ဒုတိယဝန်ကြီး ဦးသိုက်စိုး လှည်းကူးမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်


Ministry of Cooperatives and Rural Development/ Naypyitaw / December 22, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၂၁

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယနေ့နံနက် ပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်းရှိ မင်းကုန်း ကျေးရွာနှင့် ဝါးယားကုန်းကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သည်။

          ရှေးဦးစွာ ဒုတိယဝန်ကြီးသည် လှည်းကူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅ - ၂၆ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် မင်းကုန်း-ဝါးယားကုန်း ကျေးရွာချင်းဆက်လမ်း ပေ (၃၉၀၀) ကွန်ကရစ်ခင်းခြင်းနှင့် အမာခံလမ်းပုခုံး ဆောင်ရွက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး တိုင်း ဒေသကြီး ဦးစီးမှူးနှင့် တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်ခဲ့မှုများ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက အရည်အသွေး ပြည့်မီစွာဖြင့် အချိန်မပြီးစီးရေး ဆောင်ရွက်ကြရန် မှာကြားသည်။

          ထိုမှတဆင့် ဒုတိယဝန်ကြီးသည် မင်းကုန်းကျေးရွာအုပ်စု၊ ဝါးယားကုန်းကျေးရွာသို့ သွား ရောက်၍ ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၆ ဘဏ္ဍာ နှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်း အရှည် (၂) ဖာလုံ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေး ကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

          ဆက်လက်၍ ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံ၍ ဒုတိယဝန်ကြီးက နိုင်ငံတော်အစိုးရ က ဆောင်ရွက်ပေးလျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲအောင် ကျေးရွာ သူကျေးရွာသားများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ အားလုံးဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းစောင့်ရှောက် ရမည်ဟု တိုက်တွန်း‌မှာကြားခဲ့ကြောင်း သိရသည်။

 

Newspaper

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ December 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ December 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း ကြေညာ

Ministry of Information / Posted on December 20, 2025

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း ကြေညာ

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023