နိုင်ငံတော်နှင့် ပြည်သူ့အကျိုးရှေးရှု၍ တိုင်းပြည်ဖွံ့ဖြိုးရေးတွင် ပါဝင်ဆောင်ရွက်
နိုင်ငံတော်နှင့် ပြည်သူ့အကျိုးရှေးရှု၍ တိုင်းပြည်ဖွံ့ဖြိုးရေးတွင် ပါဝင်ဆောင်ရွက်
Ministry of Information/ Naypyitaw / December 27, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ရှေးနှစ်ပေါင်းများစွာကတည်းက ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပေနှင့် ကိုယ်ပိုင်ဘာသာစကားများ ပိုင်ဆိုင်သည့် အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်သည်။ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများသည် ရှေးပဝေသဏီကတည်းက ပြည်ထောင်စုကြီး၏ နေရာဒေသအသီးသီးတွင် ဥမကွဲသိုက်မပျက်၊ စည်းလုံး ညီညွတ်စွာအတူယှဉ်တွဲ၍ နေထိုင်လာခဲ့ကြသည်မှာ ယနေ့ထက်တိုင်ဖြစ်သည်။
၁၈၈၅ ခုနှစ် နှစ်ကုန်တွင် နှစ်ပေါင်းထောင်ချီ တည်တံ့ခိုင်မြဲခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ဆုံးရှုံးသွားခဲ့သည်။ လွတ်လပ်ရေးဆုံးရှုံးလိုက်ရသောအခါ ပြည်ထောင်စုကြီးအတွင်း နေထိုင်ကြသော တိုင်းရင်းသားလူမျိုးအသီးသီးတို့သည် မျိုးချစ်စိတ်ဓာတ်၊ သူ့ကျွန်မခံလိုသော စိတ်ဓာတ်များဖြင့် ကိုလိုနီနယ်ချဲ့နှင့် ဖက်ဆစ်တို့ကို စည်းလုံးညီညွတ်သည့် စုပေါင်းအင်အားဖြင့် တွန်းလှန်တိုက်ထုတ်ခဲ့ကြပြီး နှစ်ပေါင်း ၁၀၀ ကျော် လက်လွှတ်ဆုံးရှုံးခဲ့ရသည့် အမိပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို ပြန်လည်ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့သည်။ လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံတော်အဖြစ် တင့်တယ်စွာရပ်တည်နိုင်ခဲ့သည်။
မြန်မာနိုင်ငံရရှိခဲ့သည့် လွတ်လပ်ရေးသည် အလွယ်တကူရရှိသော လွတ်လပ်ရေးမဟုတ်ပေ။ နှစ်ပေါင်း ၁၀၀ ကျော် ခက်ခက်ခဲခဲ တိုက်ယူခဲ့ရသည့်လွတ်လပ်ရေးဖြစ်သည်။ နှစ်ပေါင်း ၇၀ ကျော် ထိန်းသိမ်းနေရသောလွတ်လပ်ရေးဖြစ်သည်။ ကိုလိုနီနယ်ချဲ့ကို ဖက်ဆစ်တို့နှင့်ပူးပေါင်းကာ တွန်းလှန်တိုက်ထုတ်ပြီးနောက် ဖက်ဆစ်တို့ကိုလည်း တပ်မတော်နှင့် တိုင်းရင်းသားပြည်သူများ လက်တွဲပူးပေါင်းပြီး တွန်းလှန်တိုက်ထုတ်နိုင်ခဲ့သည်။ နယ်ချဲ့ဖက်ဆစ်စနစ် ပြီးဆုံးသွားသော်လည်း မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးမရသေးပေ။ ကိုလိုနီအုပ်ချုပ်မှုလက်အောက်မှ ပြန်လည်လွတ်မြောက်အောင် စည်းလုံးညီညွတ်မှုကို အခိုင်အမာတည်ဆောက်၍ အပြင်းအထန် ကြိုးပမ်းအားထုတ်ခဲ့ရသည်။ ထိုအချိန်တွင် ကိုလိုနီနယ်ချဲ့၏ သွေးခွဲအုပ်ချုပ်ရေးစနစ်အောက်တွင် မြန်မာနိုင်ငံသားအချင်းချင်း စိတ်ဝမ်းကွဲပြားခဲ့ရသည်။
ကိုလိုနီနယ်ချဲ့တို့က မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးသည့်အခါ စိတ်ဝမ်းကွဲသည့်အမွေဆိုးပါ ထည့်ပေးခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ လွတ်လပ်ရေးမရခင် ကတည်းက ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲများနှင့် လွတ်လပ်ရေးရပြန်သည့်အခါ လူမျိုးစွဲ၊ ဒေသစွဲများနှင့် လက်နက်ကိုင်ပဋိပက္ခများ စတင်ပေါ်ပေါက်လာခဲ့သည်။ လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သော လက်နက်ကိုင်ပဋိပက္ခများမှာ ယနေ့ထက်တိုင် ဖြစ်ပေါ်နေဆဲဖြစ်၍ ကမ္ဘာပေါ်တွင် ပဋိပက္ခသက်တမ်းအရှည်ကြာဆုံးနိုင်ငံဟု ခေါ်တွင်လောက်သည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ကာလတစ်လျှောက်တွင် နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်ခဲ့မှုအမွေဖြစ်သည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများဖြင့် မတည်ငြိမ်သော၊ မအေးချမ်းသောကာလများ ရှိခဲ့သည်။
