ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် အခြေခံပညာကျောင်းများ၌ ဒုတိယနေ့ကျောင်းအပ်နှံ‌မှု လှည့်လည်ကြည့်ရှု


Ministry of Information/ Naypyitaw / May 25, 2025
image_latest


နေပြည်တော် မေ ၂၄

ကျောင်းအပ်နှံရေး သီတင်းပတ် အဖြစ် မေ ၂၂ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်၍ ကျောင်းအပ်နှံမှု လက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အခြေခံပညာကျောင်းအသီးသီး၌ ဒုတိယနေ့ ကျောင်းအပ်လက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ပညာရေးဝန်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်များနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁၄) အခြေခံပညာအထက်တန်း‌ကျောင်းများသို့ သွားရောက်၍ ကျောင်းလာရောက်အပ်နှံသည့် မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်း အပ်နှံနိုင်ရေး ဆောင်ရွက်ပေးနေမှု၊ ကျောင်းသား ကျောင်းသူများအတွက် ပြဋ္ဌာန်းပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများ တစ်ပါတည်း‌ အခမဲ့ထောက်ပံ့‌ပေးအပ်‌နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ကျောင်းလာရောက်အပ်နှံကြသည့် ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဇွန် ၁၆ ရက်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည် ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ စခန်းသွင်းလေ့ကျင့်သင်ကြားပေးနေမှုကို ရင်းရင်းနှီးနှီး လိုက်လံကြည့်ရှုအားပေးကာ ကျောင်းသား‌ ကျောင်းသူများ စာမေးပွဲပြန်လည်ဖြေဆိုရာတွင် ယခင်ရည်မှန်းချက်ထက် ပိုမိုမြင့်မားသည့် ရည်မှန်းချက်ဖြင့် ကြိုးစားသင်ယူကြ‌‌စေလို ကြောင်း၊ စခန်းသွင်းလေ့ကျင့်စဉ်ကာလအတွင်း ကျန်းမာ‌ရေးအထူးဂရုစိုက်ကြစေလို‌ကြောင်း မှာကြားပြီး စားသောက်ရေး၊ နေထိုင်ရေးကိစ္စရပ်များ အဆင်ပြေစေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၂၅ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၂၄ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၂၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Ministry of Transport and Communications / Posted on May 22, 2025

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၇/၂၀၂၅)

Union Civil Service Board / Posted on May 23, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၇/၂၀၂၅)

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023