ဒုတိယဝန်ကြီး ဦးမြင့်စိုး သမ/ ကျေးလက် ဝန်ထမ်းများအတွက် ယာယီဝန်ထမ်းအိမ်ရာ တည်ဆောက်ပေးနေမှု ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဦးမြင့်စိုး သမ/ ကျေးလက် ဝန်ထမ်းများအတွက် ယာယီဝန်ထမ်းအိမ်ရာ တည်ဆောက်ပေးနေမှု ကြည့်ရှုစစ်ဆေး
Ministry of Cooperatives and Rural Development/ Naypyitaw / May 14, 2025

နေပြည်တော် ဧပြီ ၁၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့မွန်းလွဲ ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့သို့ သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ မြောက်လွှတ်ကုန်း သင်တန်းဆောင်၌ ၂ ခန်းတွဲ အရာထမ်းအိမ်ရာ ၅ လုံး တည်ဆောက်နေမှုကိုလည်းကောင်း၊ ယန္တရားဝင်းအတွင်း ပစ္စည်းသိုလှောင်ရုံများ၌ အမှုထမ်း များအတွက် အခန်း ၄၈ ခန်း ဖွဲ့စည်းနေရာချထားမှုအခြေအနေနှင့် ထမင်းဟင်းချက်ပြုတ်ရန် စီစဉ်ပေးထားသော နေရာကိုလည်းကောင်း၊ သောက်သုံးရေသွယ်တန်းပေးထားမှုကိုလည်းကောင်း၊ ၈ ခန်းတွဲ တည်ဆောက်ပေးထားသည့် သန့်စင်ခန်းများကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေး ကာ မေလတတိယပတ်အတွင်း လုပ်ငန်းများ အပြီးဆောင်ရွက်၍ ဝန်ထမ်းမိသားစုများကို စနစ်တကျ နေရာချထားပေးရန်၊ မိုးတွင်းကာလ ရေမဝပ်စေရေးနှင့် အမိုးအကာများ လုံခြုံမှုရှိစေရေး ဂရုပြု ဆောင်ရွက်ရန် မှာကြားသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ဇဗ္ဗသီရိမြို့နယ်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းရုံး မြေနေရာ၌ ဝန်ထမ်းများ ယာယီနေထိုင်နိုင်ရေး ၄ ခန်းတွဲ အရာထမ်းအိမ်ရာ (၈) လုံး တည်ဆောက်နေရာချထားမှုနှင့် ပတ်လမ်းဆောင်ရွက်နေမှု၊ ရေချိုးခန်းနှင့် သန့်စင်ခန်းများအား ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးချုပ်သို့ သွားရောက်ပြီး Fabricated Modular House အလုံး ၂၀ ထားရှိမည့် မြေနေရာအား ကြည့်ရှုစစ်ဆေး ကာ Fabricated Modular House များ ရရှိသည်နှင့် အမြန်တည်ဆောက် နေရာချထားပေးရန် မှာကြားခဲ့ကြောင်း သိရသည်။


Newspaper

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။
Announcement
အခွန်အယူခံခုံအဖွဲ့က ၁၀-၇-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း
Revenue Appellate Tribunal / Posted on July 01, 2025
အခွန်အယူခံခုံအဖွဲ့က ၁၀-၇-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း
အမည်မည်းစာရင်းကြေညာခြင်း
Ministry of Information / Posted on July 01, 2025
၁။ နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှ ရငွေများအပြည့်အဝရရှိရန်မှာ အဓိကကျသည့် အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ်-၃၅၊ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂ဝ၂၃ တို့တွင် အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက...
ပြည်တွင်းအခွန်များဦးစီးဌာန ကန့်သတ်မှုမရှိသောတင်ဒါခေါ်ယူခြင်း
Ministry of Planning and Finance / Posted on June 30, 2025