ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့် သိပ္ပံပွဲတော်ကျင်းပရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်သည့် ကျောင်းသား ကျောင်းသူများအတွက် ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေး


Ministry of Education/ Naypyitaw / December 03, 2025


နေပြည်တော် ၂၀၂၅ ဒီဇင်ဘာ ၃

ပညာရေးဝန်ကြီးဌာန သိပ္ပံပွဲတော်အောင်မြင်စွာ ကျင်းပရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်သည့် ကျောင်းသား ကျောင်းသူများအတွက် အလုပ်အကိုင်ရရှိရေး ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာ၀န်ရှိသူများ တက်ရောက်ကြပြီး ရန်ကုန်မြို့ပေါ်ရှိ တက္ကသိုလ်‌ခြောက်ခုနှင့် မန္တလေးတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါ‌မောက္ခများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ဒုတိယ၀န်ကြီးက ပြည်‌ထောင်စု၀န်ကြီး၏လမ်းညွှန်ချက်အရ သိပ္ပံပွဲတော် (Science Fair) ကျင်းပနိုင်ရေး ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ ဒုတိယပိုင်းအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်သည့် ကျောင်းသား ကျောင်းသူများအတွက် တက္ကသိုလ်ဘာသာရပ်ဌာနအသီးသီးမှ Skilled Labour သင်တန်းများဖွင့်လှစ်နိုင်ရေး ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ သိပ္ပံပွဲတော်ကို ရန်ကုန်တက္ကသိုလ်တွင် ကျင်းပလေ့ရှိခဲ့ရာ ၂၀၂၀ ပြည့်နှစ် ကိုဗစ်ကာလမှစတင်၍ ကျင်းပမှုရပ်ဆိုင်းခဲ့ ရပါကြောင်း၊ သိပ္ပံပွဲ‌တော်ကို ၂၀၂၆ခုနှစ် ဇန်နဝါရီလတွင် စိတ်ဝင်စားဖွယ်ကောင်းသည့် ဘာသာရပ်ဆိုင်ရာပြခန်းများ၊ ပြကွက်များ၊ ပြိုင်ပွဲများဖြင့် ခမ်းနားထည်ဝါစွာ၊ ခေတ်မီစွာ စနစ်တကျပြန်လည်ကျင်းပမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံနှင့် သိပ္ပံပွဲတော်ကို ပူးတွဲ၍ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် အကြံပြုဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက သိပ္ပံပြခန်းများ ခင်းကျင်းပြသနိုင်ရေး အကြံပြုဆွေးနွေးကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်အကြံပြု ဆွေးနွေးသည်။

ယင်းနောက် ဒုတိယပိုင်းကို ဆက်လက်‌ဆွေး‌နွေးရာ ဒုတိယဝန်ကြီးက တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်သူများအတွက် ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်များက မိမိနိုင်ငံ၊ မိမိဒေသ အကျိုးပြု အလုပ်အကိုင်ရရှိရေး ကျွမ်းကျင်မှုဆိုင်ရာ Job-Ready Skills သင်တန်းများ၊ သွင်းကုန်အစားထိုး ထုတ်ကုန်များကို ဓာတ်ခွဲခန်း Lab - Scale အဆင့် ထုတ်လုပ်နည်းသင်တန်းများ ရွေးချယ်ဖွင့်လှစ်နိုင် မည့်စီမံချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များက ဖွင့်လှစ်မည့်သင်တန်းများနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Newspaper

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

Myanmar National Human Rights Commission Statement No. (17/ 2025)

Myanmar National Human Rights Commission / Posted on December 10, 2025

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023