ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / May 03, 2026
image_latest


ရန်ကုန် မေ ၂

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်သည် ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြဝတီ-ရန်ကုန် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်း၌ ကုန်ပစ္စည်းစစ်ဆေးရေး ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် အစည်းအဝေးခန်းမ၌ ညောင်ခါး ရှည် အမြဲတမ်းစစ်ဆေးရေးစခန်း ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များနှင့်တွေ့ဆုံရာ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် စခန်းတာဝန်ခံတို့က ကုန်ပစ္စည်း စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်း ဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ တက်ရောက်လာကြသည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် လိုအပ်ချက်များ၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးက နယ်မြေဒေသလုံခြုံရေးနှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက တာဝန်ကျဌာနဆိုင်ရာများအားလုံး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် တာဝန်ထမ်းဆောင်ရာတွင် အဂတိတရားကင်းရှင်းစွာဖြင့် ထမ်းဆောင်သွားကြရန် မှာကြားပြီးလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တားဆီးဖမ်းဆီးပစ္စည်းများ ထိန်းသိမ်းထားရှိမှု၊ ပို့ကုန် /သွင်းကုန် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကုန်ပစ္စည်းများကို X - Ray စက် ဖြင့် ဖြတ်သန်းစစ်ဆေးနေမှု၊ ပို့ကုန်/သွင်းကုန်ပစ္စည်းများ ချိန်တွယ်စစ်ဆေးသည့်ကတ္တားများ တည်ဆောက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

သတင်းစဉ်

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)

Ministry of Information / Posted on May 01, 2026

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊...

Myanmar National Human Rights Commission Statement No. (5/2026)

Myanmar National Human Rights Commission / Posted on April 30, 2026

Video