ဖြစ်တဲ့အတွက်လည်းပါတယ်။ နောက် နှလုံးခုန်မြန်တဲ့ ဝေဒနာလည်း ခံစားရတဲ့အတွက်ကြောင့် အခုလာပြတာပါ။ ဆရာဝန်တွေ ပြောတာကတော့ နှလုံးကြီးတယ်လို့ ပြောတယ်။ အဲဒီရောဂါကြောင့် လေလည်းဖြတ်နိုင်တယ်။ ဒါ့အပြင် အခြားရောဂါတွေလည်း ဖြစ်တတ်တယ်လို့ ပြောတယ်။ ဒါကြောင့် ကျွန်မ အနေနဲ့ ဒီဆေးတွေကို အပြတ်မခံဘဲ ဝယ်သောက်နေရပါတယ်။ အခုလို နယ်လှည့်ဆေးကုအဖွဲ့တွေ လာရောက်ကုသတဲ့အချိန်မှာ လာပြတာက ဆေးကုသစရိတ်လည်း မကုန်ဘူး။ ဆေးတွေ လုံလုံလောက်လောက်လည်း ပေးပါတယ်။ အခုလို ဆေးလာရောက်ကုသပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အခုလို လာရောက်လှည့်လည်ဆေးကုပေးတဲ့အတွက် ဝမ်းလည်းဝမ်းသာပါတယ်။ ဒေသခံပြည်သူတွေလည်း အခမဲ့ဆေးကုသခွင့်ရတဲ့အတွက်ကြောင့် အခုလိုစီစဉ်ပေးတဲ့ နိုင်ငံတော်အကြီးအကဲနဲ့ တာဝန်ရှိသူတွေနဲ့ ဆေးကုသပေးတဲ့ သူတွေအားလုံးကို ကျေးဇူးလည်းတင်ပါတယ်။ ဝမ်းလည်းသာပါတယ်။
၂။ အထွေထွေမူးတာပေါ့၊ ကျီးပေါင်းဖြစ်ဖူးလို့ မူးလို့ အဲတာလာပြတာ။ ဆေးကအရင်တုန်းက သောက်တယ်။ အခုက ဖြတ်လိုက်တော့ ဆရာကြီးက စွဲသောက်ရမယ့်ဆေးကို ညွှန်ပြလိုက်တယ်။ သေသေချာချာလည်း မေးတယ်။ တချို့ဆိုလို့ရှိရင် ကျန်းမာရေးမကောင်းဘူး။ ကိုယ်က ဆေးခန်းပြချင်တာတောင်မှ ငွေရေးကြေးရေးအခက်အခဲ အခုကမလွယ်ဘူးလေ တစ်ခေါက်တစ်ခေါက် ခရီးစရိတ်ကအစ မလွယ်တဲ့အခါကျတော့ သွားရတာအဆင်မပြေဘူး။ အခု လိုမျိုး လာရောက်တဲ့အခါကျတော့ ငွေရေးကြေးရေးအတွက် ဘာမှမပူရဘူး။ အကုန်လုံးအဆင်ပြေပါတယ်။ အခုလိုမျိုး နယ်လှည့်ဆေးကုသရေးအဖွဲ့ကို စေလွှတ်ပေးတဲ့ တာဝန်ရှိတဲ့ အကြီးအကဲ တွေကိုရော၊ လာရောက်ပြီးတော့ ကုသပေးတဲ့ ဆရာတွေအကုန်လုံးရော၊ တာဝန်ရှိသူအကုန်လုံး အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြည်သူလူထုတွေရဲ့ ကိုယ်စားရော၊ ဝန်ထမ်းတွေရဲ့ ကိုယ်စားရော အားလုံးကို ကျေးဇူးတင်ပါတယ်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 19, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 18, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
မြန်မာ့တူရိယာများ ၂၀၀ ကျပ်တန် (၆) လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအား ရောင်းချပေးမည်
Ministry of Transport and Communications / Posted on November 18, 2025
မြန်မာ့တူရိယာများ ၂၀၀ ကျပ်တန် (၆) လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအား ရောင်းချပေးမည်
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
Naypyitaw Development Committee / Posted on November 12, 2025
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း
Naypyitaw Development Committee / Posted on October 31, 2025
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း
