ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူ (၈၁) နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ၌ စုပေါင်းသန့်ရှင်းရေး လုပ်အားပေးနေမှု ကြည့်ရှုအားပေး


Ministry of Information/ Naypyitaw / March 23, 2026
image_latest


နေပြည်တော် မတ် ၂၂

(၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ ဦးစီးဌာနများဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်နှင့်ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ၌ စုပေါင်းသန့်ရှင်းရေး လုပ်အားပေးကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်အားပေးနေမှုကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း၊ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ကျန်းမာရေးဝန်ကြီး ဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယရဲချုပ်များနှင့် တပ်ဖွဲ့၊ ဦးစီးဌာနများမှတာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီး ဒေါက်တာ သောင်းလှိုင်နှင့် ဆေးရုံတာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေး ကြသည်။

စုပေါင်းသန့်ရှင်းရေးလုပ်အားပေးပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများမှ တပ်ဖွဲ့ ဝင်နှင့် ဝန်ထမ်းအင်အား ၁၀၁၀ တို့နှင့်အတူ ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်း အင်အား၂၀၀ စုစုပေါင်းအင်အား ၁၂၁၀ တို့က ဆေးရုံကြီးဝင်း အတွင်း/အပြင် သန့်ရှင်းသာယာလှပရေးအတွက်ဆောင်ရွက်ခြင်း၊ ဆေးကုသဆောင်နှင့် အဆောက်အအုံများပေါ်ရှိ အမှိုက်များ၊ သစ်ရွက်ခြောက်များ ဖယ်ရှားရှင်းလင်းခြင်း၊ အဆောက်အအုံများဘေးထိစပ်နေသော သစ်ကိုင်းများ၊ သစ်ပင်ကြီးများ အမြင်တင့်တယ်စေရေး၊ လေဝင်/လေထွက် ကောင်းမွန်စေရေးနှင့် အလင်းပွင့်စေရေးအတွက် ခုတ်ထွင်ဖယ်ရှား ရှင်းလင်းခြင်း၊ ချုံနွယ်ပေါင်းမြက်များ ဖယ်ရှားရှင်းလင်းခြင်းနှင့် ရေနုတ်မြောင်း များဖော်ထုတ်ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ကြပြီး စုပေါင်းသန့်ရှင်းရေးလုပ်အား ပေးဆောင်ရွက်သည့် တပ်ဖွဲ့ဝင်နှင့်ဝန်ထမ်းများကို စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ မတ် ၂၃ ရက်၊ တနင်္လာနေ့


Publisher: မြန်မာ့အလင်း/ March 23, 2026

Publication Date: 2026

Page: ၃၂

Language: မြန်မာ

Download

Announcement

အခွန်အယူခံခုံအဖွဲ့က (၃၁-၃-၂၀၂၆) ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Revenue Appellate Tribunal / Posted on March 24, 2026

အခွန်အယူခံခုံအဖွဲ့က (၃၁-၃-၂၀၂၆) ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခကြောင့် မိမိတို့နိုင်ငံတွင် စက်သုံးဆီသုံးစွဲမှု အခက်အခဲမဖြစ်ပေါ်စေရေး ပူးပေါင်းဆောင်ရွက်ကြပါရန် အသိပေးထုတ်ပြန်ချက်

Ministry of Information / Posted on March 22, 2026

အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်လျက်ရှိသည့် စစ်ရေးပဋိပက္ခကြောင့် မိမိတို့နိုင်ငံအတွင်း စက်သုံးဆီသုံးစွဲမှု အခက်အခဲမဖြစ်ပေါ်စေရေး စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စောင့်ကြည့်၊ ကြပ်မတ်၊ ထိန်းကျောင်းမှုများ ဆောင်ရွက်လျက်ရှိပါသည်။

အပတ်စဉ်ဗုဒ္ဓဟူးနေ့အား အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို နေအိမ်မှသာဆောင်ရွက်ကြရန် သတ်မှတ်ကြေညာ

Ministry of Information / Posted on March 22, 2026

၁။ အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဖြစ်ပေါ်လာနိုင်သည့် စက်သုံးဆီရှားပါးမှုကို ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ စုံ ၊ မ ယာဉ်သုံးစွဲသည့်စနစ်နှင့် စက်သုံးဆီဝယ်ယူသည့်စနစ်တို့ကို သတ်မှတ်ကြေညာခဲ့ပြီးဖြစ်ပါသည်။ ထိုသို့ သတ်မှတ်ကြေညာခဲ့သည့်နည်းတူ နိုင်ငံတော်အစိုးရအနေဖြင့်လည်း စက်သုံးဆီတင်သွင်းရရှိရေးကို နည်းလမ်းမျိုးစုံဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိတွင် လုံလောက်သော...

Video