နိုင်ငံတော်မှာ MSME မူဝါဒ အမှန်တကယ် အောင်မြင်ကာ အားကောင်းအရှိန်ရနေပြီဆိုတာ ပြည်ထောင်စုအဆင့် MSME ပြပွဲကြီးက ခိုင်မာစွာ သက်သေပြနေတာပဲဖြစ်ပါတယ်။ (ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ)


Ministry of Information/ Naypyitaw / February 12, 2026
image_latest


(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်(နေပြည်တော်)ကို နေပြည်တော်ရင်ပြင်၌ ဖေဖော်ဝါရီ ၈ ရက်မှ ဖေဖော်ဝါရီ ၁၃ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

အဆိုပါ MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ကိုယ်စားပြုပြခန်းတွင် စိုက်ပျိုး-မွေးမြူရေး ကုန်ကြမ်းအခြေပြု Agro-based Industries များ၊ MSME များအတွက် ခင်းကျင်းပြသထားရှိမှုများနှင့်စပ်လျဉ်း၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။

မေး။ ။ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အနေနဲ့ နေပြည်တော်ရင်ပြင်မှာ ကျင်းပလျက်ရှိတဲ့ MSME

ထုတ်ကုန်ပြပွဲနဲ့ စျေးရောင်းပွဲတော်မှာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြခန်းမှာပြသထားတဲ့ ပြကွက်တွေနဲ့ပတ်သက်ပြီး သိပါရစေ။

ဖြေ။ ။ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနရဲ့ ပြခန်းအမှတ်(၇)မှာ “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့၊ နိုင်ငံတော်ဖွံ့ဖြိုးဖို့ပညာရေးကို အားပေးစို့၊ နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဆိုတဲ့ အမျိုးသားရေးဆောင်ပုဒ်ကြီးတွေနဲ့အညီ စိုက်ပျိုး-မွေးမြူရေး ကုန်ကြမ်းအခြေပြု Agro-based Industries တွေ၊ MSME တွေမှာ ပြကွက်တွေကို ပြသထားပါတယ်။

ပြခန်းရှေ့မှာ တွေ့မြင်ရမှာက သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာနရှိ ပြန်ပြည့်မြဲစွမ်းအင်နှင့် အီလက်ထရောနစ် နည်းပညာသုတေသနဗဟိုဌာနနဲ့ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်က ကျောင်းသူတွေ ပူးပေါင်းသုတေသနပြုတည်ဆောက်ထားတဲ့ မြို့ပြ၊ ကျေးလက်ဒေသမရွေး အသုံးပြုလို့ရတဲ့ Portable Solar Dryer ကို တွေ့မြင်နိုင်ပါတယ်။ အဆိုပါ Solar Dryer ရဲ့ ထူးခြားချက်ကတော့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကနေ ပြန်လည်ပြည့်ဖြိုးမြဲ စိုက်ပျိုးရေးတန်ဖိုးမြှင့်ထုတ်ကုန်လုပ်ငန်းတွေ ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တစ်တပ်တစ်အား အထောက်အကူပြုနိုင်တာပဲ ဖြစ်ပါတယ်။

