တာချီလိတ်နှင့် မိုင်းတုံမြို့နယ်တို့တွင် ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံမှ မူးယစ်ဆေးဝါးအမှုဖြင့် အလိုရှိတရားခံပြေး သုံးဦးနှင့် တရားမဝင် ဝင်ရောက်နေထိုင်သူ တစ်ဦးတို့ကို ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်


Ministry of Information/ Naypyitaw / December 12, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၁

မြန်မာ-ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး နားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံ၊ တာချီလိတ်နှင့် မိုင်းတုံမြို့နယ်တို့တွင် ဖမ်းဆီးရမိခဲ့သည့် ထိုင်းနိုင်ငံမှမူးယစ်အမှုဖြင့် အလိုရှိတရားခံပြေးသုံးဦးနှင့် တရားမဝင် ဝင်ရောက်နေထိုင်သည့် ထိုင်းနိုင်ငံသားတစ်ဦးတို့ကို ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB)သည် မြန်မာနိုင်ငံ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့(CCDAC)ထံသို့ ထိုင်းနိုင်ငံအတွင်း မူးယစ်ပြစ်မှုများကျူးလွန်ပြီး မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေသည့် Mr. Phonchana Phongthong(ခ)Toon (ဖွန်းချနာ ဖုန်းထောင်း(ခ)သွန်း)၊ Mrs. Thanida Puangngern(ခ)Ning (ထနိဒါး ဖုံးငင်း(ခ)နိန်း)နှင့် Mr. Wi Rat Taou Dom(ဝီလတ်ထောင်းဝုဒွမ်)တို့ သုံးဦးကို ကူညီစုံစမ်းဖော်ထုတ်ဖမ်းဆီးပေးပါရန် သတင်းဖလှယ် ပေးပို့ချက်အရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အဆိုပါအလိုရှိတရားခံပြေး သုံးဦးကို စုံစမ်းဖော်ထုတ်ဖမ်းဆီးခဲ့ရာ နိုဝင်ဘာ ၁၃ ရက်တွင် Mr. Phonchana Phongthong(ခ) Toon (ဖွန်းချနာဖုန်းထောင်း(ခ)သွန်း)၊ Mrs. Thanida Puangngern(ခ)Ning (ထနိဒါးဖုံးငင်း (ခ)နိန်း)တို့ကို တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၌ လည်းကောင်း၊ နိုဝင်ဘာ ၁၄ ရက်တွင် Mr. Wi Rat Taou Dom (ဝီလတ် ထောင်းဝုဒွမ်)ကို မိုင်းတုံမြို့နယ် နားကောင်းမူကျေးရွာ၌လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံမူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ အဆိုပါ အလိုရှိတရားခံပြေး သုံးဦးနှင့်အတူ စက်တင်ဘာ ၁၆ ရက်တွင် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့သည့် တရားမဝင် ဝင်ရောက်နေထိုင်ခဲ့သူ ထိုင်းနိုင်ငံသား Mr. Chairit Phucharoen (ချရစ်ဖူချရွန်)တို့ကို နှစ်နိုင်ငံတည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ကိုယ်စား မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၊ အမှတ်(၇)မူးယစ်တပ်ဖွဲ့ခွဲ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး ကျော်စိန်ဝင်း ဦးဆောင်သည့်အဖွဲ့က ထိုင်းနိုင်ငံမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB) အတွင်းရေးမှူးချုပ် Police Major Suriya Singhakamol ဦးဆောင်သည့်အဖွဲ့ထံသို့ ဒီဇင်ဘာ ၁၁ ရက်မြန်မာစံတော်ချိန် နံနက် ၁၁ နာရီအချိန်တွင် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား(၂)၌ လွှဲပြောင်းပေးအပ်ခဲ့ပြီး နှစ်နိုင်ငံမူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးအစီအစဉ်အရ မူးယစ်ဆေးဝါးပြစ်မှုကျူးလွန်ပြီး တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ကာ နယ်စပ်ဖြတ်ကျော်မူးယစ်မှုခင်းများ ထပ်မံကျူးလွန်နေသည့် တရားခံပြေးများကို အပြန်အလှန် ဖော်ထုတ်ဖမ်းဆီးလွှဲပြောင်းပေးခြင်းဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်သတ်မှတ်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 12, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 11, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှု ဗဟိုကော်မတီ ဖွဲ့စည်းခြင်း

Ministry of Information / Posted on December 10, 2025

အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှု ဗဟိုကော်မတီ ဖွဲ့စည်းခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023