နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း စစ်ကိုင်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စခန်းသွင်းလေ့ကျင့်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / May 09, 2025
image_latest


နေပြည်တော် မေ ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စခန်းသွင်းလေ့ကျင့်ဆောင်ရွက်နေမှု၊ ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုများအား ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

တွေ့ဆုံအမှာစကားပြောကြား

ဦးစွာ ဒုတိယဝန်ကြီးချုပ်သည် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ တာဝန်ရှိသူများနှင့်အတူ စစ်ကိုင်းပညာရေးတက္ကသိုလ်သို့ ရောက်ရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနိုင်ရန် ဘာသာရပ်များ သင်ကြားပို့ချပေးနေသည့် တက္ကသိုလ်၊ ကောလိပ်များမှ ပါမောက္ခ၊ ဆရာ ဆရာမများနှင့် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်က စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ ပညာသင်ကြားရေး၊ စားသောက်နေထိုင်ရေးအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ်သိန်း ၁၀၀၀၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်က ဆရာ ဆရာမများအတွက် ထောက်ပံ့ငွေကျပ် ၄၇ သိန်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်များကို ထောက်ပံ့ပေးအပ်ကြရာ တာဝန်ရှိသူများနှင့် ကျောင်းသား ကျောင်းသူများက လက်ခံရယူသည်။

ယင်းနောက် တက္ကသိုလ်အစည်းအဝေးခန်းမ၌ စခန်းဝင်လေ့ကျင့်သင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူများ အဆင်ပြေစွာသင်ကြားလေ့ကျင့်နိုင်ရန်အတွက် အုပ်ချုပ်မှုနှင့် ထောက်ပံ့မှုဆိုင်ရာဆောင်ရွက်ထားရှိမှုအခြေအနေများကို စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြပြီး ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ခေတ္တပါမောက္ခချုပ်တို့က ကျောင်းသား ကျောင်းသူများအား စခန်းသွင်းသင်ကြားပို့ချပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းသား ကျောင်းသူများ စခန်းဝင်သင်ကြားပေးနေမှု အခြေအနေများနှင့် ချက်ပြုတ်ကျွေးမွေးမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို အစားအစာချက်ပြုတ်ရာတွင် သန့်ရှင်းလတ်ဆတ်မှုရှိရေး၊ ကျန်းမာရေးနှင့် ညီညွတ်မှုရှိစေရေးကို အထူးအလေးထားဆောင်ရွက်ပေးကြရန် မှာကြားသည်။

ထောက်ပံ့ငွေများပေးအပ်

ထို့နောက် စစ်ကိုင်းတောင်ရှိ ဆွမ်းဦးပုညရှင်စေတီသို့သွားရောက်၍ ထိခိုက်ပျက်စီးခဲ့မှုနှင့် အပျက်အစီးများအား ဖယ်ရှားရှင်းလင်းနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လုပ်အားပေးဆောင်ရွက်နေသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များကို ထောက်ပံ့ငွေများပေးအပ်သည်။

ယင်းနောက် သီတဂူဗုဒ္ဓတက္ကသိုလ်သို့ သွားရောက်၍ သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရအား သွားရောက်ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုငွေ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာသူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်၍ ဒုတိယဝန်ကြီးချုပ်က အားပေးစကားပြောကြားပြီး ယာယီနေရပ်စွန့်ခွာနေသူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေကျပ် ၃၈၄၇ သန်းကို ပေးအပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူပြီး ဒုတိယဝန်ကြီးချုပ်က ယာယီနေရပ်စွန့်ခွာနေသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧရာဝတီမြစ်ကမ်းနားလမ်းရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ စီစဉ်ဆောင်ရွက်ထားသော မြစ်ရေတင်စက်မှ သောက်သုံးရေအဖြစ်သန့်စင်၍ လိုအပ်သည့်ပြည်သူများသို့ အခမဲ့ဖြန့်ဖြူးပေးနေသည့်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ပြိုကျပျက်စီးခဲ့မှုများ ကြည့်ရှု

ထို့နောက် စစ်ကိုင်းတံတားသို့သွားရောက်၍ ပြိုကျပျက်စီးခဲ့မှုများအား မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနှင့် တပ်မတော် (ရေ)မှ ဖယ်ရှားရှင်းလင်းရေး ပူးပေါင်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးချုပ်က အဓိကရေလမ်းကြောင်းများ မိုးမကျမီဖွင့်လှစ်နိုင်ရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ရေလယ်တိုင်များ ရေအောက်ပိုင်းကြံ့ခိုင်မှုစစ်ဆေးခြင်းတို့ကို အလေးထားဆောင်ရွက်ကြရန် မှာကြားပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ December 13, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 12, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 11, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

Announcement

ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့်ဝယ်ယူမည့် ရုံးသုံးစက်ပစ္စည်းများအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Ministry of Information / Posted on December 12, 2025

၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် အသုံးပြုရန်အတွက် Network Security System တပ်ဆင်နိုင်ရေး စက်ပစ္စည်းများကို ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023