ဒုတိယဝန်ကြီး ဦးမျိုးမြင့် ရန်ကုန်အထူးကုဆေးရုံသစ်ကြီး တည်ဆောက်ခြင်းလုပ်ငန်းနှင့် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမုခ်ဦး အဝင်လမ်း၊ ရေမြောင်း၊ ပလက်ဖောင်းနှင့် မြေယာရှုခင်းလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / April 25, 2026
image_latest


နေပြည်တော် ဧပြီ ၂၄

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း​ဒေသကြီး လမ်းမတော်မြို့နယ်ရှိ၊ ရန်ကုန်အထူးကုဆေးရုံသစ်ကြီး တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမမုခ်ဦးအဝင်လမ်း၊ ရေမြောင်း၊ ပလက်ဖောင်း၊ မြေယာရှုခင်းလုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်အထူးကုဆေးရုံသစ်ကြီး တည်ဆောက်ရေးလုပ်ငန်းခွင် ရှင်းလင်းဆောင်သို့ရောက်ရှိရာ အင်ဂျင်နီယာချုပ် (တည်ဆောက်ရေး) က ဆက်လက်ဆောင်ရွက်မည့် မြို့ပြ/ ရေသန့်/ လျှပ်စစ်လုပ်ငန်းအစီအစဉ်များ၊ JICA အဖွဲ့အစည်းနှင့် တည်ဆောက်ရေးလုပ်ငန်းပစ္စည်းများ လွှဲပြောင်းလက်ခံဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်အသေးစိတ်တို့ကို ရှင်းလင်းတင်ပြရာ အဆောက်အအုံ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခချုပ်/ဆေးရုံအုပ်ကြီးတို့က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ဆေးရုံအဆောက်အအုံဆိုင်ရာ နိုင်ငံတကာ စံသတ်မှတ်ချက်များနှင့် ကိုက်ညီအောင် ဆောင်ရွက်ပေးသွားရမည်ဖြစ်ပါကြောင်း၊ ဓာတ်ရောင်ခြည်လုံခြုံမှုအပါအဝင် အဆောက်အအုံအရည်အသွေးကောင်းမွန်စေရေး အလေးထားဆောင်ရွက်သွားရန်၊ လက်ရာသေသပ်ကောင်းမွန်စေရန် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများ အချိန်မီပြီးစီးအောင် အလေးထားဆောင်ရွက်ပေးသွားရန်၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက နှလုံး၊ ဦးနှောက်နှင့် အာရုကြောလူနာရှင်များအတွက် နိုင်ငံတကာစံနှုန်းများနှင့်အညီ အကောင်းဆုံးကုသမှုပေးနိုင်မည့် ဆေးရုံ သစ်ကြီးဖြစ်လာမည်ဖြစ်၍ အချိန်မီပြီးစီးအောင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပူးပေါင်း၍ ဆောင်ရွက်သွားရန်မှာကြားပြီး လုပ်ငန်းဆောင်ရွက် နေမှုကို အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထို့နောက်ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမုခ်ဦးနှင့် မုခ်ဦးအဝင်လမ်း ကွန်ကရစ်လမ်းခင်းခြင်း၊ ရေမြောင်း/ပလက်ဖောင်းပြုလုပ်ခြင်း၊ ရေထုတ်မြောင်း၊ လမ်းဆေးအမှတ် အသားများရေးဆွဲခြင်းနှင့် စိန်ရတုခန်းမအဝင်၊ အထွက် လမ်းဝဲ/ယာ မြေယာရှုခင်းဆောင်ရွက်ခြင်း လုပ်ငန်းတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး မုခ်ဦးအဝင် သံပန်းတံခါးနှင့် ဝင်ပေါက်ဝဲ/ ယာတွင်လည်း မြေယာရှုခင်းလုပ်ငန်းများ ဆောင်ရွက်ထားရန်၊ လမ်းများခင်းရာတွင်လည်း သတ်မှတ်ထားသည့် လမ်းအင်္ဂါရပ်များနှင့်အညီ ဆောင်ရွက်ထားရှိရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်

Ministry of Information / Posted on April 24, 2026

​​​​​​​ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင် သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ...

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆

Ministry of Information / Posted on April 23, 2026

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆

Ministry of Information / Posted on April 23, 2026

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆

Video