ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဉာဏ်ရည်တုနည်းပညာ နှီးနှောဖလှယ်ပွဲ ပိတ်ပွဲတက်ရောက်


Ministry of Information/ Naypyitaw / December 12, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၁

မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအကြား ဉာဏ်ရည်တုနည်းပညာ(AI)ကဏ္ဍ နှီးနှောဖလှယ်မှုများဆောင်ရွက်နေသည့် ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အတတ်ပညာမြှင့်တင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နန်နင်းမြို့ ၌ ဒီဇင်ဘာ ၆ ရက်က ဆက်လက်လေ့လာကြသည်။

နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကွမ်ရှီးဟာဝေး(Huawei)ရုံးချုပ်သို့ရောက်ရှိရာ တာဝန်ရှိသူများက ကင်မရာနှင့် ရေဒါများ၊ အာရုံခံကိရိယာများနှင့် အဆင့်မြင့်ထိန်းချုပ်စနစ်များ တပ်ဆင်ထားသည့် AI သုံး မောင်းသူမဲ့ EV များကို အသုံးပြုပုံများ၊ ဘက်ထရီနှင့် အားသွင်းမှုအခြေအနေများကို လက်တွေ့ရှင်းလင်းပြသရာ ဒုတိယဝန်ကြီးက EV သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေး ပူးပေါင်းဆောင်ရွက်ရန် မေးမြန်းဆွေးနွေးသည်။

ယင်းနောက် Smart Building တွင် AI သုံး အလိုအလျောက် ထိန်းချုပ်စနစ်များဖြင့် လျှပ်စစ်မီးအလင်းရောင်၊ ဖျော်ဖြေရေး၊ စွမ်းအင်သုံးစွဲမှုအလုပ် လုပ်ပုံများကို လက်တွေ့လိုက်လံရှင်းလင်းပြသရာ ဒုတိယဝန်ကြီးက ပြန်လည်မေးမြန်းဆွေးနွေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကွမ်ရှီး JieJiaRun-JJR သိပ္ပံနှင့် နည်းပညာကုမ္ပဏီသို့ရောက်ရှိရာ တာဝန်ရှိသူများက စိုက်ပျိုးသူမလိုအပ်ဘဲ မိမိတို့ စိုက်ပျိုးရေးခြံအား AI ဖြင့် စိုက်ပျိုးနိုင်မှု၊ AI ဖြင့် စိုက်ပျိုးပြီးသီးနှံများ အထွက်ကောင်းစေရေးနှင့် ပိုးမွှားအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတို့ကို ဆောင်ရွက်မှုများ၊ အာဆီယံနှင့် အာဖရိကနိုင်ငံများနှင့် စိုက်ပျိုးရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးနှင့်အဖွဲ့က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် နန်နင်းဟိုတယ်ကြီး၌ ဉာဏ်ရည်တုနည်းပညာ နှီးနှောဖလှယ်ပွဲ၏ ပိတ်ပွဲအခမ်းအနားကိုကျင်းပရာ ဒုတိယဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့၊ ပိုင်ဆယ်မြို့ အစိုးရအရာရှိများ ကောလိပ်မှ ဒုတိယကျောင်းအုပ်ကြီး Mr. Gaol Yisong၊ နိုင်ငံတကာဆက်ဆံရေးနှင့် သင်တန်းပေး ရေးဌာနမှူး Mr. Wei Xiao နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပေးအပ်

အစီအစဉ်အရ နှီးနှောဖလှယ်ပွဲဆိုင်ရာ မှတ်တမ်းဗီဒီယိုကိုပြသခဲ့ပြီး ဒုတိယဝန်ကြီးနှင့် ဒုတိယကျောင်းအုပ်ကြီးတို့က အမှာစကားများနှင့် တရုတ်-မြန်မာနှစ်နိုင်ငံအကြား ညီအစ်ကိုသဖွယ် ချစ်ကြည်ရင်းနှီးလှသော ဆွေးမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုအဓွန့်ရှည်ခိုင်မြဲစေလျက် ဖွံ့ဖြိုးရေးထိရောက်နက်ရှိုင်းလှသော AI ကဏ္ဍပူးပေါင်းဖလှယ် ရေးများကို စဉ်ဆက်မပြတ် အရှိန်မြှင့်တင်ပြီး အေးအတူ ပူအမျှ မျှဝေသော အနာဂတ်အသိုက် အဝန်းကောင်းများကို အတူတကွ တည်ဆောက်သွားကြရန် ပြောကြားကြပြီး ဒုတိယကျောင်းအုပ်ကြီးက နှီးနှောဖလှယ်ပွဲ အောင်မြင်စွာပြီးမြောက်ခြင်းဆိုင်ရာ ဂုဏ်ပြုလွှာများကို မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 12, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 11, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှု ဗဟိုကော်မတီ ဖွဲ့စည်းခြင်း

Ministry of Information / Posted on December 10, 2025

အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှု ဗဟိုကော်မတီ ဖွဲ့စည်းခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023