ဒုတိယဝန်ကြီး ဦးသိုက်စိုး တပ်ကုန်းမြို့နယ်၊ အုန်းပင်-တောင်ပို့သာ ရေနိမ့်တံတား ပေ (၃၀၀) ဖွင့်ပွဲသို့ တက်ရောက်


Ministry of Cooperatives and Rural Development/ Naypyitaw / February 10, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၀

          (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သော နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိ ခရိုင်၊ တပ်ကုန်းမြို့နယ်၊ အုန်းပင်-တောင်ပို့သာ ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ရေနိမ့်တံတား ပေ (၃၀၀) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတံတားတည်နေရာ၌ ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန် ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် ကျေးရွာသူကျေးရွာသားများ တက်ရောက်သည်။

          ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးသိုက်စိုးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှု လျော့ကျရေးလုပ်ငန်းများသည် လမ်းပန်း ဆက်သွယ်ရေး လွယ်ကူချောမွေ့မှုအပေါ် များစွာအခြေခံနေတာကြောင့် ကျေးလက်လမ်းပန်း ဆက်သွယ်ရေးသည် အဓိကအရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ရည်မှန်းချက်များ၊ မဟာဗျူဟာများ ရေးဆွဲ ချမှတ်ပြီး ကျေးလက်လမ်းတံတား စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အလေးထား ဆောင် ရွက်ပေးလျက် ရှိပါကြောင်း၊

          မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း (၆၃၈၈၉) ရွာ ရှိပြီး ၎င်းဦးစီးဌာနက ကျေးလက်လမ်းအရှည် မိုင်ပေါင်း (၄၃,၉၇၇) မိုင်ကို တာဝန်ယူ တည်ဆောက်ထိန်းသိမ်းလျက် ရှိပါကြောင်း၊ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု၊ တိုင်းဒေသကြီး၊ ပြည်နယ် ခွင့်ပြုရန်ပုံငွေများဖြင့် လမ်းမိုင်ပေါင်း (၄၂၃) မိုင်၊ တံတားအစင်းရေ (၂၆၂) စင်းကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုတံတားကို တည်ဆောက် ပေးခဲ့ခြင်းဖြင့် တပ်ကုန်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၉) ရွာမှ အိမ်ခြေ (၂၁၉၄) အိမ်၊ လူဦးရေ (၈၇၅၅) ဦး၊ စိုက်ပျိုးမြေဧက (၈၂၀၀) ကို အကျိုးပြုမည် ဖြစ်ကြောင်း၊ ဒါ့အပြင် ကျေးရွာသူ ကျေးရွာသားများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး လုပ်ငန်းများလည်း အကျိုးဖြစ် ထွန်းမည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ စံချိန်စံညွှန်းနှင့်အညီ အဆင့်မြှင့်တင်တည်ဆောက်ခဲ့သော ကျေးလက်လမ်း တံတားများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဒေသခံပြည်သူများက စနစ်တကျ အသုံးပြုပြီး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရန်၊ ယာဉ်များကို ခွင့်ပြုတန်ချိန်များအတိုင်းသာ ဖြတ်သန်းမောင်းနှင်ကြရန်နှင့် တာဝန်ရှိသူများကလည်း စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲကြရန် တိုက်တွန်းမှာကြားသည်။

          ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာများ ရှင်းလင်းပြောကြားသည်။

          ယင်းနောက် ကျေးရွာသူကျေးရွာသားများကိုယ်စား ကျေးရွာသားတစ်ဦးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။

          ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အုန်းပင်-တောင်ပို့သာ ကျေးရွာချင်းဆက် လမ်းပေါ်ရှိ ပေ (၃၀၀) ရေနိမ့်တံတားသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card-OWIC) ကတ်ဖိုးပေးသွင်းခြင်းနှင့် စပ်လျဉ်း၍ အသိပေးကြေညာချက်

Ministry of Information / Posted on February 10, 2026

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport for Job-PJ) ကိုင်ဆောင်ထားပြီး ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ ပြည်ပနိုင်ငံသို့ ရောက်ရှိသည့်အချိန် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေပါခံစားခွင့်များ ရရှိနိုင်စေရန်နှင့် အလုပ်သမားရေးရာကိစ္စရပ်များ ဖြစ်ပေါ်လာသည့်အချိန် လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက်...

မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေးအသင်းက အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာချက်

Ministry of Information / Posted on February 10, 2026

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A. honoris causa) ကို အထူးဘွဲ့နှင်းသဘင်အခမ်းအနားဖြင့်...

မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေးအသင်းက အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာချက်

Ministry of Information / Posted on February 10, 2026

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A. honoris causa) ကို အထူးဘွဲ့နှင်းသဘင်အခမ်းအနားဖြင့်...

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023