ဒုတိယဝန်ကြီး ဦးသိုက်စိုး အိမ်မိုးအုတ်ကြွပ်များ ထုတ်လုပ်နိုင်ရေး ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့သို့ ကွင်းဆင်းဆောင်ရွက်


Ministry of Cooperatives and Rural Development/ Naypyitaw / January 22, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၂၂

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယနေ့နံနက် ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့သို့ သွားရောက်၍ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြေအိုးလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်ယာယီသမ္မတ၏ (၈-၁-၂၀၂၆) ရက်နေ့ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့ ခရီးစဉ်လမ်းညွှန်ချက်များနှင့် မိမိ တို့ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် သမဝါယမစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးနှင့် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်း လာရောက်တွေ့ဆုံခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနက သရက်လိန်းကျေးရွာအုပ်စု၊ သူရဲဇီးကျေးရွာတွင် ဇန်နဝါရီလ ၂၇ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ထိ ဝါးလက်မှုထည်သင်တန်းနှင့် အိုးလုပ်ငန်း အဆင့်မြှင့်တင်နိုင်ရေးအတွက် စဉ့်ရည်သုတ် လိမ်းခြင်း သင်တန်းအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနတို့ ပူးပေါင်းဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း၊ ယခုအခါ အိုးလုပ်ငန်းရှင်များ၏ မိသားစုဝင်ငွေ တိုးပွားရေးအတွက် အိမ်မိုးအုတ်ကြွပ်များ ထုတ်လုပ်နိုင်ရေး လိုအပ်သည့် အရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်ရရှိရေးနှင့် မြေနမူနာစမ်းသပ်မှုများကို မိမိတို့ဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ပေးမည်ဖြစ်၍ စက်မှုလက်မှုသမဝါယမအသင်းများ ဖွဲ့စည်းဆောင် ရွက်ကြစေလိုကြောင်းဖြင့် တိုက်တွန်းပြောကြားသည်။

          ယင်းနောက် ပန်းတောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးက မြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် လက်မှုထည်ထုတ်လုပ်ရေးလုပ်ငန်းအခြေအနေ များကိုလည်းကောင်း၊ မြေအိုးလုပ်ငန်းရှင်များက မြေအိုးများ ထုတ်လုပ်ရောင်းချနေမှုနှင့် ဈေးကွက် ရရှိမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

          တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ပန်းတောင်းမြို့၊ ဖောင်းကန်ရပ်ကွက်ရှိ ရွှေအိုး စက်မှု လက်မှုကုန်ထုတ်သမဝါယမအသင်းသို့ သွားရောက်၍ အသင်းသားများနှင့်တွေ့ဆုံကာ မြေအိုး ထုတ်လုပ်ရောင်းချမှုအခြေအနေအား လိုက်လံကြည့်ရှုခဲ့ပြီး အိမ်မိုးအုတ်ကြွပ်များ ထုတ်လုပ် ရောင်းချနိုင်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် ဒုတိယဝန်ကြီးသည် ပန်တောင်းမြို့၊ သမဝါယမဦးစီးဌာနရုံးသို့ သွားရောက်၍ ပန်းတောင်းမြို့နှင့် ပြည်မြို့တို့မှ ဝန်ကြီးဌာနအောက် ဝန်ထမ်းများနှင့်တွေ့ဆုံကာ နိုင်ငံတော်အကြီး အကဲ၏ လမ်းညွှန်ချက်များနှင့် ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများ အောင်မြင်ရေး၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရေး မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ရွှေတောင်မြို့ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်ပြီး ချည်မျှင်နှင့် အထည်အလိပ် ကျွမ်းကျင်သူ (၁) နှစ်သင်တန်း၊ လက်ရက်ကန်း (၆) လသင်တန်း တက်ရောက်နေကြသော သင်တန်းသား သင်တန်းသူများ၏ လက်တွေ့သင်ယူနေမှုကို ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ သင်တန်းကျောင်းအုပ်ကြီး၊ နည်းပြဆရာ၊ ဆရာမများနှင့်တွေ့ဆုံကာ ရက်ကန်းလုပ်ငန်းများ ပိုမို ခေတ်မီ တိုးတက်အောင်မြင်ရေးဖ၊ သင်တန်းသူများ အလုပ်အကိုင်ရရှိရေးနှင့် သင်တန်းသူဦးရေ ပြည့်မီရေး ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Naypyitaw Development Committee / Posted on March 11, 2026

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Revenue Appellate Tribunal / Posted on March 11, 2026

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း

Naypyitaw Development Committee / Posted on March 11, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း

Video