ဒုတိယဝန်ကြီး ဦးရဲတင့် ရေကူးအသံလွှင့်စက်ရုံနှင့် ဝန်ထမ်းအိမ်ရာများ ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / March 02, 2026
image_latest


ရန်ကုန် မတ် ၁

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ရေကူးအသံလွှင့် စက်ရုံနှင့် အရာထမ်း၊ အမှုထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ စက်ရုံမှူးက ရေကူးအသံလွှင့်စက်ရုံ၌ ရေကူးအသံလွှင့်စက်ရုံအမှတ်(၁)နှင့် အမှတ်(၂)၏ အသံလွှင့်စက်ခန်းများ၊ ပင်မအစီအစဉ်ထုတ်လွှင့်နေသော MW၊ SW လွှင့်စက်များ၊ စက်ရုံအတွင်း မီးဘေးလုံခြုံရေးနှင့် လုံခြုံရေးအစီအမံထားရှိမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက စက်ပစ္စည်းများ ရေရှည်အသုံး ပြုနိုင်ရန်အတွက် ဂရုပြုဆောင်ရွက်ရန်၊ ထုတ်လွှင့်မှုမပြတ်စေရေး ကြပ်မတ်ဆောင်ရွက်ရန်၊ အသံလွှင့်စက်ရုံဝင်းအတွင်း စွန့်ပစ်အမှိုက်များ စနစ်တကျစွန့်ပစ်ရန်နှင့် စက်ရုံ၏ မီးဘေးလုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် အသံလွှင့်စက်ခန်းများ၊ မီးဘေးလုံခြုံရေးပစ္စည်းများထားရှိမှု၊ မီးသတ်ရေကန်၊ စက်ရုံဝင်းအတွင်း မီးဘေးအန္တရာယ်ကာကွယ်ရေးဖြစ်သည့် မီးတားလုပ်ငန်းများ ဆောင်ရွက်ထားမှုနှင့် ရေကူးအသံလွှင့်စက်ရုံရှိ အရာထမ်း၊ အမှုထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ စည်းလုံးညီညွတ်စွာနေထိုင်​ရေး၊ အိမ်ရာသန့်ရှင်းရေး မပြတ်ဆောင်ရွက်​ရေးနှင့် မီးဘေးအန္တရာယ် အထူးဂရုပြု​ရေးမှာကြားသည်။

ထို့နောက် မင်္ဂလာတောင်ညွန့် မြို့နယ် ဥယျာဉ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းရှိ စာဆိုဗိမာန်သုံးထပ်အဆောက်အအုံ ဆောက်လုပ်ပြီးစီးမှုနှင့် အခန်းများစုဖွဲ့မှု၊ ပစ္စည်းများ ခင်းကျင်းထားရှိမှုများကို ကြည့်ရှုစစ်​ဆေးခဲ့သည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 01, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ(ည)၊ ၅၂(က) ဖြင့် ကြားနာစစ်ဆေးဆဲအမှုများကိုပိတ်သိမ်းခြင်း

Ministry of Information / Posted on March 02, 2026

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ(ည)၊ ၅၂(က) ဖြင့် ကြားနာစစ်ဆေးဆဲအမှုများကိုပိတ်သိမ်းခြင်း

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်

Ministry of Information / Posted on March 02, 2026

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်

Ministry of Information / Posted on March 02, 2026

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်

Video