မျက်မှောက်ကာလတွင် နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ကို အားလုံး သဘောတူလက်မှတ်ရေးထိုးပြီးနောက် NCA ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်ခဲ့ရာ NCA တွင်လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည်။ သို့သော် ယနေ့ကာလ၌ ဖြစ်ပေါ်လာသော နိုင်ငံရေးအခြေအနေကို အခွင့်ကောင်းယူ၍ NCA ကို ချိုးဖောက်ပြီး လက်နက်ကိုင်ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်လာကြ သည်ကို မြင်တွေ့ကြရမည်ဖြစ်သည်။ ကိုလိုနီနယ်ချဲ့လက်သစ်များအားကိုးသည့် ပြည်ပရောက် အမျိုးသားသစ္စာဖောက်များက တိုင်းပြည်ပြိုကွဲပျက်စီးအောင် ဝိုင်းဝန်းကြံဆောင်နေကြသည်။
ယနေ့နိုင်ငံတော်တွင် ကြုံတွေ့နေသည့် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကို လက်နက်စွဲကိုင်ပြီး တိုက်ပွဲများ၊ အကြမ်းဖက်မှုများဖြင့် ဖြေရှင်းနေကြခြင်းကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများသာ ဆင်းရဲဒုက္ခမျိုးစုံ ခံစားနေကြရခြင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်နေခြင်းကို အသိတရားဖြင့်ဆင်ခြင်ပြီး တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာခြင်းနည်းလမ်းဖြင့် NCA လမ်းကြောင်းအတိုင်း လိုက်ပါဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်သည်။ ယနေ့အချိန်အခါတွင် နိုင်ငံတော် အစိုးရသည် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရှိလာစေရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အခက်အခဲများကြားမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ အကျိုးစီးပွားကိုရှေးရှု၍ နိုင်ငံရေးကို အကြမ်းဖက်နည်းလမ်းဖြင့်မဖြေရှင်းဘဲ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် တိုင်းရင်းသားမိဘပြည်သူများနှင့် အတူလက်တွဲ ပါဝင်ဆောင်ရွက်ကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါကြောင်း။ ။
Newspaper
၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 26, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 26, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 25, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
DownloadAnnouncement
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တက္ကသိုလ်ဝင်ခွင့်ရရှိသူများစာရင်း (နောက်ဆက်တွဲ) စာရင်းကြေညာခြင်း
Ministry of Cooperatives and Rural Development / Posted on December 24, 2024
အခွန်အယူခံခုံအဖွဲ့ရုံးတွင် လစ်လပ်လျက်ရှိသည့် အငယ်တန်းစာရေးရာထူးနေရာ ခန့်ထားနိုင်ရေးအတွက် လျှောက်လွှာခေါ်ယူခြင်း
Revenue Appellate Tribunal / Posted on December 24, 2024
အငယ်တန်းစာရေးရာထူးနေရာအတွက် အတည်ပြုခန့်ထားသူစာရင်း ထုတ်ပြန်ကြေညာခြင်း
Revenue Appellate Tribunal / Posted on December 24, 2024
အငယ်တန်းစာရေးရာထူးနေရာအတွက် အတည်ပြုခန့်ထားသူစာရင်း ထုတ်ပြန်ကြေညာခြင်း