နည်းပညာတက္ကသိုလ်(ဘားအံ) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆို
နည်းပညာတက္ကသိုလ်(ဘားအံ) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆို
Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / January 15, 2025
ဘားအံ - ဇန်နဝါရီ (၁၅)
ကရင်ပြည်နယ်၊ နည်းပညာတက္ကသိုလ်(ဘားအံ)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၉ နာရီခွဲက ဘားအံမြို့၊ အဆိုပါတက္ကသိုလ်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိုင်ငံကိုပြုပြင်ပြောင်းလဲတည် ဆောက်နေသောကာလတွင် ပညာပြည့်ဝပြီးအမြင်ကျယ်ကာ သဘောထားကြီးသည့် လူ့အသိုင်းအဝိုင်းဖြစ်ပေါ်လာရန် ပညာရေးကဏ္ဍသည် အရေး ပပြီး ပညာဆည်းပူးနေကြသောလူငယ်လူရွယ်များအရည်အသွေးမြင့်မား၍ အမြော်အမြင်ရှိပြီး ဆင်ခြင်တုံတရား ပြည့် ဝသည့်လူသားကောင်းများဖြစ်လာစေရန်၊ ပညာဟူသည့်မိတ်ဆွေကောင်းနှင့်ပေါင်းဖက်မိအောင်ကြိုးစားကြရန်၊ နိုင်ငံ နှင့်လူမျိုးအတွက်ဂုဏ်တင့်တယ်ပြီး ဉာဏ်ရည်၊နှလုံးရည်တွေးခေါ်မြော်မြင်ဆင်ခြင်နိုင်မှု စွမ်းအားမြင့်မားသည့်ထူးချွန် ထက်မြတ်သော ပညာမျိုးဆက်များဖြစ်ကြပါစေကြောင်း၊ နိုင်ငံတော်ကိုကောင်းကျိုး ပြုမည့်အရည်အသွေးမြင့်မား သည့်လူ့စွမ်းအားအရင်းအမြစ်များဖြစ်အောင်ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နည်းပညာတက္ကသိုလ်ဒုတိယပါမောက္ခချုပ်ဒေါက်တာအောင်ဇော်လတ်က သင်ကြားသင်ယူနေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး နည်းပညာတက္ကသိုလ်ကျောင်းသား၊ကျောင်းသူများက တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြကာ တက္ကသိုလ် King & Queen ကို ရွေးချယ်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပဥ္စမနှစ် အောင်မြင်ခဲ့ကြသော ထူးချွန်ကျောင်းသား၊ကျောင်းသူများအားဂုဏ်ပြုဆုများကိုလည်းကောင်း၊ သီဆိုကပြ ဖျော်ဖြေခဲ့ကြသော ကျောင်းသား၊ကျောင်းသူများအားဂုဏ်ပြုဆုများကိုလည်းကောင်း၊ ကရင်ပြည်နယ်ကြက်ခြေနီကြီး ကြပ်မှုကော်မတီ ဥက္ကဋ္ဌကအထောက်အကူပြုပစ္စည်းများကို နည်းပညာတက္ကသိုလ်ကြက်ခြေနီအသင်းခွဲထံသို့ လည်း ကောင်း၊ တက္ကသိုလ် King & Queen ရရှိကြသူများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှ ပထမနှစ်ကျောင်းသား/သူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မောင်မယ်သစ်လွင် ကျောင်းသားကျောင်းသူများ၊ ဆရာ၊ဆရာမများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ပါသည်။
Newspaper
၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၅ ရက် ၊ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 05, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၄ ရက် ၊အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 04, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၃ ရက် ၊တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
Ministry of Information / Posted on February 04, 2025
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန၏ အရပ်ရပ်အခွင့်အရေးလိုင်စင် (၇၀)ခု၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းလုပ်ကိုင်ခွင့်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်း
Naypyitaw Development Committee / Posted on February 04, 2025
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန၏ အရပ်ရပ်အခွင့်အရေးလိုင်စင် (၇၀)ခု၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းလုပ်ကိုင်ခွင့်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်း
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်၏ အသိပေးကြော်ငြာခြင်း
Naypyitaw Development Committee / Posted on February 04, 2025
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်၏ အသိပေးကြော်ငြာခြင်း