ဒုတိယဝန်ကြီး ဦးအေးထွန်း ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် အလှူတော်ငွေများ ဆက်ကပ်လှူဒါန်း
ဒုတိယဝန်ကြီး ဦးအေးထွန်း ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် အလှူတော်ငွေများ ဆက်ကပ်လှူဒါန်း
Ministry of Religious Affairs & Culture/ Naypyitaw / October 28, 2025
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ၂၅-၁၀-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ရှိ ကမ္ဘောဇသျှမ်းကျောင်းကြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်ဆရာတော်၊ ကျောက်မဲမြို့နယ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တပညောဘာသ အား ဖူးမြော်ကြည်ညိုကာ ဘုန်းတော်ကြီးသင်ပညာရေးကိစ္စများ လျှောက်ထား၍ လှူဖွယ်ဝတ္ထုပစ္စည်းများ နှင့် အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။
.jpg)
ယင်းနောက် တိလင်ပရိယတ္တိစာသင်တိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တဝါသဝနှင့် နိုင်ငံတော် ဩဝါဒါစရိယ၊ သဒ္ဓမ္မပါလပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဝေပုလ္လ တို့အား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာကိစ္စများလျှောက်ထား၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အလှူတော် ငွေများ ဆက်ကပ်လှူဒါန်းသည်။
.jpg)
.jpg)
ဒုတိယဝန်ကြီးသည် ၂၆-၁၀-၂၀၂၅ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ကျောက်မဲခရိုင်သာသနာရေးမှူး ရုံးသို့ သွားရောက်ပြီး ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်ပြီး ရုံးဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ကျောက်မဲမြို့၊ ရပ်ကွက် (၇)ရှိ ဥတ္တရဓမ္မာရုံ၌ နေရပ်သို့ ပြန်လည်ဝင်ရောက်လာသည့် မြို့ခံပြည်သူများကို ရင်းနှီးနွေးထွေးစွာ တွေ့ဆုံအားပေးစကားပြောကြားပြီး ဆန်အိတ်များ၊ ထောက်ပံ့ငွေများနှင့် ဓမ္မစာအုပ်များ ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း ဖော်ပြအပ်ပါသည်။
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
Newspaper
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။
Announcement
အငယ်တန်းစာရေးနှင့် ဒု-လ/ထကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူးနေရာများအတွက် ရေးဖြေအောင်မြင်သူများစာရင်း ထုန်ပြန်ကြေညာခြင်း-
Revenue Appellate Tribunal / Posted on September 19, 2025
အငယ်တန်းစာရေးနှင့် ဒု-လ/ထကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူးနေရာများအတွက် ရေးဖြေအောင်မြင်သူများစာရင်း ထုန်ပြန်ကြေညာခြင်း-
ရေကြောင်းသတိပေးကြေညာချက်
Ministry of Information / Posted on October 27, 2025
ရေကြောင်းသတိပေးကြေညာချက်
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ ပြင်ဆင်ထုတ်ပြန်
Ministry of Information / Posted on October 27, 2025
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ ပြင်ဆင်ထုတ်ပြန်
