ဒုတိယဝန်ကြီး ဦးသိုက်စိုး ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်များမှ ကျောင်းဆင်း ဝန်ထမ်းများအား လုပ်ငန်းခွင်ဝင်သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
ဒုတိယဝန်ကြီး ဦးသိုက်စိုး ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်များမှ ကျောင်းဆင်း ဝန်ထမ်းများအား လုပ်ငန်းခွင်ဝင်သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / November 25, 2025
နေပြည်တော် နိုဝင်ဘာ ၂၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်ကြမည့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ရန်ကုန်နှင့် စစ်ကိုင်းတို့မှ ကျောင်းဆင်းဝန်ထမ်းများအား လုပ်ငန်းခွင်ဝင်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၃၆-ဘီ) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက သင်တန်းသား သင်တန်းသူများအနေဖြင့် နိုင်ငံ့တာဝန် များကို စတင်ထမ်းဆောင်ကြမှာဖြစ်သည့်အတွက် စည်းကမ်းလိုက်နာမှု၊ အမိန့်နာခံ တတ်မှု၊ အပြန်အလှန် လေးစားတတ်မှုစသည့် အလေ့အထကောင်းများ မွေးမြူပြီး မိမိတို့ တာဝန်ကျရာ ဒေသအသီးသီးသို့ ရောက်ရှိသည့်အခါ ဝန်ကြီးဌာနနှင့် ဦးစီးဌာနများ၏ မူဝါဒ၊ လုပ်ငန်းစဉ်များ၊ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများကို သိရှိနားလည် သဘော ပေါက်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစီးဌာနအချင်းချင်း အချိတ်ဆက်မိမိ ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဝန်ထမ်းဘဝတလျှောက် သိရှိလိုက်နာရမည့် နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ရုံးလုပ်ထုံးလုပ်နည်းများ၊ ဝန်ထမ်းကျင့်ဝတ်များ၊ အင်ဂျင်နီယာ ကျင့်ဝတ်များကိုလည်း သိရှိလိုက်နာ ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ကျောင်းဆင်းသင်တန်းသား သင်တန်းသူ များကို စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်အောင် မိမိတို့တက်ရောက်သင်ယူခဲ့ရသည့် တက္ကသိုလ် အသီးသီးမှ လေ့ကျင့်သင်ကြားပေးထားပြီး ဖြစ်သည့်အတွက် နိုင်ငံ့တာဝန်များကို ကျရာအခန်းကဏ္ဍ များတွင် ထမ်းဆောင်သည့်အခါ ပြည်ထောင်စုစိတ်ဓာတ် ပြည့်ဝစွာဖြင့် ဆောင်ရွက်သွားကြဖို့ မှာကြား လိုပါကြောင်း၊ အထူးသဖြင့် မိမိတို့ရောက်ရှိရာ နယ်မြေဒေသရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေး၊ မိသားစုဝင်ငွေတိုးပွားရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ MSME လုပ်ငန်းများစသည့် လုပ်ငန်းများကို လေ့လာသင်ယူရင်း စွမ်းဆောင်ရည် ပြည့်ဝစွာဖြင့် လုပ်ငန်းတာဝန်များ ကြိုးပမ်းဆောင်ရွက် ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ ယခုသင်တန်းတွင် ပို့ချသည့် သင်ခန်းစာများကို စနစ်တကျ လေ့လာ သင်ယူခြင်းအားဖြင့် လုပ်ငန်းခွင်ဝင်ရောက်တဲ့အခါမှာ များစွာအထောက်အကူ ဖြစ်မည့်အပြင် တစ်ဦးချင်းစွမ်းရည်များ တိုးတက်လာပြီး ရုံးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ပြောကြားပါသည်။
ထို့နောက် သင်တန်းသားသင်တန်းသူများက ဦးစီးဌာနအလိုက် မိတ်ဆက်ကြပြီး အမှတ်တရ စုပေါင်းဓါတ်ပုံများ ရိုက်ကူးကြပါသည်။
အဆိုပါ လုပ်ငန်းခွင်ဝင်းသင်တန်းကို ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်၊စစ်ကိုင်း)တို့မှ ကျောင်းဆင်းပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် ခုနစ်ဦး၊ ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ သမဝါယမဦးစီးဌာနတွင် (၁၄)ဦး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် (၄၂) ဦး၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတွင် (၁၀) ဦး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတွင် (၂၀)ဦး၊ စုစုပေါင်း (၉၃) ဦးတို့ကို ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနအလိုက် သင်တန်းနည်းပြများမှ မူဝါဒ၊ လုပ်ငန်းစဉ်များ၊ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများကို ယခုလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ သုံးရက်ကြာဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
သတင်းစာများ
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 25, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 24, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 23, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန / Posted on November 21, 2025
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၄/၂၀၂၅)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on November 20, 2025
Myanmar National Human Rights Commission Statement No (14/ 2025)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on November 20, 2025
