တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးညွှန်ကြား ရန်ကုန် ဇန်နဝါရီ (၁)ရက်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးညွှန်ကြား ရန်ကုန် ဇန်နဝါရီ (၁)ရက်
Ministry of Ethnic Affairs/ ရန်ကုန် / January 03, 2025
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် တာဝန်ရှိသူများလိုက်ပါလျက် ဇန်နဝါရီလ (၁) ရက်နေ့ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)သို့ သွားရောက်ခဲ့ပြီး ရုံးလုပ်ငန်းဆောင်ရွက်နေမှုများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းပါ လုပ်ငန်းပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ များဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါခေါ်ယူဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုခန်းမပြုပြင်ခြင်းလုပ်ငန်းများ၊ အုပ်ချုပ်မှုရုံးအဆောက်အအုံများ၊ ကပွဲခန်းမပြုပြင်ခြင်းလုပ်ငန်း၊ ရေ၊ မီးရရှိရေး စသည့် ဆောက်ရွက်ဆဲလုပ်ငန်းများတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ရာ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လုပ်ငန်းများ အရည်အသွေးပြည့်မီစေရန်၊ အချိန်မီပြီးစီးအောင်ဆောင်ရွက်ကြရန်နှင့် လိုအပ်သည် များကို အသေးစိတ်ကြည့်ရှုစစ်ဆေးမှာကြားခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့တို့သည် ယခင်ခရီးစဉ်များအတွင်း စစ်ဆေးကြည့်ရှုဆောင်ရွက်သွားရန် ညွှန်ကြားချက်များအပေါ် ဆောင်ရွက်ပြီးစီး ထားရှိမှုများကို လိုက်လံကြည့်ရှု စစ်ဆေးရာ ပထမဦးစွာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်နှင့် ရှမ်း တိုင်းရင်းသားများ၏ ရိုးရာနေအိမ်တည်ဆောက်ရေးပြုပြင်ထိန်းသိမ်းမှုလုပ်ငန်း များအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က တိုင်းရင်းသားယဉ်ကျေးမှုရိုးရာအိမ်များအား ၎င်းတို့၏ မူလရိုးရာအစဉ် အလာများမပျောက်ပျက်အောင် ဂရုပြုထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အဆောက်အအုံများ ရေရှည်တည်တံ့ခိုင်မြဲမှုရှိစေရန်လည်း စဉ်ဆက်မပြတ်ပြုပြုမွမ်းမံ ထိန်းသိမ်းရမည်ဖြစ်ပါကြောင်း၊ ယခုဘဏ္ဍာရေးနှစ်အတွင်း တင်ဒါခေါ်ယူဆောင်ရွက်လျက် ရှိသည့်လုပ်ငန်းများကို တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ကွပ်ကဲဆောင်ရွက်ရန်၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်နှင့် သတ်မှတ်စံချိန်စံ ညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီအောင်ဆောင်ရွက်ရန်ကြရန်နှင့် အကြီးစားပြုပြင် ထိန်းသိမ်းရန်လိုအပ်နေသည့် လုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် မှာကြားခဲ့ပါသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်)တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားရာတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသည် တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်၊ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် အချို့သော သမိုင်းဝင် မှတ်တမ်းများကို တစ်နေရာတည်းတွင်စုစည်း၍ လေ့လာသိရှိမှတ်သားနိုင်စေရန် မီးမှောင်းထိုး ပြသဖော်ကျူးထားသည့်နေရာဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် ယခုထက် ပိုမို ကောင်းမွန်အောင် စောင့်ကြပ်ကြည့်ရှုပြုပြင်ထိန်းသိမ်းခြင်း၊ မွမ်းမံခြင်းနှင့် လာရောက် လေ့လာကြည့်ရှုသည့် ပြည်သူလူထုများကိုလည်း စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် စနစ်တကျ ယဉ်ကျေးသိမ်မွေ့စွာဖြင့်ရှင်းလင်းတင်ပြတတ်ရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာကို ယခင်က ဒီရေတောနယ်မြေ ဖြစ်နေသော်လည်း ဥယျာဉ်သဖွယ် စိမ်းလန်းစိုပြည်သာယာလှပရေးအတွက် နည်းပညာ များဖြင့်ဆောင်ရွက်နိုင်ရန် ယခုထက်ပိုမို ပြုပြင်ထိန်းသိမ်းရန်လိုအပ်သည့်လုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တင်ပြတောင်းခံသွားရန်နှင့် ဆောင်ရွက်လိုသည့် လုပ်ငန်းများကို သက်ဆိုင်ရာဦးစီးဌာနသို့ အချိန်မီတင်ပြသွားရန်လိုအပ်ကြောင်း၊ နိုင်ငံတော် ဘတ်ဂျက်ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ မှန်ကန်စွာ သုံစွဲရေး၊ အလေအလွင့်၊ ဆုံးရှုံးမှုနှင့်မသမာမှုများမရှိစေရေးနှင့် နိုင်ငံတော်၏ ခြိုးခြံချွေတာရေး မူများကိုလည်း အထူးအလေးဂရုပြုလိုက်နာ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် ဝန်ထမ်းများတို့သည် တိုင်းရင်းသားလူမျိုးများရေးရာလုပ်ငန်း ဆောင်တာများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်မှပြဋ္ဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ စနစ်တကျ မှန်ကန်စွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ ဝန်ထမ်းများပီပီ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်၊ ကျင့်ဝတ်အပါး (၃၀)တို့ကိုလည်း လိုက်နာ စောင့်ထိန်းတတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းသက်သာ ချောင်ချိရေး အတွက် သီးပင်စားပင်များကို ယခုထက်ပိုမိုပြီး စနစ်တကျစိုက်ပျိုးကြရန်နှင့် အထူးသဖြင့် လုံခြုံရေး အသိ၊ လုံခြုံရေးသတိများနှင့်အညီ မိမိတို့၏လုပ်ငန်းဆောင်တာများကို အစဉ်အမြဲ ဂရုပြုမူ လုပ်ရှားဆောင်ရွက်ကြရန် အထူးမှာကြားလိုပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဒို့တာဝန် အရေး(၃)ပါးကိုမထိခိုက်စေဘဲ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ်ကိုအခြေခံလျက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားများအားလုံးတို့က မျှော်လင့်တောင့်တ နေသည့် တိုင်းပြည်သာယာဝပြောရေးကို ဖြစ်ပေါ်လာစေမည့် ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် ဝန်ထမ်းများ အားလုံးက မိမိတို့ကျရာအခန်းကဏ္ဍမှ အစွမ်းကုန်ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
၎င်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တွေ့ဆုံအမှာစကားပြောကြားရာတွင် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာသည် တိုင်းရင်းသားများအားလုံး၏ အဓိကပြုယုဒ်တစ်ခု ဖြစ်သည့်အတွက် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများအနေဖြင့် မိမိကိုယ်ကို ဂုဏ်ယူစွာ တာဝန်ထမ်းဆောင် ကြရမည်ဖြစ်ပါကြောင်း၊ ယခုဘဏ္ဍာနှစ်အတွင်း တင်ဒါခေါ်ယူ ဆောင်ရွက်လျက်ရှိသည့် ဘယ်ရီဂိတ်တပ်ဆင်ခြင်းလုပ်ငန်း၊ ဝင်္ကပါပတ်လမ်းလုပ်ငန်း၊ ရေပန်းအလှတပ်ဆင်ခြင်းလုပ်ငန်း၊ အဆောက်အဦဆေးသုတ်ခြင်းလုပ်ငန်းနှင့် အများပြည်သူ သုံးသန့်စင်ခန်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို သတ်မှတ်အချိန်ကာလအတွင်း အချိန်မီ ပြီးစီးအောင်ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများအရည်အသွေးပြည့်မီစေရေးတာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ကွပ်ကဲကြရန် မှာကြားလိုပါကြောင်း၊ လာမည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေး နှစ်တွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအတွင်း ပြည်သူများပိုမိုစိတ်ချမ်းသာစွာ အပန်းဖြေနိုင်ရန်အတွက် ဖူဆယ်ဘောလုံးကွင်း၊ အရုပ်ကောက်စက်နှင့် ရေကူးကန်လုပ်ငန်း စသည်များကို ဆက်လက်ဆောင်ရွက်စေလိုပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေ ၊ ဘဏ္ဍာရေးစည်းမျဉ်း (၃၅/ ၂၀၁၇) နှင့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ၏ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် နည်းဥပဒေကို အမြဲလေ့လာ ဖတ်မှတ်ထားရန် ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ/ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ကြရန်နှင့် မိမိတို့၏ ရာထူးအဆင့်နှင့်လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားကြရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေများကို ဘဏ္ဍာရေး စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီသုံးစွဲကြရန် ပြောကြားလိုပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ပေးအပ်သောတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး၏ အနီးကပ်ကြီးကြပ် ကွပ်ကဲမှုဖြင့် ကြိုးစားဆောင်ရွက် ကြရန် ပြောကြားခဲ့ပါသည်။
၎င်းနောက် ဝန်ထမ်းများက ဌာနဆိုင်ရာလုပ်ငန်းလိုအပ်ချက်များကို အထွေထွေဆွေးနွေး တင်ပြကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဌာနဆိုင်ရာလုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Newspaper
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက်၊ ဇန်နဝါရီ ၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက်၊ ဇန်နဝါရီ ၄ ရက်၊ စနေနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက်၊ ဇန်နဝါရီ ၃ ရက်၊ သောကြာနေ့။
Announcement
Myanmar National Human Rights Commission Statement No. (1/2025)
Myanmar National Human Rights Commission / Posted on January 05, 2025
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၁/၂၀၂၅)
Myanmar National Human Rights Commission / Posted on January 05, 2025
အမိန့်ကြော်ငြာစာအမှတ်(၉၀/၂၀၂၄) စျေးကွက်ငွေလဲလှယ်နှုန်း (Market Trading Rate) ကို အခြေခံသည့် အပတ်စဉ်နိုင်ငံခြားငွေလဲလှယ်နှုန်း (Weekly Exchange Rate) ဖြင့် ပြောင်းလဲ၍ အခွန်စည်းကြပ်ကောက်ခံမည့် အမိန့်
Ministry of Planning and Finance / Posted on December 27, 2024