ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ (၄၃)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံ(43rd ASEANAPOL Conference) သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ (၄၃)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံ(43rd ASEANAPOL Conference) သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်
Ministry of Home Affairs/ နေပြည်တော် / November 09, 2025
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်မှ ၇ ရက်အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Grand Hyatt Erawan ဟိုတယ်၌ ကျင်းပပြုလုပ်သည့် (၄၃)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံ (43rd ASEANAPOL Conference) သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြပါ သည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သော ညီလာခံဖွင့်ပွဲအခမ်းအနား၌ ထိုင်းနိုင်ငံတော်ဝင်ရဲတပ်ဖွဲ့၊ ရဲချုပ် ရဲဗိုလ်ချုပ်ကြီး Kittharath Pun petch က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ထိုင်းနိုင်ငံ၊ ဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Anutin Charnvirakul က အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။ ညီလာခံသို့ အာဆီယံရဲအဖွဲ့ဝင် ၁၀ နိုင်ငံမှ ရဲချုပ်များ၊ ဒုတိယရဲချုပ်များနှင့် အဆင့်မြင့်ရဲအရာရှိကြီးများ၊ အာဆီယံရဲအဖွဲ့ အတွင်းရေးမှူးရုံးမှ အလုပ် အမှုဆောင်ညွှန်ကြားရေးမှူးနှင့် အရာရှိများ၊ ဆွေးနွေးဖက်များဖြစ်ကြသော ဩစတြေးလျနိုင်ငံ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ နယူးဇီလန်နိုင်ငံ၊ ရုရှားနိုင်ငံ၊ တူကီယဲနိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာရဲအဖွဲ့(INTERPOL)၊ အမေရိကန်အမျိုးသားထောက်လှမ်းရေးဗျူရို(Federal Bureau of Investigation-FBI) နှင့် လေ့လာသူများဖြစ်ကြသော ကနေဒါနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာရဲချုပ်များအသင်း(International Association of Chiefs of Police-IACP)၊ ပြင်သစ်နိုင်ငံ၊ ဖီဂျီနိုင်ငံ၊ တီမောလက်စ်တီနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(International Committee of the Red Cross-ICRC)၊ အီတလီနိုင်ငံ၊ အာရပ်စော်ဘွားများပြည်ထောင်စု(UAE)၊ ပင်လယ်ကွေ့နိုင်ငံရဲတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ(Gulf Cooperation Council Police-GCCPOL) တို့မှ ပြည်ထဲရေးဝန်ကြီး၊ ရဲချုပ်များ၊ ဒုတိယရဲချုပ်များ၊ အကြီးတန်းရဲအရာရှိကြီးများနှင့် ကိုယ်စားလှယ်များ၊ စုစုပေါင်း ၂၂၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
ညီလာခံဖွင့်ပွဲအခမ်းအနားပြီးနောက် ကော်မရှင် အေ၊ ဘီ၊ စီ အစည်းအဝေးများကို သီးခြားစီ ကျင်းပပြုလုပ်ခဲ့ကြပြီး အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ သက်ဆိုင်ရာအဆင့်မြင့်ရဲအရာရှိကြီးများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးများ၌ မူးယစ်ဆေးဝါးကုန်ကူးမှု၊ အကြမ်းဖက်မှု၊ လက်နက်မှောင်ခိုမှု၊ လူကုန်ကူးမှု၊ တောရိုင်းတိရစ္ဆာန်မှုခင်း၊ ငွေကြေးဆိုင်ရာမှုခင်း၊ ဆိုက်ဘာမှုခင်း၊ ပင်လယ်ရေကြောင်းဆိုင်ရာမှုခင်း စသည့်မှုခင်းများတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအပြင် အာဆီယံရဲအဖွဲ့အီလက်ထရောနစ်သတင်းအချက်အလက်စနစ်(Electronic ASEANAPOL Database System-e-ADS) အသုံးပြုမှုမြှင့်တင်ရေး၊ ပြစ်မှုဆိုင် ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အပြန်အလှန်အကူအညီပေးရေး(Mutual Assistance in Criminal Matters)၊ အာဆီယံရဲအဖွဲ့ဝင် နိုင်ငံများအကြား သင်တန်းသားများ အပြန်အလှန်စေလွှတ်ရေးနှင့် အာဆီယံရဲအဖွဲ့၏ မှုခင်းဆေးသိပ္ပံကွန်ရက်(ASEAN Police Forensic Science Network- APFSN) အသုံးပြုမှုမြှင့်တင်ရေးစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါသည်။