စိုက်ပျိုးရေးထွက်ကုန်တွေဖြစ်တဲ့ ပြောင်း၊ ပဲ၊ ဆန်၊ သရက်သီး၊ လိမ္မော်သီး၊ ငှက်ပျောသီးတို့ကို အခြောက်ခံနိုင်သလို ငါးခြောက်လုပ်ငန်း၊ ကော်ဖီစေ့အခြောက်ခံလုပ်ငန်းတွေမှာပါ အသုံးပြုနိုင်ပါတယ်။ မှန်လုံ အိမ်အာနိသင်ကို အသုံးပြုထားပြီးအပေါ်အဖုံးမှ ဆိုလာစွမ်းအင်ကို ဝင်စေတာဖြစ်ပါတယ်။ ဒီ Solar Dryer ကို အသုံးပြုခြင်းအားဖြင့် ရရှိမယ့်အကျိုးကျေးဇူးများမှာ ဖုန်မှုန့်၊ ပိုးမွှားများကင်းစင်စေခြင်း၊ ကျေးငှက်တွေနဲ့ ရုတ်တရက်မိုးရွာသွန်းတဲ့အခါကြုံတွေ့နိုင်တဲ့ အခက်အခဲတွေကို မရှိစေခြင်း၊ ပိုမိုသန့်ရှင်းကာ မှိုတက်ခြင်းမှ ကာကွယ်ပေးနိုင်ပြီး အရည်အသွေးပိုမိုကောင်းမွန်စေခြင်း၊ မြန်မြန်ဆန်ဆန် ခြောက်သွေ့စေခြင်း၊ ရေရှည်စဉ်ဆက်မပြတ် လျှပ်စစ်ဓာတ်အားခ ကုန်ကျစရိတ်မရှိခြင်းတို့ ဖြစ်ပါတယ်။

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနရဲ့ စံချိန်စံညွှန်းပြကွက်မှာ ၂၀၂၁ ခုနှစ်မတိုင်မီကာလက မြန်မာစံချိန်စံညွှန်းအရေအတွက် ၄၃၉ ခုသာရှိခဲ့ပေမယ့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်က စပြီး နိုင်ငံတော်အကြီးအကဲရဲ့ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းညွှန်ချက်တွေ၊ အားပေးမြှင့်တင်မှုတွေကြောင့် ပြည်တွင်းထုတ်ကုန်လုပ်ငန်းများ သိသာစွာဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူ လက်ရှိမှာ မြန်မာစံချိန်စံညွှန်းအရေအတွက် ၉၄၈ ခုအထိ ချမှတ်နိုင်ပြီဖြစ်လို့ မြန်မာစံချိန်စံညွှန်းအရေအတွက် ၅၀၉ ခုတိတိ နှစ်အနည်းငယ်အတွင်းမှာပဲ ယခင်ကာလတွေထက်တောင် ကျော်လွန်ချမှတ်နိုင်ခဲ့တာ တွေ့မြင်နိုင်ပါတယ်။ အထူးအားဖြင့် မကြာမီက နိုင်ငံတော်မှာ သမိုင်းဝင်အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမတိုင်မီမှာ အသုံးပြုမယ့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို MMS 63: 2025 မြန်မာစံချိန်စံညွှန်း ချမှတ်မှုကို စံချိန်စံညွှန်းပြကွက် မှာ ထင်ရှားစွာ ပြသထားပါတယ်။ EV မြန်မာစံချိန်စံညွှန်း ၁၈ ခုနဲ့ ချမှတ်ပြီး မြန်မာစံချိန်စံညွှန်းတွေကိုလည်း ပြသထားပါတယ်။

MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားအဆင့်အရည် အသွေးအခြေခံအဆောက်အအုံစနစ်က မဟာဗျူဟာမဏ္ဍိုင်တစ်ခုဖြစ်ကြောင်း မီးမောင်းထိုးပြသထားပြီး အဓိကလုပ်ငန်းစဉ် ၅ ရပ်ဖြစ်တဲ့ စံချိန်စံညွှန်းသတ်မှတ်ခြင်း၊ တိကျစွာတိုင်းတာခြင်း၊ စမ်းသပ်စစ်ဆေးခြင်း၊ အရည်အသွေးထောက်ခံချက်ထုတ်ပေးခြင်း၊ အသိအမှတ်ပြုခြင်းတို့အပြင် နည်းပညာဝန်ဆောင်မှု၊ လွှဲပြောင်းမှုနဲ့ သုတေသနလုပ်ငန်းများဆိုင်ရာ ပြကွက်တွေကို ခင်းကျင်းပြသထားပါတယ်။

