ဒုတိယဝန်ကြီး ဦးအောင်မြိုင် ကချင်ပြည်နယ်ရှိ မြစ်ကြီးနားဘူတာ၊ ဘူတာယာဒ်ဝင်းနှင့် ဒီဇယ်စက်ခေါင်းပြင်ရုံ(မြစ်ကြီးနား)တို့၏ အခြေအနေများအား ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဦးအောင်မြိုင် ကချင်ပြည်နယ်ရှိ မြစ်ကြီးနားဘူတာ၊ ဘူတာယာဒ်ဝင်းနှင့် ဒီဇယ်စက်ခေါင်းပြင်ရုံ(မြစ်ကြီးနား)တို့၏ အခြေအနေများအား ကြည့်ရှုစစ်ဆေး
Ministry of Transport and Communications/ Naypyitaw / January 31, 2025
နေပြည်တော်၊ ဇန်နဝါရီ ၃၁
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ (၂၇) ရက်နေ့မှ (၂၉) ရက်နေ့ထိ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ ၊ တိုင်းတာဝန်ခံ အရာရှိများနှင့်အတူ မြစ်ကြီးနားဘူတာနှင့် ဘူတာယာဒ်ဝင်းတို့၏ အခြေအနေများ၊ ဝန်ထမ်းနေအိမ်လိုင်းခန်းများ၊ တွဲပြင်ရုံနှင့် ဒီဇယ်စက်ခေါင်းပြင်ရုံ(မြစ်ကြီးနား) တို့၏ အခြေအနေများကို စစ်ဆေးခဲ့ပြီး တိုင်းအဆင့် အရာထမ်းများအားတွေ့ဆုံ၍ မိမိတို့တိုင်းနယ်မြေအတွင်း လိုက်နာ ဆောင်ရွက်သင့်သည်များကို ဆွေးနွေးမှာကြားသည်။
အဆိုပါ ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးသည် မြစ်ကြီးနားဘူတာနှင့် ဘူတာယာဒ်ဝင်းများကို သွားရောက်စစ်ဆေးခဲ့ပြီး ဘူတာနှင့် ဘူတာယာဒ်ဝင်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး ပုံမှန် ရှင်းလင်းဆောင်ရွက်ရန်၊ ဘူတာယာဒ်ဝင်းနှင့် ရထားလမ်းဘေး ဝဲ/ယာ ရှိ မြက်၊ ချုံများ ရှင်းလင်းဆောင်ရွက်ရန်၊ ဘူတာယာဒ်ဝင်းရှိ ဝန်ထမ်းနေအိမ် လိုင်းခန်းများအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး ပုံမှန်ရှင်းလင်း ဆောင်ရွက်သွားရန်နှင့် အိမ်ရာကြီးကြပ်ရေးအဖွဲ့အား စနစ်တကျဖွဲ့စည်း၍ ပုံမှန်စစ်ဆေးပြီး ပျက်စီးမှုများအား ပြန်လည်ပြုပြင် ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် တွဲပြင်ရုံကို စစ်ဆေးခဲ့ပြီး မမြှောက်စစ်ဆေး ပြုပြင်ရန် အချိန်ကျရောက်သည့် ကုန်တွဲများ၊ လူစီးတွဲများကို ပုံမှန်စစ်ဆေးပြုပြင်သွားရန်၊ လူစီးတွဲများအတွင်းရှိ ထိုင်ခုံများ ပျက်စီးမှုမရှိစေရေး ထိန်းသိမ်းကြပ်မတ်ရန်၊ လူစီးတွဲကိုယ်ထည်များ ပျက်စီးမှုမရှိအောင် ထိန်းသိမ်းရန် ဆွေးနွေးမှာကြားသည်။ ထို့နောက် ဒီဇယ်စက်ခေါင်းပြင်ရုံ(မြစ်ကြီးနား)သို့ သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါစက်ရုံတွင် ထိန်းသိမ်းထားသည့် စက်ခေါင်းများ၊ တွဲများနှင့် RBE ရထားတွဲများ၏ ကြံ့ခိုင်မှုကို ပုံမှန်စစ်ဆေးခြင်းများ ပြုလုပ်သွားရန်၊ စက်ရုံဝန်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး မြက်၊ ချုံနွယ်များ ရှင်းလင်းရန်၊ ဝန်ထမ်းများအရည်အသွေးနှင့် ကျွမ်းကျင်မှု တိုးတက်စေရေး၊ စက်ရုံရှိ စက်ကိရိယာပစ္စည်းများ ရေရှည်ကြံ့ခိုင်ကောင်းမွန်စေရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး စနစ်တကျ စီမံဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် မြန်မာ့မီးရထား တိုင်းအဆင့် အရာထမ်း ဝန်ထမ်းများနှင့် မြန်မာ့မီးရထားရဲတပ်ဖွဲ့ဝင်များကို တွေ့ဆုံ၍ မိမိတိုင်းနယ်မြေအတွင်း ဘူတာယာဒ်ဝင်းနှင့် ရထားလမ်း တစ်လျှောက်ရှိ မြန်မာ့မီးရထားဌာနပိုင်ပစ္စည်းများ ပျောက်ဆုံး/ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေး ရထားရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန်၊ ဘူတာများသန့်ရှင်းသပ်ရပ်မှု ရှိစေရေးနှင့် ရထားစီးခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ နားနေသွားလာနိုင်အောင် စီစဉ်ဆောင်ရွက်သွားရန်၊ ဝန်ထမ်းနေအိမ် လိုင်းခန်းများအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး ပုံမှန်ရှင်းလင်း ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
Newspaper
၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၃၁ ရက် ၊သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၃၀ ရက် ၊ကြာသာပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 30, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၂၉ ရက် ၊ဗုဒ္ဓဟူးနေ့။
Announcement
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းနှင့် သတင်းအေဂျင်စီလုပ်ငန်း လုပ်ကိုင်သူများ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် အသိပေးကြေညာခြင်း
Ministry of Information / Posted on January 31, 2025
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းနှင့် သတင်းအေဂျင်စီလုပ်ငန်း လုပ်ကိုင်သူများ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် အသိပေးကြေညာခြင်း
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်၏ အများသိစေရန်အသိပေးကြော်ငြာခြင်း
Naypyitaw Development Committee / Posted on January 27, 2025
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်၏ အများသိစေရန်အသိပေးကြော်ငြာခြင်း
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် အသိပေးကြော်ငြာခြင်း
Naypyitaw Development Committee / Posted on January 28, 2025
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် အသိပေးကြော်ငြာခြင်း