နိုင်ငံတော်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး တက်ညီလက်ညီပါဝင်ဆောင်ရွက်


Ministry of Information/ Naypyitaw / January 21, 2026
image_latest


ပတ်ဝန်းကျင်သည် လူတို့စိတ်ကို ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိသည်။ ကြည်နူးချမ်းမြေ့ဖွယ်ရာကောင်းသည့်အရပ်၊ ငြိမ်းချမ်းသာယာလှပသောပတ်ဝန်းကျင်၊ သန့််ရှင်းသန့်ပြန့်သည့်နေရာတို့တွင် နေထိုင်သည့်အခါ လူတို့၏စိတ်သည် အလိုလိုနူးညံ့သိမ်မွေ့လာပြီး ဝမ်းမြောက်ပီတိဖြစ်နေဘိသကဲ့သို့ စိတ်နှလုံးချမ်းသာခြင်းတို့နှင့် ပြည့်စုံနေသလိုဖြစ်နေပေသည်။ ထို့ကြောင့် ကောင်းမွန်သောစိတ်နှလုံး ဖြစ်ပေါ်လာစေရန်အတွက် ကောင်းမွန်သောဝန်းကျင်အား အရှည်မြော်တွေး၍ ဦးစွာတည်ဆောက်နေကြသည်။

ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်နေသည့်နိုင်ငံများသည် မိမိတို့နိုင်ငံကို ပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်လာအောင် စဉ်ဆက်မပြတ်ဖန်တီးတည်ဆောက်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုနိုင်ငံရှိ နိုင်ငံသူနိုင်ငံသားများ၏ စိတ်ထားနှလုံးသားနှင့် ပညာရည်များ မြင့်မားတိုးတက်လာကြသည်ကို တွေ့ရမည်ဖြစ်သည်။ သို့ကြောင့်လည်း အဆိုပါနိုင်ငံများသည် အလျဉ်မပြတ်တိုးတက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်အစိုးရများက ကောင်းမွန်သော ပတ်ဝန်းကျင်များကို ဦးစွာတည်ဆောက်ပေးခဲ့ကြသည်။ သို့သော်စည်းကမ်းလိုက်နာ ခြင်းအားနည်းမှုနှင့် ဖျက်လိုဖျက်ဆီးလုပ်မှုများကြောင့် အရာမထင်မှုများကို တွေ့ရမည်ဖြစ်သည်။

လက်ရှိကာလတွင် နိုင်ငံတော်တစ်ဝန်း ဒေသများတည်ငြိမ်ရေး၊ အေးချမ်း သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေး၊ ပတ်ဝန်းကျင်သာယာလှပရေးနှင့် စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီယဉ်ကျေးမှုထူထောင်နိုင်ရေးတို့ကို နိုင်ငံတော်အစိုးရက အလေးထား ဦးစားပေးဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံတော်အကြီးအကဲက မြို့ပြဒေသနှင့် ကျေးလက်များပါမကျန် ဒေသစိမ်းလန်းစိုပြည်သာယာလှပရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အခါမလပ် သွားရောက်လမ်းညွှန် မှာကြားပေး လျက်ရှိသည်။ သာဓကအားဖြင့် နိုင်ငံတော်ယာယီသမ္မတသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ်သွားရောက်ပြီး လိုအပ်သည်များကို လမ်းညွှန်ပေးခဲ့သည့်အတွက် ဒေသအတွင်း တစ်ကြိမ်ထက်တစ်ကြိမ် သိသိသာသာဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့မြင်ရပြီး ဒေသခံပြည်သူများအနေဖြင့်လည်း ဝမ်းမြောက်ကျေးဇူးတင်လျက်ရှိသည်ဟု သိရသည်။

