ဒုတိယသမ္မတ ဦးညိုစောနှင့် ဇနီး နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်၊ ပျဉ်းမနားမြို့နယ်နှင့် နေပြည်တော်လမ်းလျှောက်သင်္ကြန်တို့သို့ လှည့်လည်ကြည့်ရှုအားပေး
ဒုတိယသမ္မတ ဦးညိုစောနှင့် ဇနီး နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်၊ ပျဉ်းမနားမြို့နယ်နှင့် နေပြည်တော်လမ်းလျှောက်သင်္ကြန်တို့သို့ လှည့်လည်ကြည့်ရှုအားပေး
Ministry of Information/ Naypyitaw / April 17, 2026
နေပြည်တော် ဧပြီ ၁၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစောနှင့် ဇနီး ဒေါ်စမ်းစမ်းအေးတို့သည် ယနေ့တွင် နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်၊ ပျဉ်းမနားမြို့နယ်နှင့် နေပြည်တော်လမ်းလျှောက်သင်္ကြန်တို့သို့ သွားရောက်၍ မြန်မာ့ရိုးရာသင်္ကြန်အစဉ်အလာနှင့်အညီ သင်္ကြန်ပွဲတော်ဆင်နွှဲနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ဦးစွာ ဒုတိယသမ္မတနှင့် ဇနီးတို့သည် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်သို့ရောက်ရှိကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့် ဇနီးတို့သည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားခေတ်ပေါ်တေးဂီတအဖွဲ့နှင့်တွဲဖက်၍ နိုင်ငံကျော်တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများနှင့် ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှုတို့ကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့်ဇနီးတို့သည် ပျဉ်းမနားမြို့နယ် လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ သွားရောက်၍ ဗဟိုမဏ္ဍပ်၌ အဆိုတော်များ၏ သီဆိုဖျော်ဖြေမှုများ၊ သင်္ကြန်ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှုများနှင့် ပြည်သူများ သင်္ကြန်ပွဲတော်၌ တပျော်တပါး ပါဝင်ဆင်နွှဲနေမှုများကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့် ဇနီးတို့သည် ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ နေပြည်တော်ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပနေသည့် နေပြည်တော်လမ်းလျှောက်သင်္ကြန်သို့သွားရောက်၍ ဝန်ကြီးဌာနအလိုက် ရေကစားမဏ္ဍပ်များတွင် ပြည်သူများ စိတ်အေးချမ်းပျော်ရွှင်စွာ အတာရေသဘင်ပွဲဆင်နွှဲနေမှုများကို ကြည့်ရှုအားပေးပြီး ပြည်သူများနှင့်အတူ မြန်မာ့ရိုးရာအတာသင်္ကြန်ကို ပါဝင်ဆင်နွှဲခဲ့သည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်
Ministry of Information / Posted on April 20, 2026
လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေး နှင့် စပ်လျဉ်း၍ ပြည်သူသို့အသိပေးနှိုးဆော်ချက်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on April 10, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃ / ၂၀၂၆
Ministry of Information / Posted on April 10, 2026
