နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဘွဲ့များဆက်ကပ်ချီးမြှင့်အပ်နှင်း


Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / January 22, 2025


ဘားအံ - ဇန်နဝါရီ  (၂၂)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူး ဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းရာတွင် ပါဝင်ခဲ့သော ကရင်ပြည်နယ်မှဆရာတော်ကြီးနှစ်ပါးအား ဇန်နဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကရင်ပြည်နယ်အစိုးရအဖွဲ့က သီရိပျံချီ ဂုဏ်ထူးဆောင်ဘွဲ့ကို ဆက်ကပ် ချီးမြှင့်အပ်နှင်းသည်။

ဂုဏ်ထူးဆောင်ဘွဲ့ဆက်ကပ်ခြင်းမင်္ဂလာအခမ်းအနားသို့ မြိုင်ကြီးငူနန်းဦးဘေးမဲ့ကျောင်းတိုက်ဦးစီးပဓာန နာယက ဒုတိယမြိုင်ကြီးငူဆရာတော်ဘဒ္ဒန္တဉာဏိက ၊ လမင်းပရိယတ္တိစာသင်တိုက်ဆရာတော်ဘဒ္ဒန္တကေသရိန္ဒ ၊ ကရင် ပြည်နယ်ဝန်ကြီးချုပ်သီရိပျံချီဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာတော်ကြီးများ၏ တပည့်ဒါယကာ၊ ဒါယိကာမများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဒုတိယမြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိကထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်အရှင်သူမြတ်တို့ထံမှ ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများလျှောက်ထားတင်ပြပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးနှင့်ငြိမ်းချမ်းသာယာဝပြောရေး စွမ်းစွမ်းတမံပူးပေါင်း ဆောင်ရွက်တော်မူခဲ့သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်မှ ချီးမြှင့်သည့် သီရိပျံချီဂုဏ်ထူးဆောင်ဘွဲ့ရရှိသော မြိုင်ကြီးငူနန်းဦးဘေးမဲ့ကျောင်းတိုက်ဦးစီးပဓာနနာယက ဒုတိယ မြိုင်ကြီးငူဆရာတော်ဘဒ္ဒန္တဉာဏိကနှင့် လမင်းပရိယတ္တိစာသင်တိုက်ဆရာတော်ဘဒ္ဒန္တကေသရိန္ဒတို့အား ဂုဏ်ထူး ဆောင်ဘွဲ့တံဆိပ်များ ဆက်ကပ်အပ်နှင်းသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တပည့်ဒါယကာ၊ဒါယိကာမ များက ဆရာတော်ကြီးနှစ်ပါးတို့အား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ဒုတိယမြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိကထံမှ အနုမောဒနာတရားနာကြားကာ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ဆက်လက်၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ ရုတ်သိမ်းခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့်အဖွဲ့ဝင်များက ဆရာတော် ကြီးနှစ်ပါးနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြကာ ပြန်လည်ကြွချီတော်မူသော ဆရာတော်ကြီးနှစ်ပါးအား ဧည့်ပရိတ်အပေါင်းတို့က လှူဖွယ်ဝတ္ထုနှင့်နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Ministry of Transport and Communications / Posted on March 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

ငလျင်ဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်

Ministry of Information / Posted on March 26, 2026

၁။ မြန်မာနိုင်ငံသည် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေး၊ မိုးကြိုးဘေးနှင့် လေပြင်းဘေးစသည့် သဘာဝဘေးများ ဖြစ်ပွားလေ့ရှိသော နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ငလျင်ဖြစ်ပေါ်နိုင်သည့် အဓိကပြတ်ရွေ့ကြော ၄ ခုအနက် စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှစတင်ကာ မြန်မာနိုင်ငံအလယ်ပိုင်းကို တောင်မြောက်ဖြတ်သန်းလျက်...

Video