တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီနှင့် ပုသိမ်ပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားတက်ရောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီနှင့် ပုသိမ်ပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားတက်ရောက်
Ayeyarwaddy Region Government/ ပုသိမ် / February 25, 2025
ပုသိမ် ဖေဖော်ဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ပုသိမ်ပညာရေးဒီဂရီကောလိပ် ပညာရတနာခန်းမတွင် ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီနှင့် ပုသိမ်ပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်း ကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ဦးစွာ ပုသိမ်ပညာရေးဒီဂရီကောလိပ်ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန် သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က "နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ အနာဂတ်နိုင်ငံ့တာဝန် များအား ပုခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသားလူငယ်များအား သင်ကြားပေးရမည့် ဆရာ၊ ဆရာမလောင်းများအနေဖြင့် မိမိကိုယ်တိုင်လည်း ဗလငါးတန်နှင့် ပြည့်စုံရန်လိုအပ်ပါကြောင်း၊ လူငယ်များ အတွေးအခေါ်မြင့်မားစေရေးအတွက် လူငယ်များ၏ စွမ်းဆောင်ရည်၊ ကိုယ်ကျင့်တရား၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ဦးဆောင်နိုင်မှုနှင့် စိတ်ဓာတ်ရေးရာ မြင့်မားခိုင်မာအောင် တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များနှင့် အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများနှင့် လူငယ်လေ့လာရေးခရီးစဉ်များကို ကျင်းပဆောင်ရွက် ပေးလျက်ရှိကြောင်း၊ "အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းကဆိုသည့်အတိုင်း" လူငယ်များ၏ ဘဝရည်မှန်းချက်များ အကောင်အထည်ဖော်ရာတွင် ဆရာ၊ ဆရာမများ၏ ဝတ်စားဆင်ယင်မှု၊ ပြုမူနေထိုင်ပြောဆိုမှုများမှအစ စံနမူနာပြများဖြစ်အောင် နေထိုင်သွားရမည်ဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့် စာပေတွင်သာမက အနုပညာနှင့် အားကစားကဏ္ဍများတွင်လည်း ထူးချွန်ထက်မြတ်သူများဖြစ်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ "ပညာရဲရင့်ပွဲလယ်တင့်" ဆိုသည့်အတိုင်း ဆရာ၊ ဆရာမများအဖြစ် တာဝန်ထမ်းဆောင်ကြရမည့် သင်တန်းသား၊ သင်တန်းသူ လူငယ်မောင်မယ်များအနေဖြင့် ဘာသာရပ်များအား စနစ်တကျကျွမ်းကျင် တတ်မြောက်အောင် အစဉ်အမြဲလေ့လာသင်ယူနေပြီး ကျောင်းသား၊ ကျောင်းသူများအတွက် စံနမူနာပြ ဆရာ၊ ဆရာမများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း" အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ပုသိမ်တက္ကသိုလ်၊ မြန်မာစာဌာန၊ ပါမောက္ခဌာနမှူးက "လူငယ်ဘဝမှာ ပညာရှာ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပုသိမ်မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး ဆရာမညိမ်မွန်က "လူငယ်နှင့်နိုင်ငံ့ဂုဏ်" ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ဉာဏ်စမ်းပဟေဠိမေးခွန်းများ မေးမြန်းခဲ့ကြရာ သင်တန်းသား၊ သင်တန်းသူများက ဖြေဆိုခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အားကစားပစ္စည်းများ လက်ဆောင်ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လူငယ်ရေးရာအသိပညာပေး ဟောပြောပေးခဲ့ကြသည့် ဆရာ၊ ဆရာမ(၂)ဦးအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ပြီး ပုသိမ်ပညာရေးဒီဂရီကောလိပ်သို့ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံခဲ့ကြောင်း သိရှိရပါသည်။
Newspaper

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက်၊ ဖေဖော်ဝါရီ ၂၅ ရက် ၊အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 24, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက်၊ ဖေဖော်ဝါရီ ၂၄ ရက် ၊တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 23, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက်၊ ဖေဖော်ဝါရီ ၂၃ ရက် ၊တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 23, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုစာရင်းချုပ်ရုံး၊ လျှောက်လွှာခေါ်ယူခြင်း
Ministry of Cooperatives and Rural Development / Posted on February 24, 2025
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊အခွန်ဌာနမှ အသိပေးကြေညာခြင်း
Naypyitaw Development Committee / Posted on February 24, 2025
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊အခွန်ဌာနမှ အသိပေးကြေညာခြင်း