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနရဲ့ ၂၀၂၁ ခုနှစ် မတိုင်မီကာလ၌ နည်းပညာလွှဲပြောင်းမှု ၃၁ ခုသာ ရှိခဲ့ပေမယ့် လက်ရှိကာလမှာ ၁၃၂ ခုအထိ ရှိလာတဲ့အတွက် နှစ်အနည်းငယ်အတွင်း နိုင်ငံတော်မှာ MSME မူဝါဒအမှန်တကယ်အောင်မြင်တယ်ဆိုတာ နည်းပညာတောင်းခံမှုနဲ့ လွှဲပြောင်းမှုတွေ သိသိသာသာမြင့်တက်လာမှုတွေက အားကောင်းခိုင်မာစွာ သက်သေပြနေတာပဲဖြစ်ပါတယ်။ အလားတူ လာရောက်ဓာတ်ခွဲစမ်းသပ်တဲ့ နမူနာပစ္စည်းနဲ့ အကြိမ်အရေအတွက်တွေ အံ့မခန်းမြင့်တက်လာတာကိုလည်း တွေ့ရပါတယ်။

ဇီဝနည်းပညာသုတေသနဦးစီးဌာနရဲ့ ဇီဝနည်းပညာထုတ်ကုန်ပြကွက်မှာ လက်ရှိထုတ်လုပ်ရောင်းချနေတဲ့ ဇီဝထုတ်ကုန်တွေကို ပြသထားမှုအပေါ် နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်အတိုင်း Mass Production ထုတ်လုပ်ဖို့ဆက်စပ်ဌာနတွေ၊ ပြင်ပအဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားဖို့လည်း ရှိပါတယ်။ အဏုမြူ စွမ်းအင်ဦးစီးဌာနကပြကွက်မှာ နျူကလီးယား နည်းပညာနဲ့ ဂမ္မာဓာတ်ရောင်ခြည်ပေးပြီး MSME ထုတ်ကုန်တွေကို အရည်အသွေးနဲ့ တန်ဖိုးမြှင့်တင်ထုတ်လုပ်ပုံတွေကို အဓိကပြသထားပါတယ်။

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရဲ့ အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ငူ)က ကျောင်းသား၊ ကျောင်းသူတွေ သုတေသနပြုဆောင်ရွက်ထားတဲ့ ပရိဘောဂထုတ်ကုန်ပစ္စည်းတွေကိုလည်း ပြသထားရာ MSME လုပ်ငန်းရှင်တွေ နည်းပညာတောင်းခံ လို့ရပါတယ်။

“နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့” ဆိုတဲ့ အမျိုးသားရေး ဆောင်ပုဒ်ကြီးနဲ့အညီ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနနဲ့ နည်းပညာမြှင့်တင်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး EV ပြကွက်မှာ EV သုတေသနနဲ့ EV သင်တန်းဆိုင်ရာ သတင်းအချက်အလက်တွေ၊ EV Workshop တည်ထောင်ဖို့ လိုအပ်တဲ့ပစ္စည်းများနဲ့ ကျွမ်းကျင်ပညာရှင်ဖွဲ့စည်းမှု၊ EV ပြုပြင်ထိန်းသိမ်းရေး လိုအပ်တဲ့ပစ္စည်းကိရိယာတွေ စတာတွေကို စုံလင်အောင်ပြသထားပါတယ်။ လက်ရှိကာလမှာ ပြည်သူတွေ EV သုံးစွဲမှုတွေ တစ်ရှိန်ထိုးမြင့်တက်လာနေပါတယ်။ ဒါကြောင့် နည်းပညာလိုအပ်ချက်တွေကို ဒီပွဲတော်ကြီးမှာ လက်တွေ့ကျကျ ဖြည့်ဆည်းပေးချင်လို့ အခုလိုပြသထားတာဖြစ်ပါတယ်။ EV သုံးစွဲတဲ့ ပြည်သူတွေနဲ့ EV လုပ်ငန်းရှင်တွေအနေနဲ့ နည်းပညာအခက်အခဲ ရှိရင်ပဲဖြစ်ဖြစ်၊ လက်ရှိသင်တန်းတွေအပြင် စိတ်ကြိုက်သင်တန်းပေးဖို့ လိုအပ်ရင်ပဲဖြစ်ဖြစ် လာရောက်တောင်းခံလို့ရပါတယ်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနရဲ့ ပြခန်းမှာ လာရောက်လေ့လာကြည့်ရှုကြတဲ့ ပြည်သူတွေအတွက် One Stop Service ကောင်တာဖွင့်လှစ်ထားရှိပြီး ဝန်ဆောင်မှုပေးလျက်ရှိပြီး ပြကွက်တစ်ခုစီမှာလည်း QR Code တွေထားရှိပေးပြီး အချက်အလက်တွေရယူခြင်း၊ တောင်းခံခြင်းတွေ ဆောင်ရွက်နိုင်ပါတယ်။ Digital Corner မှာလည်း တက္ကသိုလ်နဲ့ ဌာန/စက်မှုလုပ်ငန်းတွေနဲ့ ချိတ်ဆက်မှုအတွက် သီးသန့်ထားရှိပေးထားပါတယ်။

