ဒုတိယဝန်ကြီး ဦးအောင်မြိုင် တောင်ငူ-နေပြည်တော် ရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး ပြုပြင်နေမှုနှင့် တောင်ငူမြို့ရှောင်ရထားလမ်းဖောက်လုပ်နေမှု ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဦးအောင်မြိုင် တောင်ငူ-နေပြည်တော် ရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး ပြုပြင်နေမှုနှင့် တောင်ငူမြို့ရှောင်ရထားလမ်းဖောက်လုပ်နေမှု ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / January 30, 2026
နေပြည်တော် ဇန်နဝါရီ ၂၉
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ယနေ့တွင် မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ၊ တိုင်းတာဝန်ခံအရာရှိများနှင့်အတူ တောင်ငူ-နေပြည်တော် ရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေးပြုပြင်ဆောင်ရွက်နေမှု၊ အဆိုပါရထားလမ်းပိုင်းတွင် ဘူတာအသစ်များ ပြန်လည်တည်ဆောက်နေမှု၊ ရထားလမ်းပိုင်းရှိ တံတားများအခြေအနေ၊ Automatic Levelling, Lining and Tamping Machine(ALLTM) စက်ဖြင့် ကျောက်ဖြည့်ပါကင်ရိုက်ခြင်း၊ တောင်ငူမြို့ ရှောင်ရထားလမ်း တာပေါင်မြေကြီးလုပ်ငန်းနှင့် တံတားလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တောင်ငူ-နေပြည်တော် ရထားလမ်းပိုင်း ၌ မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး ပြုပြင်ဆောင်ရွက်နေမှုလုပ်ငန်းအခြေအနေကို RBE ရထားဖြင့် လိုက်ပါ စီးနင်း၍ စစ်ဆေးရာ ဒုတိယဝန်ကြီးက လမ်းပိုင်း အတွင်း အသစ်ပြန်လည်တည်ဆောက်နေသည့် ဘူတာများ သတ်မှတ်ကာလအတွင်း လုပ်ငန်းများအမြန်ပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံနှုန်းများအတိုင်း တည်ဆောက်ရေး အလေးထားဆောင်ရွက်ရန်၊ ရထားလမ်းပိုင်းအတွင်းရှိ အေလာ-သာဝတ္ထိဘူတာ ကြား Automatic Levelling, Lining and Tamping Machine (ALLTM) စက်ကြီးများဖြင့် ကျောက်ဖြည့် ပါကင်ရိုက်ခြင်းလုပ်ငန်းများအား စနစ်တကျသေချာ စွာဆောင်ရွက်ရန်၊ ကွေ့နေရာများတွင် Alignment နှင့် Super Elevations များ မှန်ကန်မှုရှိစေရေး စနစ်တကျစစ်ဆေးသွားရန်၊ ရထားလမ်းဘေး ဝဲ/ယာ သတ်မှတ်အကွာအဝေးများတွင် ရေနုတ်မြောင်းများစနစ်တကျ တူးဖော်သွားရန်၊ တံတားများ ရှိ ဆွေးမြည့်နေသည့် သစ်သားဇလီဖားများ စစ်ဆေးလဲလှယ်သွားရန်နှင့် တောင်ငူ-နေပြည်တော်ကြား အမြန်နှုန်း ၇၅ ကီလိုမီတာ နှုန်းအပြည့်အဝမောင်းနှင် နိုင်ရေး စဉ်ဆက်မပြတ် ထိန်းသိမ်းဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် တောင်ငူမြို့ရှောင်ရထားလမ်း တာပေါင်မြေကြီးလုပ်ငန်းနှင့် တံတားလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး တာပေါင်မြေကြီးလုပ်ငန်း ဆောင်ရွက်ရာတွင် အပေါ်ယံမြေလွှာကို ကုန်စင်အောင်ဖယ်ရှား၍ Selected Borrow Soil ကို သိပ်သည်းမှုရရှိအောင် အလွှာလိုက်ဖိကြိတ်၍ Compaction ကောင်းမွန်အောင် ဆောင်ရွက်ပြီး သတ်မှတ်ထားသည့် အရည်အသွေးရရှိအောင် Quality Control ဆောင်ရွက်ရန်၊ ရထားလမ်းဘေး ရေနုတ်မြောင်းများ တစ်ပါတည်း တူးဖော်နိုင်ရေး ဆောင်ရွက်ရန်နှင့် ရထားလမ်းအား သတ်မှတ်ထားသည့် ကာလအတွင်း အချိန်မီပြီးစီး အောင် အလေးထားဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
ယင်းနောက် တောင်ငူဘူတာနှင့် ယာဒ်ဝင်းကို ကြည့်ရှုစစ်ဆေးပြီး ဘူတာ၌ တိုင်းတာဝန်ခံအရာရှိများ၊ စီမံကိန်းအင်ဂျင်နီယာများနှင့် တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက မိမိတိုင်းနယ်မြေအတွင်းရှိ ဘူတာများ၊ ယာဒ်ဝင်းများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး စနစ်တကျဆောင်ရွက်ရန်၊ ရထားစီးခရီးသွား ပြည်သူများ စိတ်အေးချမ်းသာစွာ နားနေသွားလာနိုင်အောင် စီစဉ်ဆောင်ရွက်သွားရန်၊ ဘူတာယာဒ်ဝင်းနှင့် ရထားလမ်းတစ်လျှောက်ရှိ ဌာနပိုင်ပစ္စည်းများ ပျောက်ဆုံး/ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရေးရထားရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ စနစ်တကျစစ်ဆေးဆောင်ရွက်သွားရန်နှင့် စီမံကိန်းလုပ်ငန်းများကို သတ်မှတ်ကာလတွင်း အချိန်မီပြီးစီးရေး ကြပ်မတ်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဇန်နဝါရီ ၃၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဇန်နဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Announcement
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အမျိုးသားလွှတ်တော်(အချိုးကျကိုယ်စားပြုစနစ်)၊ ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁) နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းရရှိမှုအခြေအနေ
Ministry of Information / Posted on January 30, 2026
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အမျိုးသားလွှတ်တော်(အချိုးကျကိုယ်စားပြုစနစ်)၊ ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁) နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းရရှိမှုအခြေအနေ
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်း၏ ဆန္ဒမဲရရှိမှုအခြေအနေ