ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ရှမ်းပြည်နယ် ကျိုင်းတုံမြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ခိုလမ်မြို့ရှိ ကျောင်းများ ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ရှမ်းပြည်နယ် ကျိုင်းတုံမြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ခိုလမ်မြို့ရှိ ကျောင်းများ ကြည့်ရှုစစ်ဆေး
Ministry of Education/ Naypyitaw / January 22, 2026
နေပြည်တော် ၂၀၂၆ ဇန်နဝါရီ ၂၂
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ဇန်နဝါရီ ၁၉ ရက် မွန်းလွဲပိုင်းက ယခင်ကွန်ပျူတာတက္ကသိုလ် (ကျိုင်းတုံ)သို့ ရောက်ရှိပြီး ကျိုင်းတုံပညာရေး ဒီဂရီ ကောလိပ်ကို နေရာပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးက ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ်၊ ကျိုင်းတုံပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပညာရေးမှူး၊ တာဝန်ရှိသူတို့နှင့် တွေ့ဆုံ၍ ကျိုင်းတုံ ပညာရေးဒီဂရီကောလိပ်ကို ကျိုင်းတုံတက္ကသိုလ်ဝင်းအတွင်း ဖွင့်လှစ်နေရကြောင်း၊ ထို့ကြောင့် Polytechnic University (ကျိုင်းတုံ)သို့ ပြောင်းရွှေ့ဖွင့်လှစ်သွားသဖြင့် လစ်လပ်နေသော ကွန်ပျူတာတက္ကသိုလ် (ကျိုင်းတုံ) နေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေးအတွက် လေ့လာစီစဉ်ဆောင်ရွက်သွားရေး အားလုံးပူးပေါင်းဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် တက္ကသိုလ်သုံးထပ် ပင်မဆောင်၊ ဖူဆယ်ဘောလုံး ကွင်း၊ အားကစားရုံ၊ ဆရာ ဆရာမများအဆောင်၊ ကျောင်းသား ကျောင်းသူ ၈၀ ဆံ့ အိပ်ဆောင်နှင့် ဝန်ထမ်းအိမ်ရာတို့ကို လှည့်လည်ကြည့်ရှုကာ ကျိုင်းတုံပညာရေးဒီဂရီကောလိပ်မှ ရွှေ့ပြောင်း တက်ရောက်ကြမည့် ကျောင်းသား ကျောင်းသူများ သင်ကြားရေး၊ နေထိုင်ရေး အဆင်ပြေစေရန် လိုအပ်သည့်အဆောင်များအတွက် အကွက်ချပုံစံရေးဆွဲနိုင်ရေးကို လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြ သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ကျိုင်းတုံတက္ကသိုလ်သို့ ရောက်ရှိကာ ဘွဲ့နှင်းသဘင်ခန်းမ တွင် ဆရာ ဆရာမများအား တွေ့ဆုံအားပေးပြီး လိုအပ်သည်များကို မေးမြန်းဖြည့်ဆည်းပေးကာ တက္ကသိုလ်ဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ကျိုင်းတုံတက္ကသိုလ်စာကြည့်တိုက်နှင့် ကျိုင်းတုံပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိလေ့လာပြီး ကျိုင်းတုံတက္ကသိုလ် ဘောလုံးကွင်းနှင့် အားကစားရုံတို့ကို စစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းပေးသည်။
ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ရှမ်းပြည်နယ် ခိုလမ်မြို့ အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်ဆရာကြီးအား လိုအပ်သည်များ မေးမြန်းကာ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ရွှေစည်းခုံကောင်းမှုလျှံပြည်ငြိမ်းအေး စေတီတော်မြတ်ကြီးအား ဖူးမြော် ကန်တော့ခဲ့ကြောင်း သိရသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဇန်နဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဇန်နဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။
Announcement
ပြည်သူလူထုသို့ အသိပေးနှိုးဆော်ချက်
Ministry of Information / Posted on January 29, 2026
ပြည်သူလူထုသို့ အသိပေးနှိုးဆော်ချက်
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း
Ministry of Information / Posted on January 29, 2026
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း
Ministry of Information / Posted on January 28, 2026
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း
