ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် ညောင်ရွှေမြို့နယ်နှင့် ကလောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ လှည့်လည်ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / July 02, 2025
image_latest


နေပြည်တော် ဇူလိုင် ၁

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း (ကြာတော)၊ အခြေခံပညာမူလတန်းကျောင်း (ပေါက်ပါး) နှင့် အခြေခံပညာမူလတန်းကျောင်း (ဇရပ်ကြီး) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ကျောင်းမြေနေရာပေါ်တွင် မူတည်၍ အဆောက်အအုံများ ထပ်မံဆောက်လုပ်မည့် နေရာများကို စနစ်တကျရွေးချယ်သတ်မှတ်ရေး၊ ပြင်ဆင်ထားရှိပြီးဖြစ်သော ကျောင်းဆောင်များနှင့် သန့်စင်ခန်းများ စနစ်တကျအသုံးပြုကြစေရေး၊ သင်ကြားသင်ယူမှုလုပ်ငန်းများ နှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးတို့ကို တာဝန်ရှိသူများအား မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ကလောမြို့ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ အောင်ပန်းမြို့ အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်းနှင့် ဟဲဟိုးအခြေခံပညာအလယ်တန်းကျောင်းတို့သို့ လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ကမ္ဘောဇပညာ့ရိပ်သာကိုယ်ပိုင်အထက်တန်းကျောင်းသို့ သွားရောက်၍ တာဝန်ရှိသူများအား တွေ့ဆုံကာ ပုဂ္ဂလိကနှင့် ကိုယ်ပိုင်ကျောင်းများအားလုံး သတ်မှတ်ထားသည့် ရက်များတွင် ကျောင်းသား ကျောင်းသူများ တန်းစီပြီး နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းနှင့် မြန်မာ့ကျောင်းသီချင်းများ သီဆိုခြင်းဖြင့် ကျောင်းသား ကျောင်းသူများ၏ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်များ ရှင်သန်ထက်မြက်စေရေး၊ စည်းကမ်းကောင်းမွန်ရေးဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက် ၊ ဇူလိုင် ၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ July 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 03, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 03, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

Announcement

အမည်မည်းစာရင်းကြေညာခြင်း

Ministry of Information / Posted on July 04, 2025

အမည်မည်းစာရင်းကြေညာခြင်း

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း

Ministry of Information / Posted on July 04, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၃/၂၀၂၅)

Union Civil Service Board / Posted on July 03, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၃/၂၀၂၅)

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023