ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် ရှမ်းပြည်နယ် (တောင်ပိုင်း) အခြေခံပညာကျောင်းများ၌ အခြေခံပညာရေးဆိုင်ရာလုပ်ငန်းများ ဆွေးနွေးမှာကြား
ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် ရှမ်းပြည်နယ် (တောင်ပိုင်း) အခြေခံပညာကျောင်းများ၌ အခြေခံပညာရေးဆိုင်ရာလုပ်ငန်းများ ဆွေးနွေးမှာကြား
Ministry of Information/ Naypyitaw / July 01, 2025

တောင်ကြီး ဇွန် ၃၀
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ရှမ်းပြည်နယ် သယံဇာတရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ်ရှိ အမှတ် (၁၀) အခြေခံပညာ အထက်တန်းကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၁၄) အခြေခံပညာအထက်တန်း ကျောင်းနှင့် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းတို့၌ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ကျောင်းစာကြည့်တိုက်များအတွင်း အကျိုးပြုစာပေကောင်းများ၊ သုတရသစာအုပ်ကောင်းများထားရှိရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ သင်ကြားသင်ယူမှုဆိုင်ရာ အစီအစဉ်များ ထိရောက်ကောင်းမွန်ရေးတို့အတွက် သက်ဆိုင်ရာကျောင်း၊ မြို့နယ်၊ ခရိုင်နှင့် ပြည်နယ်ပညာရေးမှူးရုံးများက ဖြည့်ဆည်းဆောင်ရွက်ပေးရေးတို့ကို ဆွေးနွေးမှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့နယ်ရှိ အမှတ်(၂၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းတို့ကို လှည့်လည်ကြည့်ရှုပြီး ပညာရေးဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စာသင်ကျောင်းများနှင့် အဆင့်ဆင့်စီမံခန့်ခွဲနေသော ပညာရေးမှူးရုံးများက အချိတ်အဆက်မိမိ ဆောင်ရွက်သွားကြရန်နှင့် ကြုံတွေ့ရသည့် အခက်အခဲများကိုလည်း တာဝန်ရှိသူများထံ တင်ပြဆောင်ရွက်သွားရန်မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။
Announcement
အမည်မည်းစာရင်းကြေညာခြင်း
Ministry of Information / Posted on July 01, 2025
၁။ နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှ ရငွေများအပြည့်အဝရရှိရန်မှာ အဓိကကျသည့် အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ်-၃၅၊ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂ဝ၂၃ တို့တွင် အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက...
ပြည်တွင်းအခွန်များဦးစီးဌာန ကန့်သတ်မှုမရှိသောတင်ဒါခေါ်ယူခြင်း
Ministry of Planning and Finance / Posted on June 30, 2025
Myanmar Cyber Security Challenge 2025 (အလွတ်တန်းအဆင့်) ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြိုင်ပွဲဝင်အသင်းများ ဖိတ်ခေါ်ခြင်း
Ministry of Transport and Communications / Posted on June 30, 2025
Myanmar Cyber Security Challenge 2025 (အလွတ်တန်းအဆင့်) ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြိုင်ပွဲဝင်အသင်းများ ဖိတ်ခေါ်ခြင်း