တောင်ကြီးမြို့ ၂၀၂၅ ခုနှစ် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ဖွင့်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ


Ministry of Information/ Naypyitaw / October 30, 2025
image_latest


တောင်ကြီး အောက်တိုဘာ ၂၉

၂၀၂၅ ခုနှစ် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ဖွင့်ပွဲအခမ်းအနား ကို ယနေ့ညနေပိုင်းက တောင်ကြီးမြို့ အဝေရာမီးပုံး ပျံကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။

ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် နှင့် ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး နှင့် တာဝန်ရှိသူများက စူဠာမုနိလောကချမ်းသာ ဘုရားအား ပန်း၊ ရေချမ်း၊ ဆီမီး ဆက်ကပ်ပူဇော်ကြပြီး စိန်နားပန်မီးပုံးပျံ တစ်လုံး လွှတ်တင်ပူဇော်ပေးသည်။

ဆက်လက်၍ ၂၀၂၅ ခုနှစ် တောင်ကြီးတန်ဆောင် တိုင်ပွဲတော်ကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ တိုင်းမှူးဗိုလ်ချုပ် ကျော်နိုင်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူ တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ကျင်းပရေးကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် က တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ ရှစ်ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း မြို့လုံးကျွတ် ဘုံကထိန်ပဒေသာပင် လှည့်လည်ပွဲ၊ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲ၊ မီးပဒေသာပင်လှည့်လည်ပူဇော်ပွဲ၊ နေ့လွှတ်မီးပုံးပျံ ၂၅၈ လုံး၊ ညလွှတ် မီးပုံးပျံညမီးကြီး ၄၃ လုံး၊ စိန်နားပန်မီးပုံးပျံ ၃၇လုံးဖြင့် မီးပုံးပျံပြိုင်ပွဲများ ကို ကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်၏ အထင်ကရ တောင်ကြီးတန် ဆောင်တိုင်ပွဲတော်ကြီးတွင် တိုင်းရင်းသားလူမျိုးစုအားလုံး၏ စည်းလုံးညီညွတ်မှုကို အခြေခံသည့် ပွဲတော်ကြီးတစ်ခုဖြစ်ပါကြောင်း၊ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကြီးကို တိုင်းရင်းသားလူမျိုးစု ညီအစ်ကိုမောင်နှမများ အားလုံး စည်းကမ်းတကျနှင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်ဆင်နွှဲကြခြင်းဖြင့် မြန်မာတိုင်းရင်းသားတို့၏ရိုးရာအမွေအနှစ်များကို ရေရှည်တည်တံ့ ခိုင်မြဲစေရေး ဝိုင်းဝန်းထိန်းသိမ်းစောင့် ရှောက်သွားကြရန် ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တန်ဆောင်တိုင်ပွဲတော်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး စိန်နားပန်မီးပုံးပျံ တစ်လုံး လွှတ်တင်ပေး၍ တိုင်းရင်းသား တိုင်းရင်းသူများက မီးပုံးပျံအလတ် အလုံး ၅၀၊ ကျောင်းသား ကျောင်းသူ ၉၀၀ က မီးပုံးပျံ အသေး ၃၀၀ လွှတ်တင်ပေးကာ မီးရှူး၊ မီးပန်း ပစ်ဖောက်ပေးကြပြီး အဆိုတော် ဟိန်းကိုနှင့် အာကာဟိန်းတို့က “လှမ်းခဲ့ပါချယ်ရီမြေနှင့် မင်္ဂလာပါ မိုင်ဆုန်ခ သီချင်းဖြင့် ဖျော်ဖြေ၍ တိုင်းရင်းသား ယဉ်ကျေးမှုအကအဖွဲ့နှင့် ပညာရေးဒီဂရီကောလိပ် အကအဖွဲ့တို့က တူညီအကဖြင့် တင်ဆက်ဖျော်ဖြေ ပေးကြပြီး ခေတ်ပေါ်တေးဂီတီးဝိုင်းဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။

မောင်မောင်သန်း(တောင်ကြီး)

Newspaper

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 31, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 30, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

Announcement

ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

Union Civil Service Board / Posted on November 01, 2025

ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

ကြော်ငြာစာအမှတ် (၁/၂၀၂၅)ပါ လစ်လပ်ရာထူး (၆၀‌၉) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

Union Civil Service Board / Posted on November 01, 2025

ကြော်ငြာစာအမှတ် (၁/၂၀၂၅)ပါ လစ်လပ်ရာထူး (၆၀‌၉) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

ကြော်ငြာစာအမှတ် (၂/၂၀၂၅)အတွက်စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း

Union Civil Service Board / Posted on November 01, 2025

ကြော်ငြာစာအမှတ် (၂/၂၀၂၅)အတွက်စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023