တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ ကိုကိုးကျွန်းမြို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်


Ministry of Information/ Naypyitaw / December 05, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ် ပြည်သူ့ဆေးရုံ၌အခြေပြု၍ ကိုကိုးကျွန်းမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၂၉၅ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာ ဆေးကုသမှုဆိုင်ရာရောဂါ ၅၅ ဦး၊ ခွဲစိတ်ရောဂါ ၃၀၊ သားဖွား/မီးယပ်ရောဂါ ၁၀ ဦး၊ ကလေးရောဂါ ၂၀၊ အရိုးရောဂါ ၃၆ ဦး၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ ၁၉ ဦး၊ မျက်စိရောဂါ ၆၈ ဦး၊ သွား နှင့်ခံတွင်းရောဂါ ၅၇ ဦး၊ စုစုပေါင်း ဒေသခံပြည်သူ ၂၉၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။

၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာလေးဦး၊ မျက်စိခွဲစိတ်လူနာခုနစ်ဦး၊ သွားနုတ်/သွားဖာ ၅၂ ဦး၊ ဓာတ်မှန်ရိုက်လူနာလေးဦး၊ အာထရာဆောင်းစက်ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၄၅ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၄၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၇ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ လာရောက်ဆေး ကုသမှုခံယူလျက်ရှိသည့် ဒေသခံပြည်သူများကို တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-

၁။ မနှစ်က မျက်လုံးလာကုပါတယ်၊ ပျောက်ကင်းသွားပါတယ်။ အခုကျတော့ နှာခေါင်းပေါ့၊ ထိပ်ကပ်နာလေး နည်းနည်းဖြစ်ချင်လို့ လာကုသတာပါ။ ဆရာဝန်တွေက နွေးနွေးထွေးထွေးနဲ့ ကုသပေးပြီးတော့ ကြည့်ရှုပေးပါတယ်။ မနှစ်တုန်းက မျက်စိမပြခင်မှာက မျက်စိက စာဖတ်ရင်လည်းမမြင်ရဘူး၊ အဝေးလည်းမှုန်တယ်၊ အနီးလည်းမှုန်တယ်။ အဲဒါကုသပြီးတော့ မျက်မှန်ကို သူတို့ပြောတဲ့လအတိုင်း တပ်လိုက်တဲ့အခါပျောက်ကင်းသွားပါတယ်။ အခုလိုလာကုသပေးတဲ့အတွက် ကိုကိုးကျွန်းသူ/ ကျွန်းသားများကိုယ်စားအလွန်ဝမ်းသာပီတိဖြစ်မိပါတယ်။ အခုလိုနွေးနွေးထွေးထွေးနဲ့ ဆရာဝန်တွေ၊ ပါရဂူတွေကကုသပေးတဲ့အတွက် အလွန်ဝမ်းသာပါတယ်။

၂။ ကျွန်မကတော့ သွေးတိုးဖြစ်လို့လာပြတာပါ၊၊ သွေးတိုးဆိုတော့ ဆရာဝန်ကြီးတွေက သွေးတိုးဆို ဆရာဝန်တွေကိုလည်း အားမနာနဲ့အရေးကြီးတယ်ပေါ့။ သွေးတိုးကနေ နှလုံး ဒီလိုမျိုးအကုန်လုံး အဓိကပေါ့နော်၊ ဆရာဝန်တွေက စမ်းသပ်ပေးမယ်ပေါ့။ သွေးတိုးမှာ ဖြစ်တဲ့ရောဂါတွေကို ရှင်းပြတာပေါ့။ သွေးတိုးကနေဖြစ်သွားနိုင်တဲ့ ရောဂါတွေကို ရှင်းပြသွားတယ်။ သွေးတိုးလို့ရှိရင် ရှောင်ကြဉ်ရမယ့်အရာတွေ၊ အနေအထိုင်၊ အစားအသောက်ပုံစံလေးတွေ ပြောပြသွားတယ်။ သွေးပေါင်ချိန်မယ့် အတိုင်းအတာလေးတွေ၊ ကျွန်မတို့အတွက်လည်း သိသင့်သိထိုက်တာလေးတွေ သိလိုက်ရတယ်။ သူများကိုလည်း ပြောပြလို့ရတာပေါ့။ သွေးတိုးရင် ဒီလိုမျိုးဖြစ်တတ်တယ်ဆိုတာကို ကျွန်မတို့ကျွန်းက ပြည်သူတော်တော်များများက အတွေ့အကြုံ သိပ်မရှိဘူး။ ဒါပေမယ့် ဆရာဝန်ကြီးတွေက အကုန်လုံး သင့်တော်သလို ကုသပေးတယ်၊ ပြောလည်း ပြောပြတယ်၊ အဆင်ပြေပါတယ်။ ကျေးဇူးလည်းတင်တယ်၊၊ ဘာလို့လဲဆိုတော့ ကိုယ့်ကျွန်းကို တကူးတက သီးသန့်လာရောက်ကုသပေးတဲ့အတွက်ကိုလည်း တကယ်ကျေးဇူးတင်ပါတယ်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 05, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 04, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

Myanmar National Human Rights Commission Statement (16/ 2025)

Myanmar National Human Rights Commission / Posted on December 03, 2025

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023