ဒီးမော့ဆိုမြို့နယ် ငွေတောင်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအား စုပေါင်းသန့်ရှင်းရေးပြုလုပ်၊ လွိုင်ကော်မြို့ပေါ်ရှိ ဆရာ ဆရာမများအား စားသောက်ဖွယ်ရာများပေးအပ်၊ နယ်မြေခံတပ်မတော်ဆေးရုံ၌ ဆေးဝါးကုသမှုခံယူသူများအား သွားရောက်ကြည့်ရှုအားပေး
ဒီးမော့ဆိုမြို့နယ် ငွေတောင်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအား စုပေါင်းသန့်ရှင်းရေးပြုလုပ်၊ လွိုင်ကော်မြို့ပေါ်ရှိ ဆရာ ဆရာမများအား စားသောက်ဖွယ်ရာများပေးအပ်၊ နယ်မြေခံတပ်မတော်ဆေးရုံ၌ ဆေးဝါးကုသမှုခံယူသူများအား သွားရောက်ကြည့်ရှုအားပေး
Ministry of Information/ Naypyitaw / October 28, 2025
နေပြည်တော် အောက်တိုဘာ ၂၇
KNPP/ KNDF/PDF အကြမ်းဖက်သောင်းကျန်းသူများသည် ကယားပြည်နယ်အတွင်းရှိ မြို့နယ်များနှင့် ကျေးလက်ဒေသများပါမကျန် သာသနိကအဆောက်အအုံများ၊ တက္ကသိုလ်များ၊ ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၏ အိုးအိမ်အဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်းများကို ရက်စက်ယုတ်မာရိုင်းစိုင်းစွာ ပြုလုပ်ခဲ့ကြသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့/ရွာအေးချမ်းသာယာရေးအတွက် အဆိုပါနယ်မြေအတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ်ဒီးမော့ဆိုမြို့နယ် ငွေတောင်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် လမ်းဘေးဝဲ/ယာ ချုံနွယ်များအား တပ်မတော်သားများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ စက်ယန္တရားများဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်ဇော်မင်းလတ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးသည်။
ထို့နောက် ကယားပြည်နယ် လွိုင်ကော်တပ်နယ်ခန်းမ၌ လွိုင်ကော်မြို့ပေါ်ကျောင်းများမှ ဆရာ ဆရာမများအား စားသောက်ဖွယ်ရာများ ပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ ဗိုလ်ချုပ်ဇော်မင်းလတ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာဆရာမများ တက်ရောက်ကြသည်။
ဦးစွာ ဗိုလ်ချုပ်ဇော်မင်းလတ်က အမှာစကားပြောကြားသည်။ ယင်းနောက် ဗိုလ်ချုပ်ဇော်မင်းလတ်နှင့် တိုင်းမှူးတို့က စားသောက်ဖွယ်ရာများပေးအပ်ရာ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများက အသီးသီးလက်ခံရယူကြပြီး ဆရာ ဆရာမများကိုယ်စား ကျောင်းအုပ်ဆရာကြီး တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဆက်လက်၍ ဗိုလ်ချုပ် ဇော်မင်းလတ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသော ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ထို့ပြင် ဗိုလ်ချုပ်ဇော်မင်းလတ်နှင့် အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် လွိုင်ကော်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသော အရာရှိ/ စစ်သည်များ၊ မိသားစုဝင်များအား သွားရောက်တွေ့ဆုံ၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသ ပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများကို လိုက်လံကြည့်ရှုအားပေးစကား ပြောကြားပြီး အာဟာရဖြည့် စားသောက်ဖွယ်များ ပေးအပ်ကြသည်။
ယင်းနောက် ဗိုလ်ချုပ်ဇော်မင်းလတ်နှင့် အဖွဲ့ဝင်များသည် ဆေးရုံဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးရုံရှိ ဆရာဝန်၊ သူနာပြုများ၊ ဝန်ထမ်းများနှင့် လူနာများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။
Announcement
အငယ်တန်းစာရေးနှင့် ဒု-လ/ထကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူးနေရာများအတွက် ရေးဖြေအောင်မြင်သူများစာရင်း ထုန်ပြန်ကြေညာခြင်း-
Revenue Appellate Tribunal / Posted on September 19, 2025
အငယ်တန်းစာရေးနှင့် ဒု-လ/ထကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူးနေရာများအတွက် ရေးဖြေအောင်မြင်သူများစာရင်း ထုန်ပြန်ကြေညာခြင်း-
ရေကြောင်းသတိပေးကြေညာချက်
Ministry of Information / Posted on October 27, 2025
ရေကြောင်းသတိပေးကြေညာချက်
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ ပြင်ဆင်ထုတ်ပြန်
Ministry of Information / Posted on October 27, 2025
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ ပြင်ဆင်ထုတ်ပြန်