မွန်းလွဲပိုင်းတွင် အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေးဖက်နှင့် လေ့လာဖက်နိုင်ငံအဖွဲ့အစည်းများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ တက်ရောက်ရသော ပထ မအကြိမ် စုံညီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေး၌ (၄၂)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်က အဖွင့်အမှာစကားပြောကြားပြီး (၄၂)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ညီလာခံပူးတွဲကြေညာချက် (42nd Joint Communique-42nd JC) အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအခြေအနေ အစီရင်ခံစာအကျဉ်းချုပ်ကို ဖတ်ကြားခဲ့ပါသည်။ ယင်းနောက် အာဆီယံရဲအဖွဲ့ညီလာခံဥက္ကဋ္ဌ တာဝန်အား ထိုင်းနိုင်ငံတော်ဝင်ရဲတပ် ဖွဲ့၊ ရဲချုပ်ထံသို့ အစီရင်ခံစာ အကျဉ်းချုပ်နှင့်အတူ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ (၁၄)ကြိမ်မြောက် အလုပ်အမှုဆောင်ကော်မတီအစည်းအဝေး၌ ဆွေးနွေးခဲ့သည့် အချက်များကို ထပ်မံဆွေးနွေးအတည်ပြုသည့် အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုကို ကျင်းပပြုလုပ်ခဲ့ပါသည်။ (၁၄)ကြိမ်မြောက် အလုပ်အမှုဆောင်ကော်မတီအစည်းအဝေးကို နို ဝင်ဘာ ၃ ရက် ညနေပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ ဆက်လက်၍ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် ဆွေးနွေးဖက်နိုင်ငံအဖွဲ့အစည်းများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေး၌ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ရဲတပ်ဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်တင်ရေးနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။
နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ကော်မရှင် အေ၊ ဘီ၊ စီ အစည်းအဝေးများကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြပါသည်။ မွန်းလွဲပိုင်းတွင် အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များနှင့် အာဆီယံရဲအဖွဲ့ အတွင်းရေးမှူးရုံးမှ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူးတို့က ထိုင်းနိုင်ငံ၊ ဝန်ကြီးချုပ်ထံ သွားရောက်တွေ့ ဆုံဂါရဝပြုခဲ့ကြပါသည်။
နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းတွင် ဒုတိယအကြိမ် စုံညီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေး၌ ကော်မရှင် အေ၊ ဘီ၊ စီ အစည်းအဝေးများမှရလဒ်များနှင့် (၄၃)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ညီလာခံပူးတွဲကြေညာချက်တွင် ထည့်သွင်းမည့်အချက်များကို သက်ဆိုင်ရာ အစည်းအဝေးသဘာပတိများက ရှင်း လင်းဖတ်ကြားတင်ပြခဲ့ကြပါသည်။ မွန်းလွဲပိုင်းတွင် ညီလာခံပိတ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး (၄၃)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံ ပူးတွဲကြေညာချက် (43rd Joint Communique- 43rd JC) အား အာဆီယံရဲအဖွဲ့ဝင် ၁၀ နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက လက်မှတ်ရေးထိုးခဲ့ကြပါသည်။ အဆိုပါ 43rd JC ၏ နောက်ဆက်တွဲအဖြစ် ပူးတွဲဖော်ပြမည့် အွန်လိုင်းအသုံးပြုလိမ်လည်မှု ကျူးလွန်နေသော အဖွဲ့အစည်းများအား နှိမ်နင်းတိုက်ဖျက်ရေးဆိုင်ရာပူး တွဲကြေညာချက် (Bangkok Joint Declaration on eliminating scam centres linked to trafficking in persons for forced criminality) ကိုလည်း အတည်ပြုခဲ့ကြပါသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ ရန်ကုန်မြို့သို့ လေ ကြောင်းခရီးစဉ်ဖြင့် နိုဝင်ဘာ ၇ ရက် ညနေပိုင်းတွင် ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိပါသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်းအသိပေးကြေညာခြင်း
Ministry of Information / Posted on November 08, 2025
သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများက တာဝန်ယူဖွင့်လှစ်သည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ မကြာမီတွင် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများသည် ရွေးကောက်ပွဲစတင်ကျင်းပမည့် ၂၈-၁၂-၂၀၂၅ ရက်နေ့တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၌ကျောင်းတက်ရောက်နေကြရမည်ဖြစ်ပါသည်။ အဆိုပါ ကျောင်းသား၊ ကျောင်းသူများအနက် မိမိတို့မဲစာရင်းပါရှိသည့်
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
Ministry of Transport and Communications / Posted on November 08, 2025
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
Ministry of Transport and Communications / Posted on November 08, 2025
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
