နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ မော်စကိုမြို့ရှိ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရစင်တာနှင့် ကာလုဂါပြည်နယ်၊ Etnomir ယဉ်ကျေးမှုနယ်မြေသို့ သွားရောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ မော်စကိုမြို့ရှိ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရစင်တာနှင့် ကာလုဂါပြည်နယ်၊ Etnomir ယဉ်ကျေးမှုနယ်မြေသို့ သွားရောက်
Ministry of Information/ Naypyitaw / May 08, 2025

နေပြည်တော် မေ ၈
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များသည် မြန်မာထေရဝါဒဗုဒ္ဓဝိဟာရစင်တာနှင့် ကာလုဂါပြည်နယ်၊ Etnomir ယဉ်ကျေးမှုနယ်မြေသို့ ယနေ့(မေ ၈ ရက်)တွင် သွားရောက်ခဲ့ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များသည် ဒေသစံတော်ချိန် နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရစင်တာသို့ ထွက်ခွာခဲ့ကြသည်။
မြန်မာထေရဝါဒဗုဒ္ဓဝိဟာရစင်တာသို့ ရောက်ရှိချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များသည် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထိုနောက် သံဃာတော်အရှင်သူမြတ်များဟောကြားသည့် အနုမောဓနာတရားကို နာယူခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းနှင့် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခဲ့ကြသည်။
ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များသည် ကာလုဂါပြည်နယ်၊ Etnomir ယဉ်ကျေးမှုနယ်မြေသို့ သွားရောက်လေ့လာကြည့်ရှုခဲ့ကြသည်။
ကာလုဂါပြည်နယ်၊ Etnomir ယဉ်ကျေးမှုနယ်မြေသို့ ရောက်ရှိချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များသည် Etnomir ယဉ်ကျေးမှုနယ်မြေအတွင်း တည်ထားသည့် ရွှေစည်းဂုံပုံတူစေတီတော်အား ဖူးမြော်ကြည်ညိုခြင်း၊ ယဉ်ကျေးမှုနယ်မြေအတွင်းသို့ လှည့်လည်လေ့လာကြည့်ရှုခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
Newspaper

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ကျောင်းသား/သူများ ဝင်ရောက်ပါဝင်ယှဉ်ပြိုင်နိုင်ရန် အသိပေးနှိုးဆော်ခြင်း
Ministry of Cooperatives and Rural Development / Posted on May 06, 2025
မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။
Ministry of Transport and Communications / Posted on May 03, 2025
မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။
မြေဩဇာရည်ညွှန်းဈေးနှုန်းများ သိရှိနိုင်ပါရန် ကြေညာခြင်း
Ministry of Cooperatives and Rural Development / Posted on May 05, 2025