နယ်စပ်ရေးရာဝန်ကြီးဌာန ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲ အခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / April 18, 2026
image_latest


နေပြည်တော် ဧပြီ ၁၇

နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲကို ယနေ့မြန်မာနှစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိမင်္ဂလာကန်တော်၌ ကျင်းပသည်။

အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့်ဇနီးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်ဇနီးများ၊ လက်ထောက်အတွင်းဝန်/ ညွှန်ကြားရေးမှူးများ နှင့်ဇနီးများ၊ ဝန်ထမ်းမိသားစုများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့ဦးဆောင်ကာ ဘေးမဲ့ငါးကောင်ရေ ၇၀၀၀ ကို ဇီဝိတဒါန အဖြစ် မင်္ဂလာကန်တော်အတွင်းသို့ ကုသိုလ်ပြုလွှတ်ပေးခဲ့ကြသည်။

ထို့နောက် သက်ကြီးပူဇော်ပွဲအခမ်းအနားကို နယ်စပ်ရေးရာဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ဆက်လက်ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများရှိ အသက် ၇၅ နှစ်နှင့် အထက် အဘိုး ၁၉ ဦး၊ အဘွား ၃၂ ဦး စုစုပေါင်း ၅၁ ဦးအနက် တက်ရောက်နိုင်သူ အဘိုး အဘွား ၁၈ ဦးကို ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့ဦးဆောင်၍ မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာနှင့်အညီ နှစ်သစ်ကူး ကန်တော့ပစ္စည်းများဖြင့် လှူဒါန်းကန်တော့ကြပြီး ကန်တော့ခံ ဘိုးဘွားများကိုယ်စား အဘွားတစ်ဦးက ဆုတောင်းမေတ္တာစကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

Ministry of Information / Posted on April 10, 2026

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

Video