တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အန္တရာယ်ကင်း ပရိတ်တရားတော်နာယူခြင်း အခမ်းအနားကျင်းပ နေပြည်တော်၊ ဧပြီ ၁၇


Ministry of Ethnic Affairs/ Naypyitaw / April 17, 2026
image_latest


     ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်း (၁) ရက်နေ့၊ အန္တရာယ်ကင်း ပရိတ်တရားတော် နာယူခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ (၂:၀၀) နာရီတွင် နေပြည်တော်ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညိုနှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

     အခမ်းအနားသို့ အေးမြရွှေပြည် ကျောင်းတိုက်မှ ဆရာတော်၊ သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြပါသည်။ ဦးစွာ နမောတဿ ၃ ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကာ အေးမြရွှေပြည်ကျောင်းတိုက် ဆရာတော် ဦးမဉ္ဇူသကထံမှ ငါးပါးသီလ ခံယူပြီး ဆရာတော်၊ သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များနှင့် အနန္တရာယိက ကမ္မဝါစာများကို ရွတ်ပွားသရဇ္စျယ်တော်မူကြရာ  ဧည့်ပရိတ်သတ်များက နာယူကြည်ညိုကြပါသည်။

    ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညိုနှင့်ဇနီး နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား နဝကမ္မ အလှူငွေနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြပြီး ကောင်းမှုကုသိုလ်များအတွက် ရေစက်သွန်းချ အမျှပေးဝေ၍ သာဓုအနုမောဒနာ ခေါ်ဆိုကာ  အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

Ministry of Information / Posted on April 10, 2026

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

Video