ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ ၄၈ စတုရန်းကီလိုမီတာလျှင် ကျားသစ်တစ်ကောင်မှ သုံးကောင်အထိ နေထိုင်ကျက်စားလျက်ရှိ
ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ ၄၈ စတုရန်းကီလိုမီတာလျှင် ကျားသစ်တစ်ကောင်မှ သုံးကောင်အထိ နေထိုင်ကျက်စားလျက်ရှိ
Ministry of Information/ Naypyitaw / May 18, 2026
ဟုမ္မလင်း မေ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်အတွင်း ချင်းတွင်းမြစ်၏ အရှေ့ဘက်၌ တည်ရှိသည့် ထမံသီတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောတွင် ၄၈ စတုရန်း ကီလိုမီတာလျှင် ကျားသစ်တစ်ကောင်မှ သုံးကောင်အထိ နေထိုင်ကျက်စားလျက်ရှိကြောင်း ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
အဆိုပါတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၌ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဘေးမဲ့တော၏ နမ့်ပုဂွန်ချောင်းနှင့် နမ့်အီးဇူးချောင်းဧရိယာတို့၌ အလိုအလျောက်ရိုက် ထောင်ချောက်ကင်မရာ ၄၈ လုံးဖြင့် ရက်ပေါင်း ၆၀ (နှစ်လ)ကြာ သုတေသနပြုလုပ်ခဲ့ရာမှ ကျားသစ်များ နေထိုင်ကျက်စားမှုကို တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်သည်။
ကျားသစ်ကောင်ရေ၊ ကျက်စားရာဒေသအပါအဝင် ပေါက်ရောက်သည့် သီးပင်၊ စားပင်များ၏ အခြေအနေကိုသာမက ကင်မရာထောင်ချောက်မှတစ်ဆင့် တွေ့ရှိချက်များအပေါ် အခြေခံကာ စီမံအုပ်ချုပ်နိုင်ရေးအတွက် စနစ်တကျသုတေသနပြုဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ထမံသီဘေးမဲ့တောရဲ့ စာရင်းကောက် ဧရိယာနှစ်ခုစလုံးကရရှိတဲ့ အချက်အလက်တွေကို အခြေခံတွက်ချက်ကြည့်တာ စတုရန်းကီလိုမီတာ ၄၈ မှာ ကျားသစ်တစ်ကောင်ကနေ သုံးကောင်အထိ နေထိုင်ကျက်စားနေတာ လေ့လာသိရှိရပါတယ်။ ဒါပေမယ့် ဒီဘေးမဲ့တောမှာ ကျားသစ်ကောင်ရေ တိုးလာသလား၊ လျော့နည်းသွားသလား ဆိုတာတော့ ဘေးမဲ့တောအနှံ့ တစ်ပြိုင်တည်း လေ့လာနိုင်မှကျားသစ်ကောင်ရေ အတိအကျကို ပြောလို့ရမှာပါ”ဟု ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ကျားသစ်သတ္တဝါ”ကို အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့ IUCN က မျိုးသုဉ်းရန်အန္တရာယ်ကျရောက်နိုင်သောမျိုးစိတ် Vulnerable(VU) အဖြစ် သတ်မှတ် ထားပြီး မြန်မာနိုင်ငံအနေဖြင့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေအရ လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များ စာရင်းတွင် ထည့်သွင်းထားကြောင်း သိရသည်။
ပိန်းဇလုပ် -သိန်းညွန့်
Newspaper
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 16, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း
Naypyitaw Development Committee / Posted on May 18, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း
ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT) အစီအစဉ် အသိပေး နှိုးဆော်ခြင်း
Ministry of Information / Posted on May 14, 2026
ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အစီအစဉ် အသိပေးနှိုးဆော်ခြင်း
လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း
Ministry of Information / Posted on May 14, 2026
လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း
