ဒုတိယဝန်ကြီး ဦးသိုက်စိုး ဝန်ကြီးဌာနအောက် ဝန်ထမ်းအဆောင်များ၊ လိုင်းခန်းများနှင့် ယာယီဝန်ထမ်းအိမ်ရာများအား လိုက်လံကြည့်ရှုစစ်ဆေး


Ministry of Cooperatives and Rural Development/ Naypyitaw / December 08, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယနေ့နံနက် ပိုင်းက တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပြည်ထောင်စုဝန်ကြီးရုံး အပါအဝင် ဝန်ကြီးဌာနအောက် ဦးစီးဌာန (၄) ခုတို့မှ ဝန်ထမ်းများ နေထိုင်လျက်ရှိသော အဆောင် များ၊ လိုင်းခန်းများ၊ ယာယီဝန်ထမ်းအိမ်ရာများနှင့် Prefabricated Modular House များအား လိုက်လံ ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးသည် ပြည်ထောင်စုဝန်ကြီးရုံး၊ သမဝါယမဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ အမျိုးသမီးဝန်ထမ်းများ နေထိုင်လျက်ရှိသော သဇင် (၄)  အဆောင်သို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ပြုပြင်ပြီးစီးမှု၊ အဆောင်များ၏ သန့်ရှင်းရေး၊ မီးဘေးလုံခြုံရေးနှင့် ရေ၊ မီး၊ မိလ္လာစနစ်များ ကောင်းမွန်မှု ရှိမရှိ၊ ဝန်ထမ်းများ၏ သွားလာနေထိုင် စားသောက်ရေး အဆင်ပြေမှု ရှိမရှိတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ မိမိတို့ဘဝ တိုးတက်မြင့်မားရေးအတွက် အားလပ် ချိန်များတွင် အသိပညာဗဟုသုတ တိုးပွားအောင် ကြိုးပမ်းဆောင်ရွက်ကြရန်၊ ကျန်းမာရေးဂရုစိုက် ကြရန်နှင့် အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် တာဝန်ထမ်းဆောင်ကြရန် တိုက်တွန်မှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်း များ ယာယီနေထိုင်လျက်ရှိသော ပျဉ်းမနားမြို့ ခရိုင်ဦးစီးမှူးရုံးအတွင်းရှိ ယာယီဝန်ထမ်းအိမ်ရာ များနှင့် သင်တန်းသား အိပ်ဆောင်များကိုလည်းကောင်း၊ ယန္တရားဝင်းအတွင်းရှိ ဂိုဒေါင်များတွင် ဝန်ထမ်းများ ယာယီနေထိုင်နိုင်ရေး အခန်းများဖွဲ့စည်း၍ နေရာချထားပေးမှုနှင့် ရေချိုးခန်း၊ သန့်စင် ခန်းများ အဆင်ပြေမှုရှိမရှိ၊ အသစ်တည်ဆောက်ပေးထားသော (၆) ခန်းတွဲ အိမ်ရာ (၂) လုံးတွင် ဝန်ထမ်းများ နေထိုင်ရာ၌ အဆင်ပြေမှုရှိမရှိတို့ကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းတစ်ဦးချင်း၏ အခက်အခဲများကို မေးမြန်းကာ လိုင်ခန်းများအတွက် နေကာ (Sun Shade) များ ‌စီစဉ်ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဇမ္ဗူသီရိမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံး မြေနေရာသို့ သွားရောက်၍ ဝန်ထမ်းများ ယာယီနေထိုင်နိုင်ရေး (၄) ခန်းတွဲ အိမ်ရာ (၁၀) လုံးနှင့် Prefabricated Modular House (၂) လုံး ဆောက်လုပ်ပေးခဲ့ပြီး ဝန်ထမ်းများ နေထိုင် နေမှုကိုလည်းကောင်း၊ ရေချိုးခန်းနှင့် သန့်စင်ခန်းများ စနစ်တကျ ဖြစ်စေရေးကိုလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) ရုံးအမှတ် ၃၆-B သို့သွားရောက်ပြီး ပစ္စည်း သိုလှောင်ရုံများနှင့် ယာဉ်ယန္တရားဂိုဒေါင်များအတွင်း ဝန်ထမ်းများ ယာယီနေထိုင်နိုင်ရေး အခန်းများ ဖွဲ့စည်းနေထိုင်နေမှုကိုလည်းကောင်း၊ ယာယီဝန်ထမ်းအိမ်ရာများနှင့် Prefabricated Modular House များကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းတစ်ဦးချင်း၏ အခက်အခဲများ ကို မေးမြန်း၍ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၂၈-၂-၂၀၂၆)

Ministry of Information / Posted on March 09, 2026

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၂၈-၂-၂၀၂၆)

အများပြည်သူသို့ အသိပေးကြေညာခြင်း

Ministry of Transport and Communications / Posted on March 07, 2026

အများပြည်သူသို့ အသိပေးကြေညာခြင်း

အများပြည်သူသို့ အသိပေးကြေညာ

Ministry of Information / Posted on March 07, 2026

အများပြည်သူသို့ အသိပေးကြေညာ

Video