ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် မော်လမြိုင်တက္ကသိုလ်နှင့် မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် မော်လမြိုင်တက္ကသိုလ်နှင့် မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / October 28, 2024
ရန်ကုန် အောက်တိုဘာ ၂၇
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ မွန်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်သို့ ရောက်ရှိပြီး အဝေးသင်တက္ကသိုလ် ဒုတိယအသုတ်ဝိဇ္ဇာတွဲ ဘာသာရပ်စာမေးပွဲများ ဖြေဆိုနေမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးကာ တက္ကသိုလ်ပင်မဆောင် အစည်းအဝေးခန်း၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက သင်ကြားသင်ယူမှုနည်းစနစ်များနှင့် ပရောဂျက်အခြေပြုသင်ကြားရာတွင် တွေ့ကြုံရသည့် အတွေ့အကြုံများကို မေးမြန်းဆွေးနွေးပြီး ပညာရေးဝန်ကြီးဌာန၏ မူဝါဒများကို ရှင်းလင်းပြောကြားကာ ပါမောက္ခများထမ်းဆောင်ရ မည့်တာဝန်များနှင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများကိုမှာကြား၍ တက္ကသိုလ်စာကြည့်တိုက်နှင့် ကျောင်းပရိဝုဏ်သန့်ရှင်းသာယာရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် မော်လမြိုင်ပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိပြီး ဆရာ ဆရာမများနှင့် တွေ့ဆုံကာ စာသင်ဆောင်၊ အိပ်ဆောင်များ၌ ရေ၊ မီးပြည့်စုံရေး၊ ဝိုင်ဖိုင်ရရှိရေး၊ သောက်ရေသန့်စနစ်တပ်ဆင်ရေး၊ အားကစားပစ္စည်းများ ဖြည့်ဆည်းရေးကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ ကျောင်းပရိဝုဏ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၂၈ ရက်၊ တနင်္လာနေ့။
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ ရက်၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၂၆ ရက်၊ စနေနေ့။
Announcement
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ပထမနှစ်ဝင်ခွင့်လျှောက်လွှာ လက်ခံမည့်ရက် တိုးမြှင့်သတ်မှတ်ကြောင်းကြေညာခြင်း
Ministry of Cooperatives and Rural Development / Posted on October 28, 2024
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၄၁/၂၀၂၄)
Union Civil Service Board / Posted on October 24, 2024
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၄၁/၂၀၂၄)
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ၊ နေပြည်တော်ပုံနှိပ်စက်ရုံ(ဇေယျာသီရိ)၌ ( အလျား ၈ဝ၊ x အနံ ၈ဝ၊ x အမြင့် ၁၈၊ ) သိုလှောင်ရုံ(၁)လုံး ဆောက်လုပ်ခြင်းလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း
Ministry of Information / Posted on October 22, 2024