မေး။ ။နည်းပညာတောင်းခံ ဆွေးနွေးမှုအရေအတွက်ကိုလည်း သိရှိပါရစေ။

ဖြေ။ ။ ပြပွဲ စတုတ္ထနေ့ မွန်းလွဲပိုင်းအထိ နည်းပညာတောင်းခံဆွေးနွေးမှုများမှာ - Solar Dryer ၃၈ ဦး၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှာ ငှက်သိုက်တာရှည်ခံနည်းပညာ၊ မှိုကြာရှည်ခံနည်းပညာ၊ ကမ်းဇော်ဆီနည်းပညာ၊ အနံ့ပျောက်သန့်စင် ဆေးရည်နည်းပညာ၊ ချင်းနက်ဒဏ်ကြေလိမ်းဆေးနည်းပညာ၊ အစားအသောက်ဆိုင်ရာနည်းပညာများအပါအဝင် ၁၂ ခု၊ ဇီဝနည်းပညာ သုတေသနဦးစီးဌာနမှာ ဇီဝထုတ်ကုန်ဆိုင်ရာနည်းပညာ ငါးခု၊ အဏုမြူစွမ်းအင်ဦးစီးဌာနတွင် ၂၂ ဦး၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနတွင် EV ဆိုင်ရာ နည်းပညာ/သင်တန်းတောင်းခံသူ ၁၈ ဦး၊ နည်းပညာမြှင့်တင်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနတွင် EV ဆိုင်ရာ နည်းပညာ/သင်တန်းတောင်းခံသူ ၁၆ ဦး၊ Digital Corner မှာ ခုနစ်ဦး စုစုပေါင်း ၁၁၈ ဦးရှိနေပါတယ်။ မနှစ်ကလည်း ဒီလိုပဲတောင်းခံလို့ တချို့ကိုဆောင်ရွက်နိုင်ခဲ့ပြီး တချို့ကိုလည်း ဆောင်ရွက်ဆဲ ဆက်လုပ်နေပါတယ်။

