ဒုတိယဝန်ကြီး ဦးသိုက်စိုး နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်


Ministry of Cooperatives and Rural Development/ Naypyitaw / December 01, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၂၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယနေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးခရိုင်၊ ဒက္ခိဏ သီရိမြို့နယ်၊ ညောင်ကုန်းစံပြကျေးရွာသို့ သွားရောက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန၏ ၂၀၂၃-၂၄ ဘဏ္ဍာနှစ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက် နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သော စက်ချုပ်သင်တန်း တက်ရောက်အောင်မြင်ပြီး တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ကိုင်နေကြသည့် အလှစစ် စက်ချုပ်လုပ်ငန်းကိုလည်းကောင်း၊ သင်တန်းသူ ဒေါ်လင်းလင်းနွယ်၏ လှရိပ်မြုံ စက်ချုပ်လုပ်ငန်းကိုလည်းကောင်း၊ သင်တန်းသူ ဒေါ်အိဇာဝင်းရွှေ၏ PPဖူးပြည့် စက်ချုပ်လုပ်ငန်းကိုလည်းကောင်း ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျေးရွာသောက်သုံးရေရရှိရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ပေးခဲ့သော စက်ရေတွင်းများ ငလျင်ကြောင့်ထိခိုက် ပျက်စီးခဲ့သည့် တွင်းအမှတ် (၁) အား အသစ်ပြန်လည်တူးဖော်ပြီး ရေစုပ်ပန့် တပ်ဆင်ပြီးစီးမှုကို လည်းကောင်း၊ တွင်းအမှတ် (၂) အား တွင်းဆေးတွင်းမှုတ်ပြုလုပ်ခဲ့ပြီး နေ့စဉ် ရေဂါလံ (၁၂၀၀)  ရရှိနေမှုနှင့် အမြင့်ရေစင်အသစ် တည်ဆောက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ်၊ ရွှေအင်းကြင်းရပ်ကွက်ရှိ လင်းစိန် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း၏ ဆီစက်လုပ်ငန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ အသင်းအမှုဆောင်များက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။ တင်ပြ မှုများအပေါ် ဒုတိယဝန်ကြီးက ကုန်ကြမ်းများ စဉ်ဆက်မပြတ်ရရှိရေး၊ စွမ်းအားပြည့်လည်ပတ် နိုင်ရေး၊ ဈေးကွက်ရရှိရေး သမဝါယမအသင်းအချင်းချင်း ပူးပေါင်းချိတ်ဆက်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

 ယင်းနောက် ဒုတိယဝန်ကြီးသည် ပျဉ်ထောင်ကျေးရွာသို့ သွားရောက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ရန်ပုံငွေပေး အပ်ပွဲသို့ တက်ရောက်ခဲ့ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက ကျေးရွာ ဆိုင်ရာအချက်အလက်များကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က VDP စီမံကိန်းဆိုင်ရာ များကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာနရှိ ဦးစီးဌာန(၄) ခုအနေဖြင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ မိသားစုဝင်ငွေတိုးရေးတို့အတွက် သက်ဆိုင်ရာစီမံကိန်း လုပ်ငန်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း တိုက်တွန်း ပြောကြားပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း VDP စီမံကိန်းရန်ပုံငွေကျပ် သိန်း (၁၅၀) ကို ကျေးရွာကော် မတီဝင်များထံ ပေးအပ်ကာ စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်း ကွန်းကရစ်ခင်းမည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဂွေးတောက်ရိုးကျေးရွာသို့ သွားရောက်၍ ဂွေးတောက်ရိုး ကျေးရွာမှ ပရဟိတဘုန်းကြီးကျောင်းသို့ ဆက်သွယ်သောလမ်း အရှည် (၂) ဖာလုံအား ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက မြေသားလမ်းပြုပြင်၍ ရိစာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းနိုင်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း VDP စီမံကိန်းရန်ပုံငွေ ကျပ်သိန်း (၁၅၀) အား ကျေးရွာကော်မတီဝင်များထံ ပေးအပ်ခဲ့ပြီး လုပ်ငန်းဆောင်ရွက်မည့်နေရာအား ကွင်းဆင်းကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကျေးစာဥကျေးရွာသို့ သွားရောက်ပြီး ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျေးစာဥ-အင်းနီကန် ကျေးရွာချင်း ဆက်လမ်း အရှည် (၃) ဖာလုံအား မြေသားပြုပြင်၍ ရိစာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးကာ အရည်အသွေးပြည့်မီစွာ သတ်မှတ်အချိန်မီပြီးစီးရေး မှာကြားပြီး လိုအပ်သည် များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက် ၊ နိုဝင်ဘာ ၂၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း

Ministry of Transport and Communications / Posted on November 29, 2025

ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း

ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း

Ministry of Transport and Communications / Posted on November 29, 2025

ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023