တောင်ကြီးမြို့နယ်၊ ဟဲကယ်-မန်ကျည်းပင်ကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းမှ ကွန်ကရစ်လမ်းသို့ အဆင့်မြှင်တင်ခြင်း ၉ဝ ရာခိုင်နှုန်းခန့် ပြီးစီး
တောင်ကြီးမြို့နယ်၊ ဟဲကယ်-မန်ကျည်းပင်ကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းမှ ကွန်ကရစ်လမ်းသို့ အဆင့်မြှင်တင်ခြင်း ၉ဝ ရာခိုင်နှုန်းခန့် ပြီးစီး
Ministry of Cooperatives and Rural Development/ Naypyitaw / January 16, 2026
တောင်ကြီး ဇန်နဝါရီ ၁၅
တောင်ကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်နယ်(ငွေလုံးငွေရင်း)ခွင့်ပြု ရန်ပုံငွေကျပ် ၂၃၇ ဒသမ ၉၃၁ သန်းဖြင့် ဟဲကယ်-မန်ကျည်းပင် ကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းမှ ကွန်ကရစ်လမ်းသို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ၉၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးမှုကို ဇန်နဝါရီ ၁၄ ရက်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) စစ်ဆေးရေးအရာရှိချုပ်နှင့် တာဝန်ရှိသူများသည် ဟဲကယ်ကျေးရွာနှင့် မန်ကျည်းပင်ကျေးရွာတို့ကို ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းကို ကျောက်ချောလမ်းမှ ကွန်ကရစ်လမ်းသို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးပြီး စစ်ဆေးရေးအရာရှိချုပ်က တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။
အဆိုပါ ဟဲကယ်-မန်ကျည်းပင်ကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းမှ ကွန်ကရစ်လမ်းသို့ အဆင့်မြှင်တင်ခြင်းလုပ်ငန်းသည် လမ်းအရှည် ၃ ဒသမ ၈၇ ဖာလုံ၊ အကျယ် ၁၂ပေ၊ ထု ၇ လက်မရှိပြီး တောင်ကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက အင်ဂျင်နီယာများ၏ နည်းပညာအကူအညီဖြင့် တင်ဒါအောင်မြင် သည့် ကုမ္ပဏီများက ဆောင်ရွက်ကြရာ လက်ရှိတွင် လုပ်ငန်းများအားလုံး၏ ၉၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ရာ ရာနူန်းပြည့်ပြီးစီးပါက အဆိုပါလမ်းကို အသုံးပြုနေသည့် ဒေသခံပြည်သူများအတွက် ရာသီမရွေး လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလွယ်ကူစွာ သွားလာနိုင်မည် ဖြစ်သည်။
ချိုသန်းညွန့် (ကျေးလက်)
Newspaper
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 16, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Announcement
Myanmar National Human Rights Commission Press Statement
Myanmar National Human Rights Commission / Posted on January 15, 2026
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်
Myanmar National Human Rights Commission / Posted on January 15, 2026
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
Ministry of Transport and Communications / Posted on January 16, 2026
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