မေး။ ။ ပြည်သူတွေကို ဖြည့်စွက်ပြောကြားလိုတာရှိရင်လည်း ပြောကြားပေးပါ။

ဖြေ။ ။ နိုင်ငံတော်ရဲ့ အမျိုးသားရေးရည်မှန်းချက်တွေ အောင်မြင်ပြည့်မီအောင် MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ နိုင်ငံတော်ရဲ့ ပေါကြွယ်ဝတဲ့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ရင်းမြစ်တွေ၊ စိုက်ပျိုးမွေးမြူရေးရင်းမြစ်တွေကို တန်ဖိုးထားကာ အကျိုးရှိထိရောက်စွာအသုံးချပြီး ပြည်တွင်းပညာရှင်များရဲ့အင်အား အထူးအားဖြင့် သုတေသနဌာနတွေမှာရှိတဲ့ သုတေသီတွေ၊ တက္ကသိုလ်နဲ့ ကျောင်းအသီးသီးမှာရှိတဲ့ ပညာရှင်တွေနဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ သုတေသနစွမ်းရည်အင်အားတွေ အားလုံးဟန်ချက်ညီညီပေါင်းစပ်ပြီး ဆောင်ရွက်လို့ရတယ်ဆိုတာကိုပြခန်းမှာ လက်တွေ့ကျကျ ပြသထားတာပဲဖြစ်ပါတယ်။ အခုနှစ်မှာ ပြည်တွင်းထုတ်ကုန်ပစ္စည်းတွေ တိုးတက်လာသလို ပြည်တွင်းထုတ် ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေ၊ ပြည်တွင်းဒစ်ဂျစ်တယ်နည်းပညာအသုံးချမှုတွေ တိုးတက်လာတာကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့ MSME မူဝါဒက အောင်မြင်ပြီး ခိုင်မာအားကောင်းကာ အရှိန်ရနေပြီလို့ပဲ ပြောကြားနိုင်ပါတယ်။

MSME လုပ်ငန်းတွေကို မိရိုးဖလာထုတ်လုပ်နေမှုမှသည် နိုင်ငံတကာ စျေးကွက်အထိ ထိုးဖောက်နေရာယူနိုင်ဖို့ ဒစ်ဂျစ်တယ်နည်းပညာအပါအဝင် ထွန်းသစ်စနည်းပညာအသုံးချနိုင်မှု၊ စံချိန်စံညွှန်းတွေနဲ့ကိုက်ညီပြီး အရည်အသွေးပြည့်မီသော ထုတ်ကုန်များထုတ်လုပ်နိုင်မှု၊ အရည်အချင်းရှိသောလုပ်သားတွေ၊ ကျွမ်းကျင်ပညာရှင်တွေနဲ့ လုပ်ငန်းလည်ပတ်နိုင်မှု၊ လုပ်ငန်းတွေ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးအတွက် သုတေသနလုပ်ငန်းတွေ ဆောင်ရွက်ဖို့ကလည်းလိုအပ်ကြောင်း ပြောကြားလိုပါတယ်။

ဒေသထွက် စိုက်ပျိုးမွေးမြူရေးကုန်ကြမ်းအခြေပြု ထုတ်ကုန်အမယ်သစ်များ၊ စွန့်ဦးတီထွင် လုပ်ငန်းသစ်တွေ၊ Digital Startups တွေ၊ EV လုပ်ငန်းသစ်တွေနဲ့ သင်တန်းတွေ၊ Solar Dryer နည်းပညာ စတဲ့ နည်းပညာနဲ့ အကြံဉာဏ်တွေ တောင်းခံနိုင်အောင်၊ နည်းပညာဆိုင်ရာ အသိပညာဗဟုသုတတွေရရှိအောင် လာရောက်လေ့လာကြဖို့ လှိုက်လှိုက်လှဲလှဲဖိတ်ခေါ်ပါတယ်။

အေးမင်း၊ ဓာတ်ပုံ-ထိန်နန်နော်

Newspaper

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 12, 2026

Publication Date: 2026

Page: 32 pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

အထူးကျေးဇူးတင်ရှိကြောင်း အသိပေးထုတ်ပြန်ချက်

Ministry of Information / Posted on February 11, 2026

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းလိုက်ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲတစ်ရပ်အဖြစ် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းကြေညာခြင်း

Ministry of Information / Posted on February 11, 2026

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းကြေညာခြင်း

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းနှင့် သတင်းအေဂျင်စီလုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် အသိပေးကြေညာခြင်း

Ministry of Information / Posted on February 11, 2026

၁။ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များအား ၅ နှစ် သက်တမ်းခွင့်ပြုပေးခဲ့ပါသည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023