တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)မှ နယ်လှည့်ဆေးကုသရေးအဖွဲ့ လပွတ္တာမြို့နယ် ဘီတွတ်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)မှ နယ်လှည့်ဆေးကုသရေးအဖွဲ့ လပွတ္တာမြို့နယ် ဘီတွတ်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Ministry of Information/ Naypyitaw / December 03, 2025
နေပြည်တော် ဒီဇင်ဘာ ၂
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကု ဆေးအဖွဲ့သည် ယနေ့တွင် လပွတ္တာမြို့နယ် ဘီတွတ်ကျေးရွာရှိ သာသနာ့ဇေယျုံကျောင်းတိုက်၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၅၆၄ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာ ဆေးကုသမှုဆိုင်ရာရောဂါ ၂၄၁ ဦး၊ ခွဲစိတ်ရောဂါ ၃၂ ဦး၊ သားဖွား/မီးယပ်ရောဂါ ၄၀ ၊ ကလေးရောဂါ ၂၉ ဦး၊ အရိုးရောဂါ ၉၆ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၅ ဦး၊ မျက်စိရောဂါ ၄၅ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၄၆ ဦး၊ စုစုပေါင်းဒေသခံပြည်သူ ၅၆၄ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ် လူနာကိုးဦး၊ မျက်စိခွဲစိတ်ကုသ လူနာငါးဦး၊ သွားနုတ်/သွားဖာ ၁၉ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၉ ဦး၊ Ultrasound စက်ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၂၄ ဦး၊ ECG စက် ဖြင့် နှလုံးစမ်းသပ်လူနာ ၁၄ ဦး နှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၉ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အဆိုပါကျောင်းတိုက်၌ ဖွင့်လှစ်ထားသော လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှ ကျောင်းသား ကျောင်းသူများအား သွားနှင့်ခံတွင်းရောဂါအကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောဆောင်ရွက်ပေးသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုကဲ့သို့ ကြားသိရပါသည် -
“ကျွန်တော့်နာမည်က ဦးတင်ဆန်းဖြစ်ပါတယ်။ ကျွန်တော်က ဘီတွတ်ရွာမမှာပဲနေတာပါ။ နံရိုးနာကျင်ကိုက်ခဲမှုရယ်၊ မျက်လုံးရယ်လာပြတာပါ။ အဆင်ပြေပါ တယ်။ တိုက်ရိုက်လာလုပ်တဲ့အတွက် စရိတ်ကအစ သက်သာတာရယ်၊ ကျန်းမာရေးဝန်ဆောင်မှုတွေ ကောင်းမွန်တာကြောင့် အများကြီးဝမ်းသာပါတယ်။ သွားပြရမယ်ဆိုရင် ခရီးစရိတ်၊ စားစရိတ်၊ သွားစရိတ်တွေက အများကြီးအခက်အခဲရှိတယ်။ လူမျိုးလည်းမခွဲခြားဘူး။ လူတန်းစားလည်း မခွဲခြားဘူး။ ကုသရတဲ့နေရာကလည်း ကျယ်ဝန်းတယ်။ ဧည့်ခံကြိုဆိုမှုနဲ့ ဆရာဝန်ကြီးတွေရဲ့ နွေးထွေးစွာ စောင့်ရှောက်မှုတို့ကြောင့် လူတွေအားလုံးကလာကြတာ၊ ဦးစီးလုပ်ဆောင်ပေးကြတဲ့ ဒီကနယ်လှည့်ဆေးကုသရေးအဖွဲ့တွေ၊ ဆရာဝန်ကြီးတွေအားလုံးကို ကျွန်တော်တို့ ကျေးရွာသူ၊ ကျေးရွာသားများကိုယ်စား ကျွန်တော်က အများကြီးကျေးဇူးတင်ပါတယ်” ဟု ပြောကြားသည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
Myanmar National Human Rights Commission Statement (16/ 2025)
Myanmar National Human Rights Commission / Posted on December 03, 2025
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၆/၂၀၂၅)
Myanmar National Human Rights Commission / Posted on December 02, 2025
ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း
Ministry of Transport and Communications / Posted on November 29, 2025
ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း