အစိုးရတစ်ရပ်ဆိုသည်မှာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးရန် တာဝန်ရှိသည်။ လက်ရှိအစိုးရအနေဖြင့် နိုင်ငံတော်၏ တာဝန်များကို စတင်ရယူခဲ့စဉ်အချိန်က ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပေါ်လျက်ရှိပြီး ကျန်းမာရေးနှင့် ပညာရေးဝန်ထမ်းအချို့အပါအဝင် ဝန်ဆောင်မှု၊ တည်ဆောက်မှုဝန်ထမ်းများအချို့ပါလုပ်ငန်းခွင်မှ စွန့်ခွာခဲ့ကြမှုများကြောင့် အခက်အခဲအကျပ်အတည်းများနှင့် ကြုံတွေ့ခဲ့ရသည်။ ထို့အပြင် နိုင်ငံရေးအရ ဖြစ်ပေါ်လာသည့် ပြဿနာများကို နိုင်ငံရေးအရမဖြေရှင်းဘဲ နိုင်ငံရေးသဘောထား ကွဲလွဲမှုများကြောင့် ဖြစ်ပေါ်လာခဲ့သည့် ဆူပူအကြမ်းဖက်မှုများ၊ လက်နက်ကိုင် အကြမ်းဖက်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ထို့အပြင် ရေကြီးရေလျှံ၊ မုန်တိုင်းနှင့် ငလျင်စသည့်သဘာဝဘေးအန္တရာယ်ဆိုးကြီးများနှင့်လည်း နဖူးတွေ့ဒူးတွေ့ကြုံတွေ့ခဲ့ရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ထိုကဲ့သို့ အခက်အခဲ၊ အကျပ်အတည်းနှင့် စိန်ခေါ်မှုများစွာတို့ကြားမှ သစ္စာရှိနိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံတော်ကို ချစ်မြတ်နိုးသည့် လူမှုအဖွဲ့အစည်းများ၊ တည်ငြိမ်အေးချမ်းမှု၊ သာယာဝပြောမှုကို လိုလားသော ပြည်သူလူထုများ၏ ပူးပေါင်းလက်တွဲပါဝင်ဆောင်ရွက်မှုများဖြင့် ကြံ့ကြံ့ခံရင်ဆိုင် ကျော်လွှားနိုင်ခဲ့သည်။ တစ်ဖက်တွင် တိုင်းပြည်ကို တည်ဆောက်နေသူများနှင့် တစ်ဖက်တွင် တိုင်းပြည်ကို ဖျက်ဆီးနေကြသူများကြားတွင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေး၊ ဖွံ့ဖြိုးရေးကို အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ အမှန်တကယ်တွင် မိမိဒေသကို တည်ဆောက်သူများမှာ မိမိဒေသမှ ပြည်သူများပင်ဖြစ်သည်။ မိမိဒေသကို ဖျက်ဆီးနေကြသူများမှာလည်း မိမိဒေသမှ ပြည်သူများပင်ဖြစ်သည်။

လက်ရှိတွင် စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံသစ်ပေါ်ထွန်းလာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ဒီမိုကရေစီနိုင်ငံတော်သစ်ပေါ်ထွက်လာပါက မိမိဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသဆိုင်ရာ ပြည်သူ့ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများ ပူးပေါင်းလက်တွဲကာ မိမိဒေသကောင်းကျိုးကို ပိုမိုတိုးတက် ဖြစ်ထွန်းလာအောင် ကြိုးပမ်းဆောင်ရွက်နိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် သာယာဝပြောရေးကို ဒေသဆိုင်ရာအဖွဲ့အစည်းများ အကောင်အထည်ဖော်ပေးလျက်ရှိသည့် သာယာဝပြောမှု၊ ဖွံ့ဖြိုးတိုးတက်မှုအကျိုးရလဒ်များကို ဒေသခံပြည်သူများ ရယူခံစားပြီး မိမိနိုင်ငံတော်၊ မိမိဒေသဖွံ့ဖြိုးတိုးတက်လာအောင် တက်ညီလက်ညီဝိုင်းဝန်းပူးပေါင်းလက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။  ။

Newspaper

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 20, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 19, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အမည်စာရင်းကြေညာထားခြင်းမှ ပယ်ဖျက်

Ministry of Information / Posted on January 21, 2026

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အမည်စာရင်းကြေညာထားခြင်းမှ ပယ်ဖျက်

ရွေးကောက်ပွဲများ ကျင်းပနိုင်ခြင်းမရှိသည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

Ministry of Information / Posted on January 21, 2026

ရွေးကောက်ပွဲများ ကျင်းပနိုင်ခြင်းမရှိသည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ်များစာရင်း ထုတ်ပြန်ကြေညာ

Ministry of Information / Posted on January 21, 2026

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ်များစာရင်း ထုတ်ပြန်ကြေညာ

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023