တောင်ကြီးမြို့၌ ရေဘေးသင့် အာမခံအလုပ်သမားများအား လူမှုဖူလုံရေးအကျိုးခံစားခွင့်များ ပေးအပ်
တောင်ကြီးမြို့၌ ရေဘေးသင့် အာမခံအလုပ်သမားများအား လူမှုဖူလုံရေးအကျိုးခံစားခွင့်များ ပေးအပ်
Ministry of Information/ Naypyitaw / January 18, 2025
တောင်ကြီး ဇန်နဝါရီ ၁၇
ရေဘေးသင့် အာမခံအလုပ်သမားများအား လူမှုဖူလုံရေးကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ခွင့်ပြုထုတ်ပေးခြင်းနှင့် အလုပ်ခွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ လူထုအခြေပြုစုပေါင်းခန်းမ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် ရှမ်းပြည်နယ်ဝန်ကြီးများ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမား ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ပြောကြား
ဦးစွာ ဒုတိယဝန်ကြီးက တိုင်ဖွန်းမုန်တိုင်း(ရာဂီ)ကြောင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အချို့တွင် ရေကြီး ရေလျှံမှုများဖြစ်ပွားခဲ့ပြီး စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများ ပိတ်သိမ်းရခြင်း၊ လယ်ယာမြေများ၊ သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံးကာ အခြေခံလူတန်းစားများအပါအဝင် လုပ်ငန်းရှင်များပါ စီးပွားရေး၊ လူမှုရေးထိခိုက်ခဲ့ရကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် သက်ဆိုင်ရာကဏ္ဍမှ နည်းလမ်းမျိုးစုံဖြင့် ပံ့ပိုးပေးခဲ့ပြီး အလုပ်သမားဝန်ကြီးဌာနအနေဖြင့် သဘာဝဘေးဒဏ်ခံစားခဲ့ရသည့် လူမှုဖူလုံရေးအာမခံအလုပ်သမားများကို နည်းလမ်းရှာ၍ ကူညီပေးခဲ့ကြောင်း၊ ရှမ်းပြည်နယ်အတွင်း အလုပ်ဌာန ၇၀၀ ကျော်တွင် အာမခံအလုပ်သမား ၁၀၀၀၀ ကျော်ရှိသည့်အနက် အလုပ်ဌာန ၄၀ မှ ရေဘေးသင့်အာမခံအလုပ်သမား ၂၃၀ ကို လူမှုဖူလုံရေး အကျိုးခံစားခွင့် ငွေကျပ် ၂၀ ဒသမ ၆၈ သန်း နှင့် အလုပ်ခွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ငွေကျပ် ၁၀ ဒသမ ၂၈ သန်းနှင့် ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေကျပ် ၁၃ ဒသမ ၇၅သန်းကို သက်ဆိုင်သူများထံ ယနေ့အခမ်းအနားတွင် ခွင့်ပြုထုတ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား လူမှုရေးရာဝန်ကြီးထံ ရေဘေးသင့် အာမခံအလုပ်သမား ၂၃၀ အတွက် လူမှုဖူလုံရေး အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ငွေကျပ် ၂၀ ဒသမ ၆၈ သန်းကို လွှဲပြောင်းပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား လူမှုရေးရာဝန်ကြီးနှင့် အာမခံအလုပ်သမားတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ စနေနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ စနေနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ စနေနေ့။
Announcement
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း
Ministry of Information / Posted on January 18, 2025
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း
အငြိမ်းစားမိဘပြည်သူများသို့ အသိပေးကြေညာချက်
Ministry of Planning and Finance / Posted on January 15, 2025
မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများကို e-Pension ကတ်ဖြင့် Centralized e-Pension စနစ်မှ ထုတ်ယူရရှိနိုင်သည့် ဘဏ်ခွဲ(၁၆၅)ဘဏ်စာရင်းကြေညာခြင်း
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂/၂၀၂၅)
Union Civil Service Board / Posted on January 17, 2025
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂/၂၀၂၅)