ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့တို့ရှိ တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များ၊ အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့တို့ရှိ တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များ၊ အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး
Ministry of Education/ Naypyitaw / April 10, 2025
နေပြည်တော် ၂၀၂၅ ဧပြီ ၁၀
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ဧပြီ ၉ရက်တွင် တာဝန်ရှိသူများနှင့်အတူ ပြင်ဦးလွင်မြို့ အမှတ်(၁)နှင့် အမှတ်(၄) အခြေခံပညာ အထက်တန်း ကျောင်းများ တွင် ပညာရေးနှင့် သင်ပြနည်းပညာ ဒီပလိုမာသင်တန်း တက်ရောက်လျက်ရှိကြသည့် ဆရာ ဆရာမများအား တွေ့ဆုံအားပေးကာ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် မန္တလေးမြို့ပေါ်ရှိ တက္ကသိုလ်များနှင့် ပညာရေးဒီဂရီ ကောလိပ်သို့ သွားရောက်၍ ပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ အားပေးစကား ပြောကြားကာ ငလျင်ဒဏ်သင့်ဝန်ထမ်းများ နေထိုင်စားသောက်မှုအဆင်ပြေရေး၊ ရေ၊ မီးပြည့်စုံရေး၊ ဇွန်လတွင် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အောင်မြေသာစံမြို့နယ်ရှိ အမှတ်(၂၀) အခြေခံပညာ အထက်တန်းကျောင်းသို့ရောက်ရှိကာ ငလျင်ဒဏ်ကြောင့် ပင်မဆောင် ပြိုကျပျက်စီးမှုအခြေအနေ များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Newspaper

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၁၃ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁၂ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ မေ ၁၁ ရက်၊ တနင်္ဂနွေနေ့။
Announcement
ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော အဆောက်အဦ၊ လမ်း၊ တံတားများအတွက် ပျက်စီးမှုအမျိုးအစားနှင့် ပျက်စီးမှုပုံစံများအလိုက် ပြန်လည်ပြုပြင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းအဆင့်ဆင့် (Standard Operating Procedure – SOP)
Ministry of Construction / Posted on May 13, 2025
Travel Advisory (1/2025)
Ministry of Hotel & Tourism / Posted on May 12, 2025
ခရီးသွားအကြံပြုချက် (၁/၂၀၂၅)
Ministry of Hotel & Tourism / Posted on May 12, 2025