ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ဒီဂျစ်တယ်စီးပွားရေးအခြေခံအဆောက်အအုံနှင့်ဆိုက်ဘာလုံခြုံရေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၏ (၂/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်


Ministry of Transport and Communications/ Naypyitaw / December 26, 2025
image_latest


နေပြည်တော်၊ ဒီဇင်ဘာ ၂၅         

ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီအောက်ရှိ ဒီဂျစ်တယ်စီးပွားရေးအခြေခံအဆောက်အအုံနှင့် ဆိုက်ဘာလုံခြုံရေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၏ (၂/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့၊ နေ့လည် (၁၄:၀၀) နာရီအချိန်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၊ ရုံးအမှတ်(၂)၌ ကျင်းပပြုလုပ်ခဲ့ရာ ဒီဂျစ်တယ်စီးပွားရေးအခြေခံအဆောက်အအုံနှင့် ဆိုက်ဘာလုံခြုံရေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် ဒုတိယဝန်ကြီးက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် Living Document အဖြစ် ထုတ်ပြန်ပြီးဖြစ်သည့် မြန်မာဒီဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀ ပါ ဒီဂျစ်တယ်စီးပွားရေးအခြေခံအဆောက်အအုံနှင့် ဆိုက်ဘာလုံခြုံရေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီက ဆောင်ရွက်ရမည့်  Action Plan များနှင့်စပ်လျဉ်း၍ ကော်မတီအနေဖြင့် လက်ရှိဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ယခင်ကျင်းပခဲ့သည့် (၁/၂၀၂၅)  အစည်းအဝေးမှ ဆုံးဖြတ်ချက်များအရ ဆောင်ရွက်ရန်ကျန်ရှိသည်များကို ဆက်လက်ဆောင်ရွက်သွားရန်၊ အတည်ပြုထုတ်ပြန်ပြီးဖြစ်သည့် မြန်မာဒီဂျစ်တယ်စီးပွားရေး လမ်းပြမြေပုံ ၂၀၃၀ တွင်ပါရှိသည့် ကော်မတီနှင့်သက်ဆိုင်သည့် လုပ်ငန်းတာဝန်များ အောင်မြင်စွာဆောင်ရွက်နိုင်ရေး ဝန်ကြီးဌာနအချင်းချင်း အဆင့်အလိုက် ပူးပေါင်းဆောင်ရွက်သွားရန်နှင့် မြန်မာနိုင်ငံ၏စီးပွားရေးလုပ်ငန်းများကို ဒီဂျစ်တယ်အသွင်သို့ကူးပြောင်း၍ ပြည်သူအားလုံးညီတူညီမျှ ပါဝင်ဆောင်ရွက်နိုင်စေခြင်းဖြင့် နိုင်ငံတော်၏ ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ပြသည့် အညွှန်းကိန်းများတိုးတက်ရေးကို ဆက်လက် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။

ယင်းအစည်းအဝေးသို့ ဒီဂျစ်တယ်စီးပွားရေး အခြေခံအဆောက်အအုံနှင့် ဆိုက်ဘာလုံခြုံရေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင်များဖြစ်သော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းနှင့် Myanmar Digital Economy Association တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

Newspaper

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက် ၊ ဒီဇင်ဘာ ၂၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 26, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက် ၊ ဒီဇင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 25, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက် ၊ ဒီဇင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း ကြေညာ

Ministry of Information / Posted on December 20, 2025

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း ကြေညာ

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023